မြောက်ကိုရီးယားက တောင်ကိုရီးယားကို အပီအပြင် လက်စားချေတော့မယ်

မြောက်ကိုရီးယားက လက်စားချေမယ်တဲ့။ အဖြစ်က ဒီလို..။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့။ မြောက်ကိုရီးယားပြည်ပြေးတွေ လုပ်နေကျ ထုံးစံအတိုင်း တောင်ကိုရီးယားဘက်ကနေ မြောက်ကိုရီးယားဘက်ကို မီးပုံးပျံတွေလွှတ်ပြီး စာတွေကြဲခဲ့တယ်။

စာအစောင်ပေါင်း ၅၀၀,၀၀၀ ကျော်ပေါ့။ ဖိနှိပ်မှုတွေမခံနဲ့၊ လူ့အခွင့်အရေးဆိုတာ ဘာလဲ၊ ခရစ်ယာန် ဘာသာကိုးကွယ်ကြဖို့.. စသည်ဖြင့်..။ဒီနေ့ပဲ မြောက်ကိုရီးယားဘက်ကလည်း

ဝါဒဖြန့်ချိရေး လက်ကမ်းစာစောင် ၁၂ သိန်းကိုတောင်ကိုရီးယားဘက်ကို မီးပုံးပျံတွေနဲ့ ပြန်ပို့မလို့ စီစဉ်နေပြီလို့ ကြေညာလိုက်တယ်။ သူတို့ဘက်က အဆပေါင်းများစွာ ပြန်ပို့မယ်ပေါ့။ ပြုံယမ်းမြို့ကနေ တောင်ကိုရီးယားနိုင်ငံကို ပူဖောင်း ၃၀၀၀ နဲ့ လက်ကမ်းစာစောင် ၁၂ သိန်းဖြန့်မယ်လို့ဆိုတယ်။

“ခင်ဗျားတို့ တောင်ကိုရီးယားက လွှတ်တင်တဲ့ ဝါဒဖြန့်ချိရေး လက်ကမ်းစာစောင်တွေဟာ ဘယ်လောက် ဒေါသဖြစ်ဖို့ကောင်းတယ်ဆိုတာ သိရအောင် ခင်ဗျားတို့ကို ကလဲ့စားချေမယ်”

တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားပြည်ပြေးတွေက စာကြဲတုန်းက ၁ ဒေါ်လာတန်တွေ၊ သကြားလုံးတွေ၊ အသုံးဝင်မယ့် ပစ္စည်းသေးသေးလေးတွေ နဲ့ လက်ကမ်းစာစောင် ၅၀၀,၀၀၀ မှာ တွဲပြီးပို့တာဖြစ်တယ်။

ပြုံယမ်းမြို့ကနေ တောင်ကိုရီးယားနိုင်ငံကို ပို့မယ့် လက်ကမ်း စာစောင် ၁၂ သိန်းမှာတော့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း ဓာတ်ပုံ နဲ့ အတူ သမ္မတကို လှောင်ပြောင်တဲ့စာတွေ၊ ဆေးလိပ်တိုတွေ၊ အမှိုက်တွေ ထည့်ထားတယ်လို့ ကြေညာလိုက်တယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ရဲ့ ညီမ ကင်မ်ယွန်ဂျောင် (Kim Yo Jong) က “ဒီလို တောင်ကိုရီးယားဘက်က ဆန့်ကျင်ရေးစာရွက်စာတမ်းတွေကို ကျွန်မတို့ဘက်ကို ထပ်မပို့ဖို့ ဥပဒေနဲ့တားရမယ်။ ဒီလိုမှ မလုပ်ရင် စစ်ရေးသဘောတူညီချက်ကို ကျွန်မတို့ ချိုးဖောက်နိုင်တယ်” တဲ့ ဒီနေ့ပဲ ထပ်ပြောလိုက်တယ်။

မကြာခင် သူတို့ဘက်က စာတွေ တောင်ကိုရီးယားဘက်ကို မိုးရွာသလို ကျလာတော့မယ်။ သူတို့ဘက်က မီးပုံးပျံမသုံးပဲ မောင်းသူမဲ့လေယဉ်( ဒရုန်း- drone ) သုံးမယ်ဆိုရင်တော့ လေယဉ်စက်ပစ္စည်းမို့ နိုင်ငံတကာဥပဒေအရ အရေးယူ သင့်တဲ့ ကိစ္စဖြစ်တယ်တဲ့။

Zawgyi

ေျမာက္ကိုရီးယားက လက္စားေခ်မယ္တဲ့။ အျဖစ္က ဒီလို..။ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၁ ရက္ေန႔။ ေျမာက္ကိုရီးယားျပည္ေျပးေတြ လုပ္ေနက် ထုံးစံအတိုင္း ေတာင္ကိုရီးယားဘက္ကေန ေျမာက္ကိုရီးယားဘက္ကို မီးပုံးပ်ံေတြလႊတ္ၿပီး စာေတြႀကဲခဲ့တယ္။

စာအေစာင္ေပါင္း ၅၀၀,၀၀၀ ေက်ာ္ေပါ့။ ဖိႏွိပ္မႈေတြမခံနဲ႔၊ လူ႔အခြင့္အေရးဆိုတာ ဘာလဲ၊ ခရစ္ယာန္ ဘာသာကိုးကြယ္ၾကဖို႔.. စသည္ျဖင့္..။ဒီေန႔ပဲ ေျမာက္ကိုရီးယားဘက္ကလည္း

ဝါဒျဖန႔္ခ်ိေရး လက္ကမ္းစာေစာင္ ၁၂ သိန္းကိုေတာင္ကိုရီးယားဘက္ကို မီးပုံးပ်ံေတြနဲ႔ ျပန္ပို႔မလို႔ စီစဥ္ေနၿပီလို႔ ေၾကညာလိုက္တယ္။ သူတို႔ဘက္က အဆေပါင္းမ်ားစြာ ျပန္ပို႔မယ္ေပါ့။ ၿပဳံယမ္းၿမိဳ႕ကေန ေတာင္ကိုရီးယားႏိုင္ငံကို ပူေဖာင္း ၃၀၀၀ နဲ႔ လက္ကမ္းစာေစာင္ ၁၂ သိန္းျဖန္႔မယ္လို႔ဆိုတယ္။

“ခင္ဗ်ားတို႔ ေတာင္ကိုရီးယားက လႊတ္တင္တဲ့ ဝါဒျဖန႔္ခ်ိေရး လက္ကမ္းစာေစာင္ေတြဟာ ဘယ္ေလာက္ ေဒါသျဖစ္ဖို႔ေကာင္းတယ္ဆိုတာ သိရေအာင္ ခင္ဗ်ားတို႔ကို ကလဲ့စားေခ်မယ္”

ေတာင္ကိုရီးယားဘက္က ေျမာက္ကိုရီးယားျပည္ေျပးေတြက စာႀကဲတုန္းက ၁ ေဒၚလာတန္ေတြ၊ သၾကားလုံးေတြ၊ အသုံးဝင္မယ့္ ပစၥည္းေသးေသးေလးေတြ နဲ႔ လက္ကမ္းစာေစာင္ ၅၀၀,၀၀၀ မွာ တြဲၿပီးပို႔တာျဖစ္တယ္။

ၿပဳံယမ္းၿမိဳ႕ကေန ေတာင္ကိုရီးယားႏိုင္ငံကို ပို႔မယ့္ လက္ကမ္း စာေစာင္ ၁၂ သိန္းမွာေတာ့ ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္း ဓာတ္ပုံ နဲ႔ အတူ သမၼတကို ေလွာင္ေျပာင္တဲ့စာေတြ၊ ေဆးလိပ္တိုေတြ၊ အမႈိက္ေတြ ထည့္ထားတယ္လို႔ ေၾကညာလိုက္တယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ (Kim Jong Un) ရဲ႕ ညီမ ကင္မ္ယြန္ေဂ်ာင္ (Kim Yo Jong) က “ဒီလို ေတာင္ကိုရီးယားဘက္က ဆန႔္က်င္ေရးစာ႐ြက္စာတမ္းေတြကို ကြၽန္မတို႔ဘက္ကို ထပ္မပို႔ဖို႔ ဥပေဒနဲ႔တားရမယ္။ ဒီလိုမွ မလုပ္ရင္ စစ္ေရးသေဘာတူညီခ်က္ကို ကြၽန္မတို႔ ခ်ိဳးေဖာက္ႏိုင္တယ္” တဲ့ ဒီေန႔ပဲ ထပ္ေျပာလိုက္တယ္။

မၾကာခင္ သူတို႔ဘက္က စာေတြ ေတာင္ကိုရီးယားဘက္ကို မိုး႐ြာသလို က်လာေတာ့မယ္။ သူတို႔ဘက္က မီးပုံးပ်ံမသုံးပဲ ေမာင္းသူမဲ့ေလယဥ္( ဒ႐ုန္း- drone ) သုံးမယ္ဆိုရင္ေတာ့ ေလယဥ္စက္ပစၥည္းမို႔ ႏိုင္ငံတကာဥပေဒအရ အေရးယူ သင့္တဲ့ ကိစၥျဖစ္တယ္တဲ့။

Add a Comment

Your email address will not be published. Required fields are marked *