“ကြက်ဝိုင်းကိုဝင်ဖမ်းရာ လူ ၄ ဦး နှင့် ဆိုင်ကယ် ၅၄ စီး ဖမ်းမိ”

ပေါက် ဇွန်လ ၂၀

ပေါက်မြို့နယ်တွင် တာချောက်ရိုးအတွင်း ကြက်တိုက်လောင်းကစား ပြုလုပ်သူ ၄ ဦး နှင့် ဆိုင်ကယ် ၅၄ စီးအား ရဲတပ်ဖွဲ့က လတ်တလော ဖမ်းဆီးရမိ ထားကြောင်း သိရသည်။

ပေါက်မြို့မရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးအောင် ဦးစီးသည့်အဖွဲ့သည် သတင်းအရ ကျားသိုက်ကျေးရွာ (ဒေသအခေါ်) တာချောက်ရိုးအတွင်းသို့ ဝင်ရောက် ရှာဖွေရာမှ ဇွန်လ ၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပေါက်မြို့၊ အောင်တော်မူရပ်ကွက်နေ အောင်ကျော်စိုး၊ တောင်ချိုကျေးရွာနေ တင့်လွင်၊ အောင်ချမ်းသာရပ်ကွက်နေ မင်းဇော်ဦးနှင့် ဆောမြို့နယ်၊ ကျောက်ထုမြို့နေ ပြည့်ဖြိုးအောင် တို့ (၄) ဦးအား ရဲတပ်ဖွဲ့က လက်ရဖမ်းဆီး နိုင်ခဲ့သည်။

ကြက်ဝိုင်းပြုလုပ်ရာမှ တိုက်ကြက်ဖ (၂) ကောင်၊ ဖုန်း (၆) လုံး၊ ဆိုင်ကယ် (၅၄) စီး၊ လောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူ ရောရာတို့နှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး

အောင်ကျော်စိုး ပါ (၄) ဦးအား ပေါက်မြို့မရဲစခန်းမှ ဉပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

Source – မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

Zawgyi

ေပါက္ ဇြန္လ ၂၀

ေပါက္ၿမိဳ႕နယ္တြင္ တာေခ်ာက္႐ိုးအတြင္း ၾကက္တိုက္ေလာင္းကစား ျပဳလုပ္သူ ၄ ဦး ႏွင့္ ဆိုင္ကယ္ ၅၄ စီးအား ရဲတပ္ဖြဲ႕က လတ္တေလာ ဖမ္းဆီးရမိ ထားေၾကာင္း သိရသည္။

ေပါက္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ျပည့္ၿဖိဳးေအာင္ ဦးစီးသည့္အဖြဲ႕သည္ သတင္းအရ က်ားသိုက္ေက်း႐ြာ (ေဒသအေခၚ) တာေခ်ာက္႐ိုးအတြင္းသို႔ ဝင္ေရာက္ ရွာေဖြရာမွ ဇြန္လ ၂၀ ရက္ေန႔တြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။

ေပါက္ၿမိဳ႕၊ ေအာင္ေတာ္မူရပ္ကြက္ေန ေအာင္ေက်ာ္စိုး၊ ေတာင္ခ်ိဳေက်း႐ြာေန တင့္လြင္၊ ေအာင္ခ်မ္းသာရပ္ကြက္ေန မင္းေဇာ္ဦးႏွင့္ ေဆာၿမိဳ႕နယ္၊ ေက်ာက္ထုၿမိဳ႕ေန ျပည့္ၿဖိဳးေအာင္ တို႔ (၄) ဦးအား ရဲတပ္ဖြဲ႕က လက္ရဖမ္းဆီး ႏိုင္ခဲ့သည္။

ၾကက္ဝိုင္းျပဳလုပ္ရာမွ တိုက္ၾကက္ဖ (၂) ေကာင္၊ ဖုန္း (၆) လုံး၊ ဆိုင္ကယ္ (၅၄) စီး၊ ေလာင္းကစားရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ား၊ ေငြစကၠဴ ေရာရာတို႔ႏွင့္အတူ ရွာေဖြေတြ႕ရွိ သိမ္းဆည္းရမိခဲ့ၿပီး

ေအာင္ေက်ာ္စိုး ပါ (၄) ဦးအား ေပါက္ၿမိဳ႕မရဲစခန္းမွ ဉပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဖမ္းဆီးအေရးယူ ေဆာင္႐ြက္ထားေၾကာင္း သိရွိရသည္။

Source – မေကြးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕

Add a Comment

Your email address will not be published. Required fields are marked *