ဂ်ပန္၊ ဗီယက္နမ္နဲ႔ အင္ဒုိနီးရွားေရပုိင္နက္ေတြကို ေျဗာင္က်က် ၿခိမ္းေျခာက္လာျပန္တဲ့ တ႐ုတ္

ၿပီးခဲ့တဲ့အပတ္ကပဲ ဗီယက္နမ္ႏုိင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္မႈမွာ တ႐ုတ္ေရတပ္မွ သေဘၤာႏွစ္စီးက ေတာင္တ႐ုတ္ပင္လယ္မွာ ဗီယက္နမ္ငါးဖမ္းသေဘၤာတစ္စီးကို အေၾကာင္းမဲ့ ဝုိင္းဝန္းတုိက္ခိုက္ခဲ့ၿပီး၊ ေရထဲကို နစ္ျမႇဳပ္ခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ဘက္က ထုတ္ျပန္မႈမွာေတာ့ အဲဒီတံငါသေဘၤာဟာ မိမိတုိ႔ ေရပုိင္နက္ထဲကို ေရာက္လာလုိ႔ဆုိၿပီး အေၾကာင္းျပပါတယ္။အခင္းျဖစ္ရာ ေနရာကေတာ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းက Paracel ကၽြန္းစုေတြအနီးမွာ ျဖစ္ပါတယ္။

အဆုိပါ ကၽြန္းစုေတြဟာ မိမိတုိ႔ပုိင္နက္ျဖစ္ေၾကာင္း တ႐ုတ္က ေၾကညာထားၿပီး၊ ဗီယက္နမ္ကလည္း ဗီယက္နမ္ကေတာ့ Da Nang နယ္ေျမထဲမွာ ပါတဲ့ကၽြန္းဆုေတြ ျဖစ္တယ္လို႔ ဆုိပါတယ္။ Paracel ကၽြန္းစုေတြဟာ သႏၱာေက်ာက္တန္းကၽြန္းစုေတြ ျဖစ္ၿပီး ကၽြန္းစုေပါင္း (၁၃၀)ေက်ာ္ ရွိပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း တ႐ုတ္က အခုလုိပဲ ငါးဖမ္းသေဘၤာကို တစ္စီးကို နစ္ျမႇုဳပ္ခဲ့တာေၾကာင့္ ဗီယက္နမ္ေရတပ္နဲ႔ စစ္ေရးတင္းမာမႈေတြ ရွိခဲ့ၿပီး ထုိစဥ္တုန္းကတည္းက ၿဗိတိန္နဲ႔အေမရိကန္ စစ္သေဘၤာေတြဟာ ဗီယက္နမ္နဲ႔ ဂ်ပန္ေရပိုင္နက္အတြင္းမွာ အသင့္ေစာင့္ေနခဲ့ေပမယ့္ တ႐ုတ္ဘက္က လက္ေရွာင္သြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ ဇြန္လ(၁၈)ရက္က ဂ်ပန္ရဲ႕သတင္းထုတ္ျပန္မႈမွာ အေရွ႕တ႐ုတ္ပင္လယ္အတြင္းက ဆန္ကာကူကၽြန္းအနီးမွာ တ႐ုတ္ေရတပ္သေဘၤာေတြ လာေရာက္ဆုိက္ကပ္ထားေၾကာင္း ဆုိပါတယ္။

ဆန္ကာကူနဲ႔ နီးစပ္ရာကၽြန္းေတြဟာ ဂ်ပန္ရဲ႕ေရပုိင္နက္အတြင္းမွာ တည္ရွိၿပီး၊ တ႐ုတ္က ရန္စတဲ့သေဘာနဲ႔ ေျဗာင္က်က် ၿခိမ္းေျခာက္ခဲ့တာလုိ႔ ဂ်ပန္က စြပ္စြဲခဲ့ပါတယ္။

ဒါတင္မကေသးဘဲ တ႐ုတ္ေရတပ္သေဘၤာေတြဟာ အင္ဒုိနီးရွား ေရပုိင္နက္ကိုလည္း အခ်က္က်က် ထပ္မံၿခိမ္းေျခာက္လာခဲ့ၿပီး၊ သတင္းတစ္ရပ္မွာေတာ့ တ႐ုတ္က ကမာၻ႕စူပါပါဝါႏုိင္ငံအျဖစ္

အေမရိကန္ကို ေက်ာ္တက္ႏုိင္ေစဖုိ႔ အခုအခ်ိန္ အင္တုိက္အားတုိက္ ႀကိဳးစားေနတယ္လုိ႔ ဆုိပါတယ္။ တ႐ုတ္ဟာ စီးပြားေရးအရ ႏုိင္ငံေတာ္ေတာ္မ်ားအေပၚမွာ ၾသဇာသက္ေရာက္လွ်က္ရွိၿပီး၊ အေမရိကန္-ဥေရာပနဲ႔ အဆင္ေျပတဲ့ႏုိင္ငံေတြကို လက္တေလာ ဗ်ဴဟာက်က် တုိက္စစ္ဆင္ေနတာလုိ႔ ယူဆရပါတယ္။

Ref ; TimesOfIndia

Unicode

ပြီးခဲ့တဲ့အပတ်ကပဲ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်မှုမှာ တရုတ်ရေတပ်မှ သင်္ဘောနှစ်စီးက တောင်တရုတ်ပင်လယ်မှာ ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စီးကို အကြောင်းမဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး၊ ရေထဲကို နစ်မြှုပ်ခဲ့ကြောင်း သိရပါတယ်။

တရုတ်ဘက်က ထုတ်ပြန်မှုမှာတော့ အဲဒီတံငါသင်္ဘောဟာ မိမိတို့ ရေပိုင်နက်ထဲကို ရောက်လာလို့ဆိုပြီး အကြောင်းပြပါတယ်။အခင်းဖြစ်ရာ နေရာကတော့ တောင်တရုတ်ပင်လယ်အတွင်းက Paracel ကျွန်းစုတွေအနီးမှာ ဖြစ်ပါတယ်။

အဆိုပါ ကျွန်းစုတွေဟာ မိမိတို့ပိုင်နက်ဖြစ်ကြောင်း တရုတ်က ကြေညာထားပြီး၊ ဗီယက်နမ်ကလည်း ဗီယက်နမ်ကတော့ Da Nang နယ်မြေထဲမှာ ပါတဲ့ကျွန်းဆုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Paracel ကျွန်းစုတွေဟာ သန္တာကျောက်တန်းကျွန်းစုတွေ ဖြစ်ပြီး ကျွန်းစုပေါင်း (၁၃၀)ကျော် ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တရုတ်က အခုလိုပဲ ငါးဖမ်းသင်္ဘောကို တစ်စီးကို နစ်မြှုုပ်ခဲ့တာကြောင့် ဗီယက်နမ်ရေတပ်နဲ့ စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပြီး ထိုစဉ်တုန်းကတည်းက ဗြိတိန်နဲ့အမေရိကန် စစ်သင်္ဘောတွေဟာ ဗီယက်နမ်နဲ့ ဂျပန်ရေပိုင်နက်အတွင်းမှာ အသင့်စောင့်နေခဲ့ပေမယ့် တရုတ်ဘက်က လက်ရှောင်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဇွန်လ(၁၈)ရက်က ဂျပန်ရဲ့သတင်းထုတ်ပြန်မှုမှာ အရှေ့တရုတ်ပင်လယ်အတွင်းက ဆန်ကာကူကျွန်းအနီးမှာ တရုတ်ရေတပ်သင်္ဘောတွေ လာရောက်ဆိုက်ကပ်ထားကြောင်း ဆိုပါတယ်။

ဆန်ကာကူနဲ့ နီးစပ်ရာကျွန်းတွေဟာ ဂျပန်ရဲ့ရေပိုင်နက်အတွင်းမှာ တည်ရှိပြီး၊ တရုတ်က ရန်စတဲ့သဘောနဲ့ ဗြောင်ကျကျ ခြိမ်းခြောက်ခဲ့တာလို့ ဂျပန်က စွပ်စွဲခဲ့ပါတယ်။

ဒါတင်မကသေးဘဲ တရုတ်ရေတပ်သင်္ဘောတွေဟာ အင်ဒိုနီးရှား ရေပိုင်နက်ကိုလည်း အချက်ကျကျ ထပ်မံခြိမ်းခြောက်လာခဲ့ပြီး၊ သတင်းတစ်ရပ်မှာတော့ တရုတ်က ကမ္ဘာ့စူပါပါဝါနိုင်ငံအဖြစ်

အမေရိကန်ကို ကျော်တက်နိုင်စေဖို့ အခုအချိန် အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ တရုတ်ဟာ စီးပွားရေးအရ နိုင်ငံတော်တော်များအပေါ်မှာ သြဇာသက်ရောက်လျှက်ရှိပြီး၊ အမေရိကန်-ဥရောပနဲ့ အဆင်ပြေတဲ့နိုင်ငံတွေကို လက်တလော ဗျူဟာကျကျ တိုက်စစ်ဆင်နေတာလို့ ယူဆရပါတယ်။

Ref ; TimesOfIndia

Add a Comment

Your email address will not be published. Required fields are marked *