ကု တင် (၅၀၀) ဆေး ရုံ မီးေ လာင် မှုမှာ အဲ ကွန်းဖွင့် ခဲ့ တဲ့ သူနာပြု ကို အမှု ဖွင့် (အလွဲများနဲ့ မြန်မာပြည်)

ရန် ကုန်၊ ကုတင် (၅၀၀)ဆံ့ အထူးကုဆေးရုံကြီး မီးလောင်မှုနဲ့ပတ်သက်လို့ အဲယားကွန်း ဖွင့်ခဲ့တဲ့ အထက်တန်းသူနာပြုတစ်ယောက်ကို ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ အမှုဖွင့်ခံထားရသူရဲ့ ရှေ့နေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁) ရက်နေ့ ညနေပိုင်းက ကုတင် (၅၀၀)ဆံ့ အထူးကုဆေးရုံကြီး၊ (၆)ထပ်ဆောင်၊ ကျောက်ကပ် ကုသဆောင်၊ မြေညီထပ် ဓါတ်မှန်ခန်းမှာ အဲယားကွန်း အပူလွန်ကဲပြီး ဝါယာလျှော့ဖြစ်ခဲ့တာကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးခဲ့တဲ့အခါမှာ အဲကွန်းဖွင့်လို့ အမှုဖွင့်ခံထားရသူကြောင့်ဖြစ်တယ်လို့ယူဆပြီး လမ်းမတော်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

“မီးလောင်မှုဖြစ်ခဲ့တဲ့ အခန်းက ညနေ (၄)ခွဲလောက်တည်းက ပိတ်ထားတာ၊ ပြီးတော့ သူနာပြုဆရာမလေးကလည်း အိမ်ပြန်သွားပြီ၊ နာရီပိုင်းကြာတော့ အဲ့ဒီပိတ်ထားတဲ့အခန်းထဲက မီးခိုးတွေထွက်လာပြီး

ဖွင့်ကြည့် လိုက်တဲ့အခါမှာ အဲယားကွန်း ဝါယာရှော့ဖြစ်ပြီး မီးလောင်နေတာပေါ့နော်၊ အဲ့ဒီထဲမှာရှိတဲ့ ပစ္စည်းတွေကလည်း Aircon ဖွင့်ထားမှရမယ့်ပစ္စည်းတွေချည်းပဲဆိုတော့ ဖွင့်ထားခဲ့တာပေါ့နော်။

ပြီးတော့ အဲ့ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး အဲ့ဒီအခန်းမှာ ရှိခဲ့တဲ့ သူတွေကို စစ်ဆေးခဲ့တဲ့အခါမှာ အဲ့ဒီသူနာပြုလေးက အဲယားကွန်း ဖွင့်ခဲ့လို့ ဖြစ်တာပါဆိုပြီး အမှုဖွင့်ခံရတာလို့ သူနာပြုမလေး ပြောပြချက်အရ သိရတယ်။” လို့ အဲဒီ သူနာပြုရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။

ဒီနေ့ ဇွန်လ(၂၂) ရက်နေ့မှာလည်း အမှုဖွင့်ခံထားရတဲ့ အထက်တန်းသူနာပြုကို ပုဒ်မ(၂၈၅)နဲ့ လမ်းမတော်မြို့နယ် တရားရုံးမှာ တရားစွဲဆိုဖို့ မြို့နယ်ရဲစခန်းဆင့်ခေါ်ထားပေမယ့် တရားမစွဲဖြစ်ခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ လမ်းမတော်မြို့နယ်၊ ရဲစခန်းမှူးကို သတင်းမီဒီယာတွေက မေးမြန်းတဲ့အခါမှာတော့ ပြန်လည်မဖြေကြားခဲ့ပါဘူး။

မီးလောင်မှုနဲ့ပတ်သက်ပြီး အထက်တန်းသူနာပြု အမျိုးသမီး အမှုဖွင့်ခံထားရတဲ့ ပုဒ်မ(၂၈၅)ဟာ အမြင့်ဆုံးထောင်ဒဏ်(၃) နှစ်ထိချမှတ်နိုင်ပြီး ငွေဒဏ်ပါချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

အဲဒီမီးလောင်မှုကိုတော့ မြန်မာနိုင်ငံမီးသတ်ဦးစီဌာနက level(2) အဆင့်သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီး နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi

ရန္ ကုန္၊ ကုတင္ (၅၀၀)ဆံ့ အထူးကုေဆး႐ုံႀကီး မီးေလာင္မႈနဲ႔ပတ္သက္လို႔ အဲယားကြန္း ဖြင့္ခဲ့တဲ့ အထက္တန္းသူနာျပဳတစ္ေယာက္ကို ေထာင္ဒဏ္ (၃) ႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ပုဒ္မနဲ႔ အမႈဖြင့္ထားတယ္လို႔ အမႈဖြင့္ခံထားရသူရဲ႕ ေရွ႕ေနဆီက သိရပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ(၁) ရက္ေန႔ ညေနပိုင္းက ကုတင္ (၅၀၀)ဆံ့ အထူးကုေဆး႐ုံႀကီး၊ (၆)ထပ္ေဆာင္၊ ေက်ာက္ကပ္ ကုသေဆာင္၊ ေျမညီထပ္ ဓါတ္မွန္ခန္းမွာ အဲယားကြန္း အပူလြန္ကဲၿပီး ဝါယာေလွ်ာ့ျဖစ္ခဲ့တာေၾကာင့္ မီးေလာင္မႈ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီမီးေလာင္မႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးခဲ့တဲ့အခါမွာ အဲကြန္းဖြင့္လို႔ အမႈဖြင့္ခံထားရသူေၾကာင့္ျဖစ္တယ္လို႔ယူဆၿပီး လမ္းမေတာ္ၿမိဳ႕နယ္ရဲစခန္းမွာ အမႈဖြင့္ထားတာပါ။

“မီးေလာင္မႈျဖစ္ခဲ့တဲ့ အခန္းက ညေန (၄)ခြဲေလာက္တည္းက ပိတ္ထားတာ၊ ၿပီးေတာ့ သူနာျပဳဆရာမေလးကလည္း အိမ္ျပန္သြားၿပီ၊ နာရီပိုင္းၾကာေတာ့ အဲ့ဒီပိတ္ထားတဲ့အခန္းထဲက မီးခိုးေတြထြက္လာၿပီး

ဖြင့္ၾကည့္ လိုက္တဲ့အခါမွာ အဲယားကြန္း ဝါယာေရွာ့ျဖစ္ၿပီး မီးေလာင္ေနတာေပါ့ေနာ္၊ အဲ့ဒီထဲမွာရွိတဲ့ ပစၥည္းေတြကလည္း Aircon ဖြင့္ထားမွရမယ့္ပစၥည္းေတြခ်ည္းပဲဆိုေတာ့ ဖြင့္ထားခဲ့တာေပါ့ေနာ္။

ၿပီးေတာ့ အဲ့ဒီမီးေလာင္မႈနဲ႔ ပတ္သက္ၿပီး အဲ့ဒီအခန္းမွာ ရွိခဲ့တဲ့ သူေတြကို စစ္ေဆးခဲ့တဲ့အခါမွာ အဲ့ဒီသူနာျပဳေလးက အဲယားကြန္း ဖြင့္ခဲ့လို႔ ျဖစ္တာပါဆိုၿပီး အမႈဖြင့္ခံရတာလို႔ သူနာျပဳမေလး ေျပာျပခ်က္အရ သိရတယ္။” လို႔ အဲဒီ သူနာျပဳရဲ႕ ေရွ႕ေနျဖစ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးေနလက ေျပာပါတယ္။

ဒီေန႔ ဇြန္လ(၂၂) ရက္ေန႔မွာလည္း အမႈဖြင့္ခံထားရတဲ့ အထက္တန္းသူနာျပဳကို ပုဒ္မ(၂၈၅)နဲ႔ လမ္းမေတာ္ၿမိဳ႕နယ္ တရား႐ုံးမွာ တရားစြဲဆိုဖို႔ ၿမိဳ႕နယ္ရဲစခန္းဆင့္ေခၚထားေပမယ့္ တရားမစြဲျဖစ္ခဲ့ပါဘူး။ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ လမ္းမေတာ္ၿမိဳ႕နယ္၊ ရဲစခန္းမႉးကို သတင္းမီဒီယာေတြက ေမးျမန္းတဲ့အခါမွာေတာ့ ျပန္လည္မေျဖၾကားခဲ့ပါဘူး။

မီးေလာင္မႈနဲ႔ပတ္သက္ၿပီး အထက္တန္းသူနာျပဳ အမ်ိဳးသမီး အမႈဖြင့္ခံထားရတဲ့ ပုဒ္မ(၂၈၅)ဟာ အျမင့္ဆုံးေထာင္ဒဏ္(၃) ႏွစ္ထိခ်မွတ္ႏိုင္ၿပီး ေငြဒဏ္ပါခ်မွတ္ႏိုင္တဲ့ပုဒ္မ ျဖစ္ပါတယ္။

အဲဒီမီးေလာင္မႈကိုေတာ့ ျမန္မာႏိုင္ငံမီးသတ္ဦးစီဌာနက level(2) အဆင့္သတ္မွတ္ျငႇိမ္းသတ္ခဲ့ၿပီး နာရီဝက္အတြင္း ျငႇိမ္းသတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *