ကမာၻ႕စူပါပါဝါကို ပိုင္ဆုိင္ဖုိ႔၊ တ႐ုတ္က တစ္ႏုိင္ငံခ်င္း အမွည့္ေျခြေနၿပီဟု ဒုဗုိလ္ခ်ဳပ္ႀကီး သတိေပး

အိႏၵိယႏုိင္ငံရဲ႕ စစ္ဘက္ဆုိင္ရာမွာ ဒုတိယဗုိလ္ခ်ဳပ္ႀကီးရာထူးအထိ ရယူတာဝန္ထမ္းေဆာင္ခဲ့တဲ့ RK Sawhney က ကမာၻ႕ႏုိင္ငံေတြအေနနဲ႔ တ႐ုတ္ကို သတိထားဖုိ႔ လုိေနၿပီလုိ႔ သတိေပးခဲ့ပါတယ္။

RK Sawhney ဟာ (၁၉၆၂)ခုႏွစ္က Sino-India စစ္ပြဲ သုိ႔မဟုတ္ အင္ဒုိခ်ိဳင္းနားစစ္ပြဲမွာ အေရးပါတဲ့ စစ္ေရးဆုိင္ရာ ညႊန္ၾကားမႈေတြ ျပဳလုပ္ခဲ့ရတဲ့ ဗုိလ္ခ်ဳပ္ႀကီးတစ္ဦး ျဖစ္ပါတယ္။

သူဟာ လက္ရွိအခ်ိန္မွာ ျပည္တြင္းျပည္ပ စစ္ဘက္ေရးရာအပုိင္း သုံးသပ္သူအျဖစ္ ေဆာင္ရြက္ေနပါတယ္။ ဒုဗုိလ္ခ်ဳပ္ႀကီး(ၿငိမ္း) RK Sawhney က တ႐ုတ္အေနနဲ႔ ကမာၻ႕စူပါပါဝါကို ခ်ဲ႕ထြင္ဖုိ႔အတြက္

တစ္ႏုိင္ငံခ်င္းကို အမွဲ႕ေခၽြတဲ့စနစ္ က်င့္သုံးေနၿပီလုိ႕ သူက ဆုိပါတယ္။ RK Sawhney က ” သမၼတရွီက်င္းဖ်င္ လက္ထက္မွာ ပုိၿပီး ျပႆနာေတြကို ဖန္တီးလာတာ အေၾကာင္းရွိပါတယ္ “လုိ႔ ဆုိပါတယ္။

တ႐ုတ္ဟာ ဒီမတိုင္ခင္က ကမာၻ႕စစ္ေရးတင္းမာမႈမွာ တစ္နည္းနည္းနဲ႔ ပတ္သက္ခဲ့ၾကတဲ့ ႐ုရွားနဲ႔-အေမရိကန္တုိ႔ရဲ႕ ယခင္က ႀကိဳးကုိင္ခ်ယ္လွယ္မႈေတြကို တတ္ေျမာက္ကၽြမ္းက်င္သြားၿပီ ျဖစ္ၿပီး၊

ဒီအတြက္ လုိအပ္ပါက ေျဗာင္က်က် စစ္ပြဲေတြလည္း ဆင္ႏႊဲဖုိ႔ ဆုံးျဖတ္ထားၿပီ ျဖစ္သလုိ၊ မၾကာမီမွာ ကမာၻ႕ၾသဇာကို ကိုင္လႈပ္ႏုိင္ပါက အခု အေမရိကန္လုပ္ေနတဲ့ စီးပြားေရး ပိတ္ဆုိ႔တဲ့လမ္းစဥ္မ်ိဳးေတြကိုပါ ခါးပုိက္ထဲ ထည့္ႏုိင္ေတာ့မွာလုိ႔ RK Sawhney က ေျပာပါတယ္။

RK Sawhney က တ႐ုတ္-အိႏၵိယဆက္ဆံေရးဟာ (၂၀၁၃)ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ဘက္က မဟာဗ်ဴဟာက်က်က အႏုိင္က်င့္ ႏွိပ္စက္လာခဲ့တာလုိ႔ ေျပာပါတယ္။ သူက “တ႐ုတ္က ကမာၻ႕စူပါပါဝါကို လက္ထဲယူခ်င္ေတာ့ ရန္လုိမုန္းတီးစိတ္အျပည့္နဲ႔

က်ေနာ္တုိ႔ကို ဆက္ဆံေနပါတယ္ … ကမာၻ႕စူပါပါဝါကို ရဖုိ႔အတြက္ သူတုိ႔အေနနဲ႔ အရင္ဆုံး ျဖစ္ထားရမွာက ေဒသဆုိင္ရာ အင္အားႀကီးႏုိင္ငံတစ္ခု ျဖစ္ဖုိ႔ပါ … ဒါေၾကာင့္ တစ္ႏုိင္ငံခ်င္း အမွည့္ေျခြေနတာ “လုိ႔ ေျပာခဲ့ပါတယ္။

RK Sawhney က ” ေတာင္တ႐ုတ္ပင္လယ္ကုိပဲ ၾကည့္ေပါ့ … ထုိင္ဝမ္၊ ဗီယက္နမ္၊ ဖိလစ္ပုိင္တုိ႔ဟာ တ႐ုတ္ရန္ကို အသည္းအသန္ ကာကြယ္ေတာင့္ခံေနရတယ္ … တ႐ုတ္ဟာ သူတုိ႔ရဲ႕ ပင္မကုန္းေျမနဲ႔ မုိင္(၂၅၀၀)ေဝးတဲ့ Natuna ကၽြန္းစု(အင္ဒုိနီးရွားပိုင္ကၽြန္းစု)ကိုေတာင္

သူတုိ႔ပိုင္ဆုိင္တာဆုိၿပီး ေျဗာင္က်က် ေၾကညာလုိက္ၿပီ … ကၽြန္ေတာ္တုိ႔ ကိုယ့္ႏုိင္ငံပုိင္နက္ကုိ ကာကြယ္ရေတာ့မယ့္ အခ်ိန္ပါ … “လုိ႔ သတိေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အိႏၵိယဝန္ႀကီးခ်ဳပ္မုိဒီက တ႐ုတ္နဲ႔ ႏွစ္ႏုိင္ငံဆက္ဆံေရးကို ျပန္လည္စဥ္းစားေနၿပီလုိ႔ နီးစပ္တဲ့သတင္းအသုိင္းအဝုိင္းက ဆုိခဲ့ပါတယ္။

အထူးသျဖင့္ တ႐ုတ္နည္းပညာလုပ္ငန္းေတြနဲ႔ ဆက္ဆံေရးအပိုင္းရယ္၊ အေရးပါတဲ့ စီးပြားေရးဆုိင္ရာ ႏွစ္ႏုိင္ငံဆက္ဆံေရးကို ျပန္လည္သုံးသပ္ေနၿပီး၊ တ႐ုတ္ရဲ႕ စီးပြားေရးေထာင္ေျခာက္ထဲ လုံးလုံးလ်ားလ်ား မဝင္ခ်ိန္မွာ ေနာက္ျပန္ဆုတ္ဖြယ္ ရွိေနပါတယ္။

unicode

အိန္ဒိယနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာမှာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးအထိ ရယူတာဝန်ထမ်းဆောင်ခဲ့တဲ့ RK Sawhney က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ တရုတ်ကို သတိထားဖို့ လိုနေပြီလို့ သတိပေးခဲ့ပါတယ်။

RK Sawhney ဟာ (၁၉၆၂)ခုနှစ်က Sino-India စစ်ပွဲ သို့မဟုတ် အင်ဒိုချိုင်းနားစစ်ပွဲမှာ အရေးပါတဲ့ စစ်ရေးဆိုင်ရာ ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်မှာ ပြည်တွင်းပြည်ပ စစ်ဘက်ရေးရာအပိုင်း သုံးသပ်သူအဖြစ် ဆောင်ရွက်နေပါတယ်။ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) RK Sawhney က တရုတ်အနေနဲ့ ကမ္ဘာ့စူပါပါဝါကို ချဲ့ထွင်ဖို့အတွက်

တစ်နိုင်ငံချင်းကို အမှဲ့ချွေတဲ့စနစ် ကျင့်သုံးနေပြီလို့ သူက ဆိုပါတယ်။ RK Sawhney က ” သမ္မတရှီကျင်းဖျင် လက်ထက်မှာ ပိုပြီး ပြဿနာတွေကို ဖန်တီးလာတာ အကြောင်းရှိပါတယ် “လို့ ဆိုပါတယ်။

တရုတ်ဟာ ဒီမတိုင်ခင်က ကမ္ဘာ့စစ်ရေးတင်းမာမှုမှာ တစ်နည်းနည်းနဲ့ ပတ်သက်ခဲ့ကြတဲ့ ရုရှားနဲ့-အမေရိကန်တို့ရဲ့ ယခင်က ကြိုးကိုင်ချယ်လှယ်မှုတွေကို တတ်မြောက်ကျွမ်းကျင်သွားပြီ ဖြစ်ပြီး၊

ဒီအတွက် လိုအပ်ပါက ဗြောင်ကျကျ စစ်ပွဲတွေလည်း ဆင်နွှဲဖို့ ဆုံးဖြတ်ထားပြီ ဖြစ်သလို၊ မကြာမီမှာ ကမ္ဘာ့သြဇာကို ကိုင်လှုပ်နိုင်ပါက အခု အမေရိကန်လုပ်နေတဲ့ စီးပွားရေး ပိတ်ဆို့တဲ့လမ်းစဉ်မျိုးတွေကိုပါ ခါးပိုက်ထဲ ထည့်နိုင်တော့မှာလို့ RK Sawhney က ပြောပါတယ်။

RK Sawhney က တရုတ်-အိန္ဒိယဆက်ဆံရေးဟာ (၂၀၁၃)ခုနှစ်နောက်ပိုင်း တရုတ်ဘက်က မဟာဗျူဟာကျကျက အနိုင်ကျင့် နှိပ်စက်လာခဲ့တာလို့ ပြောပါတယ်။ သူက “တရုတ်က ကမ္ဘာ့စူပါပါဝါကို လက်ထဲယူချင်တော့ ရန်လိုမုန်းတီးစိတ်အပြည့်နဲ့

ကျနော်တို့ကို ဆက်ဆံနေပါတယ် … ကမ္ဘာ့စူပါပါဝါကို ရဖို့အတွက် သူတို့အနေနဲ့ အရင်ဆုံး ဖြစ်ထားရမှာက ဒေသဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်ဖို့ပါ … ဒါကြောင့် တစ်နိုင်ငံချင်း အမှည့်ခြွေနေတာ “လို့ ပြောခဲ့ပါတယ်။

RK Sawhney က ” တောင်တရုတ်ပင်လယ်ကိုပဲ ကြည့်ပေါ့ … ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ဟာ တရုတ်ရန်ကို အသည်းအသန် ကာကွယ်တောင့်ခံနေရတယ် … တရုတ်ဟာ သူတို့ရဲ့ ပင်မကုန်းမြေနဲ့ မိုင်(၂၅၀၀)ဝေးတဲ့ Natuna ကျွန်းစု(အင်ဒိုနီးရှားပိုင်ကျွန်းစု)ကိုတောင်

သူတို့ပိုင်ဆိုင်တာဆိုပြီး ဗြောင်ကျကျ ကြေညာလိုက်ပြီ … ကျွန်တော်တို့ ကိုယ့်နိုင်ငံပိုင်နက်ကို ကာကွယ်ရတော့မယ့် အချိန်ပါ … “လို့ သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီက တရုတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်စဉ်းစားနေပြီလို့ နီးစပ်တဲ့သတင်းအသိုင်းအဝိုင်းက ဆိုခဲ့ပါတယ်။

အထူးသဖြင့် တရုတ်နည်းပညာလုပ်ငန်းတွေနဲ့ ဆက်ဆံရေးအပိုင်းရယ်၊ အရေးပါတဲ့ စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်နေပြီး၊ တရုတ်ရဲ့ စီးပွားရေးထောင်ခြောက်ထဲ လုံးလုံးလျားလျား မဝင်ချိန်မှာ နောက်ပြန်ဆုတ်ဖွယ် ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *