“မာယာျပကၡဒိန္အရ (၂၀၂၀)ခုႏွစ္ဇြန္လဟာ ကမာၻပ်က္မယ့္လဆုိတာ”

မာယာလူမ်ိဳးေတြရဲ႕ အနာဂတ္ေဟာကိန္း ျပကၡဒိန္အရ အခုႏွစ္ (၂၀၂၀)ခုႏွစ္ဟာ ကမာၻပ်က္မယ့္ႏွစ္လုိ႔ ဆုိထားပါတယ္။ ရက္အတိအက်အားျဖင့္ဆုိရင္ မာယာျပကၡဒိန္ကၽြမ္းက်င္သူေတြရဲ႕ တြက္ခ်က္မႈအရ အခုႏွစ္ ဇြန္လ (၂၁)ရက္ ေနၾကတ္မယ့္ေန႔ဟာ ကမာၻပ်က္မယ့္ေန႔ျဖစ္ေၾကာင္း အတိအက် အေျဖထြက္ထားပါတယ္။

ဒါေၾကာင့္ မာယာေတြရဲ႕ ကမာၻပ်က္ေန႕စြဲဟာ တက္တက္စင္ေအာင္ကို လြဲသြားၿပီလုိ႔ ဆုိရမွာပါ။ ကမာၻႀကီးဟာ ဇြန္လ(၂၁)ရက္ေန႔ကို လြန္ေျမာက္လုိ႔ အခု ဇြန္လ(၂၂)ရက္ဆုိတဲ့ မနက္ျဖန္ႀကီးကို ေအာင္ျမင္စြာ ခ်ဥ္းနင္းဝင္ေရာက္လာခဲ့ပါတယ္။

ယခင္ ေဟာကိန္းတုန္းကလည္း (၂၀၁၂)ခုႏွစ္မွာ ကမာၻပ်က္မယ္လုိ႔ ေဟာခဲ့ေပမယ့္ ကမာၻႀကီးဟာ အဲဒီႏွစ္ကုိ ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။

ပထမ ကမာၻပ်က္ေဟာကိန္းမွာ မာယာပညာရွင္ေတြက (၂၀၁၂)ခုႏွစ္ ဒီဇင္ဘာ (၂၁)ရက္လုိ႔ ေကာက္ယူရေသာ္လည္း ဘာမွ ထူးျခားတဲ့ ကမာၻပ်က္ကိန္းမ်ိဳး မႀကဳံခဲ့ရပါ။ သုိ႔ေသာ္ အခုႏွစ္မွာေတာ့ထူးျခားတဲ့ တုိက္ဆုိင္မႈေတြ ရွိေနပါတယ္။

ကမာၻႀကီးဟာ အညႇိဳးအာဃာတေတြနဲ႔ ေဖာင္းပြမႈေတြ ပိုမ်ားလာပါတယ္။ ေဒါသတရားေတြနဲ႔ ႏုိင္လုိမင္းထက္ျပဳမႈေတြဟာ ပုိအားေကာင္းလာပါတယ္။

လစ္ျဗားနဲ႔ အီဂ်စ္တုိ႔ရဲ႕ ႏုိင္ငံေရးတင္းမာမႈဟာ အထြတ္အထိပ္ကို ေရာက္လာခဲ့ၿပီျဖစ္ၿပီး၊ အီဂ်စ္သမၼတ Abdel Fattah al-Sisi က စစ္ျပင္ဖုိ႔ အမိန္႔ေပးလုိက္ပါၿပီ။ တ႐ုတ္-အိႏၵိယကလည္း အခုပဲ ထၿပီးတုိက္ေတာ့မေယာင္

နယ္စပ္အသီးသီးမွာ စစ္အင္အားေတြ ျဖည့္တင္းၿပီး၊ စစ္ေရးအရ ၿခိမ္းေျခာက္ေနပါတယ္။ ပါကစၥတန္ကလည္း အထိအခုိက္မခံတဲ့ နယ္စပ္ျပႆနာေတြကို အိႏၵိယအတြက္ ဖန္တီးေပးၿပီး၊ စစ္ဦးအစ စိန္ေခၚမႈေတြ ျပေနပါတယ္။

တ႐ုတ္ဟာ ကမာၻ႕စူပါပါဝါကို ကန္လက္ကေန လႊဲေျပာင္းရယူႏုိင္ေရး၊ ကန္ ျပည္တြင္းပဋိပကၡေတြနဲ႔ တုိင္ပတ္ေနခ်ိန္မွာ တစ္ျခားႏုိင္ငံေတြကိုလည္း အမွည့္ေျခြစနစ္နဲ႔ တုိက္ခုိက္ေနပါတယ္။

ပင္လယ္ရပ္ျခားႏုိင္ငံေတြကုိ ဆုိက္ဘာနည္းနဲ႔ စီးပြားေရးကိုလုိနီ နယ္ခ်ယ့္နည္းနဲ႔ စိန္ေခၚမႈေတြ ျပဳလုပ္ေနၿပီး၊ ေတာင္တ႐ုတ္ပင္လယ္နဲ႔ ဆက္စပ္ဧရိယာေတြျဖစ္တဲ့ ဂ်ပန္၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒုိနီးရွားတုိ႔ရဲ႕ ေရပုိင္နက္ေတြကိုပါ တၿပိဳင္တည္း ၿခိမ္းေျခာက္ေနခဲ့တာပါ။

ေတာင္နဲ႔ေျမာက္ကိုရီးယားကလည္း အခုဆုိရင္ ၿငိမ္းခ်မ္းေရး ၿပိဳကြဲသြားပါၿပီ။ ေျမာက္ကုိရီးယားက ႏွစ္ႏုိင္ငံဆက္ဆံေရး႐ုံးကုိ ၿဖိဳခ်လုိက္တာပါ။ ေနာက္ၿပီး ေတာင္ကိုးရီယားဘက္က တစ္ခုခု သည္းမခံႏုိင္တာ လုပ္တာနဲ႔ စစ္ေရးအရ

တုိက္ခုိက္အေရးယူမယ္လုိ႔လည္း ၿခိမ္းေျခာက္လုိက္ပါတယ္။ ေတာင္ကုိရီးယားဘက္ကလည္း ေျမာက္တုိ႔ရဲ႕ နယ္စပ္စည္းအနီးကို စစ္တပ္ေတြနဲ႔ တုိက္ေလယာဥ္ေတြ ပို႔ထားၿပီးပါၿပီ။

လက္ရွိၿခိမ္းေျခာက္ေနတဲ့ အညိႇဳးအာဃာတေတြက ကမာၻႀကီးအတြက္ အခုလမဟုတ္ေတာင္ ယခုႏွစ္မွာ သက္ေရာက္မႈေတြ ရွိမလာဘူးလုိ႔ မေျပာႏုိင္ပါဘူး။NASA ရဲ႕ ကမာၻပ်က္ေဟာကိန္းကေတာ့ လူရယ္စရာ ျဖစ္ခဲ့ပါတယ္။

သူတုိ႔တစ္ေတြ အတိအက် တြက္ခ်က္ၿပီး ကမာၻကို နီဘီ႐ူၿဂိဳဟ္ႀကီးက (၂၀၀၃)ခုနွစ္ ဇြန္လမွာ ကမာၻကို တုိက္႐ုိက္ထိမွန္မယ္လုိ႔ ဆုိပါတယ္။ ထိမွန္ခဲ့ရင္ ကမာၻမွာ အသက္ရွင္တဲ့လူ နည္းနည္းပါးပါးပဲ ရွိမယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ သိတဲ့အတိုင္း သူရဲ႕ေဟာကိန္းလည္း တက္တက္စင္ ေအာင္လြဲခဲ့ပါတယ္။ တျခား ေရွ႕ျဖစ္ေဟာ ဆရာေတြရဲ႕ ေဟာကိန္းေတြကလည္း တက္တက္စင္ေအာင္ လြဲေနေသးတာဟာ ကမာၻအတြက္ေတာ့ အေတာ္ေလးကို အားရစရာပါ။

အခု မာယာေဟာကိန္းကလည္း လြဲေနဆဲပါဘဲ။ တခ်ိဳ႕သူေတြက လြန္ေလၿပီးေသာ ေရွ႕ျဖစ္ေဟာဆရာေတြက ဘယ္လုိ ေဟာခဲ့တာဆုိၿပီး တကယ္မဟုတ္တဲ့ ေဟာကိန္းေတြကို ဖြၾကတာမ်ိဳဳး ရွိပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ အခုအခ်ိန္ထိ ကမာၻႀကီး သက္ရွည္က်န္းမာေနတာ ဝမ္းသာစရာပဲ ျဖစ္ပါတယ္။

Unicode

မာယာလူမျိုးတွေရဲ့ အနာဂတ်ဟောကိန်း ပြက္ခဒိန်အရ အခုနှစ် (၂၀၂၀)ခုနှစ်ဟာ ကမ္ဘာပျက်မယ့်နှစ်လို့ ဆိုထားပါတယ်။ ရက်အတိအကျအားဖြင့်ဆိုရင် မာယာပြက္ခဒိန်ကျွမ်းကျင်သူတွေရဲ့ တွက်ချက်မှုအရ အခုနှစ် ဇွန်လ (၂၁)ရက် နေကြတ်မယ့်နေ့ဟာ ကမ္ဘာပျက်မယ့်နေ့ဖြစ်ကြောင်း အတိအကျ အဖြေထွက်ထားပါတယ်။

ဒါကြောင့် မာယာတွေရဲ့ ကမ္ဘာပျက်နေ့စွဲဟာ တက်တက်စင်အောင်ကို လွဲသွားပြီလို့ ဆိုရမှာပါ။ ကမ္ဘာကြီးဟာ ဇွန်လ(၂၁)ရက်နေ့ကို လွန်မြောက်လို့ အခု ဇွန်လ(၂၂)ရက်ဆိုတဲ့ မနက်ဖြန်ကြီးကို အောင်မြင်စွာ ချဉ်းနင်းဝင်ရောက်လာခဲ့ပါတယ်။

ယခင် ဟောကိန်းတုန်းကလည်း (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်လို့ ဟောခဲ့ပေမယ့် ကမ္ဘာကြီးဟာ အဲဒီနှစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ပထမ ကမ္ဘာပျက်ဟောကိန်းမှာ မာယာပညာရှင်တွေက (၂၀၁၂)ခုနှစ် ဒီဇင်ဘာ (၂၁)ရက်လို့ ကောက်ယူရသော်လည်း ဘာမှ ထူးခြားတဲ့ ကမ္ဘာပျက်ကိန်းမျိုး မကြုံခဲ့ရပါ။ သို့သော် အခုနှစ်မှာတော့ထူးခြားတဲ့ တိုက်ဆိုင်မှုတွေ ရှိနေပါတယ်။

ကမ္ဘာကြီးဟာ အညှိုးအာဃာတတွေနဲ့ ဖောင်းပွမှုတွေ ပိုများလာပါတယ်။ ဒေါသတရားတွေနဲ့ နိုင်လိုမင်းထက်ပြုမှုတွေဟာ ပိုအားကောင်းလာပါတယ်။

လစ်ဗြားနဲ့ အီဂျစ်တို့ရဲ့ နိုင်ငံရေးတင်းမာမှုဟာ အထွတ်အထိပ်ကို ရောက်လာခဲ့ပြီဖြစ်ပြီး၊ အီဂျစ်သမ္မတ Abdel Fattah al-Sisi က စစ်ပြင်ဖို့ အမိန့်ပေးလိုက်ပါပြီ။ တရုတ်-အိန္ဒိယကလည်း အခုပဲ ထပြီးတိုက်တော့မယောင်

နယ်စပ်အသီးသီးမှာ စစ်အင်အားတွေ ဖြည့်တင်းပြီး၊ စစ်ရေးအရ ခြိမ်းခြောက်နေပါတယ်။ ပါကစ္စတန်ကလည်း အထိအခိုက်မခံတဲ့ နယ်စပ်ပြဿနာတွေကို အိန္ဒိယအတွက် ဖန်တီးပေးပြီး၊ စစ်ဦးအစ စိန်ခေါ်မှုတွေ ပြနေပါတယ်။

တရုတ်ဟာ ကမ္ဘာ့စူပါပါဝါကို ကန်လက်ကနေ လွှဲပြောင်းရယူနိုင်ရေး၊ ကန် ပြည်တွင်းပဋိပက္ခတွေနဲ့ တိုင်ပတ်နေချိန်မှာ တစ်ခြားနိုင်ငံတွေကိုလည်း အမှည့်ခြွေစနစ်နဲ့ တိုက်ခိုက်နေပါတယ်။

ပင်လယ်ရပ်ခြားနိုင်ငံတွေကို ဆိုက်ဘာနည်းနဲ့ စီးပွားရေးကိုလိုနီ နယ်ချယ့်နည်းနဲ့ စိန်ခေါ်မှုတွေ ပြုလုပ်နေပြီး၊ တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်ဧရိယာတွေဖြစ်တဲ့ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ရဲ့ ရေပိုင်နက်တွေကိုပါ တပြိုင်တည်း ခြိမ်းခြောက်နေခဲ့တာပါ။

တောင်နဲ့မြောက်ကိုရီးယားကလည်း အခုဆိုရင် ငြိမ်းချမ်းရေး ပြိုကွဲသွားပါပြီ။ မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖြိုချလိုက်တာပါ။ နောက်ပြီး တောင်ကိုးရီယားဘက်က တစ်ခုခု သည်းမခံနိုင်တာ လုပ်တာနဲ့ စစ်ရေးအရ

တိုက်ခိုက်အရေးယူမယ်လို့လည်း ခြိမ်းခြောက်လိုက်ပါတယ်။ တောင်ကိုရီးယားဘက်ကလည်း မြောက်တို့ရဲ့ နယ်စပ်စည်းအနီးကို စစ်တပ်တွေနဲ့ တိုက်လေယာဉ်တွေ ပို့ထားပြီးပါပြီ။

လက်ရှိခြိမ်းခြောက်နေတဲ့ အညှိုးအာဃာတတွေက ကမ္ဘာကြီးအတွက် အခုလမဟုတ်တောင် ယခုနှစ်မှာ သက်ရောက်မှုတွေ ရှိမလာဘူးလို့ မပြောနိုင်ပါဘူး။NASA ရဲ့ ကမ္ဘာပျက်ဟောကိန်းကတော့ လူရယ်စရာ ဖြစ်ခဲ့ပါတယ်။

သူတို့တစ်တွေ အတိအကျ တွက်ချက်ပြီး ကမ္ဘာကို နီဘီရူဂြိုဟ်ကြီးက (၂၀၀၃)ခုနှစ် ဇွန်လမှာ ကမ္ဘာကို တိုက်ရိုက်ထိမှန်မယ်လို့ ဆိုပါတယ်။ ထိမှန်ခဲ့ရင် ကမ္ဘာမှာ အသက်ရှင်တဲ့လူ နည်းနည်းပါးပါးပဲ ရှိမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သိတဲ့အတိုင်း သူရဲ့ဟောကိန်းလည်း တက်တက်စင် အောင်လွဲခဲ့ပါတယ်။ တခြား ရှေ့ဖြစ်ဟော ဆရာတွေရဲ့ ဟောကိန်းတွေကလည်း တက်တက်စင်အောင် လွဲနေသေးတာဟာ ကမ္ဘာအတွက်တော့ အတော်လေးကို အားရစရာပါ။

အခု မာယာဟောကိန်းကလည်း လွဲနေဆဲပါဘဲ။ တချို့သူတွေက လွန်လေပြီးသော ရှေ့ဖြစ်ဟောဆရာတွေက ဘယ်လို ဟောခဲ့တာဆိုပြီး တကယ်မဟုတ်တဲ့ ဟောကိန်းတွေကို ဖွကြတာမျိုုး ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်ထိ ကမ္ဘာကြီး သက်ရှည်ကျန်းမာနေတာ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *