ဖြူဖြူထွေးကို ရုပ်ရှင်အစည်းအရုံးရဲ့ ရင်ထိုးပေးတယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီးဝေဖန်နေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ ဥက္ကဌ ဦးညီညီထွန်းလွင် . . .

ဖြူဖြူထွေးကို ရုပ်ရှင်အစည်းအရုံးရဲ့ ရင်ထိုးပေးတယ်ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီးဝေဖန်နေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ ဥက္ကဌ ဦးညီညီထွန်းလွင်ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကိုယ်ပိုင်ဟန်ပန်လေးနဲ့ ကြိုးစားလာခဲ့သူလေးကတော့ဖြူဖြူထွေးပဲဖြစ်ပါတယ်။

ချစ် စရာကောင်းတဲ့ အပြုံးလေးနဲ့ ဖမ်းစားနိုင်ပြီး လူကြီးမိဘကိုသိတတ်ရုံသာမက အလှူအတန်းတွေလည်း မပြတ်လုပ်ကိုင်နေတာကြောင့် ပရိတ်သတ်ရဲ့ ချီးကျူးအားပေးမှုကို ရရှိထားသူလေးပါ။

သူမရဲ့ ရိုးသားတဲ့ဟန်ပန်လေးနဲ့ ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်း နေထိုင်တတ်တာလေးတွေကြောင့် အခုဆိုရင်အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေပါပြီ။

မကြာသေးခင်ကမြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးကနေလိုက်အလှူခံတဲ့ အစီ အစဉ်တစ်ခုမှာ သရုပ်ဆောင်ခန့်စည်သူအပါအဝင် အခြားသောအနုပညာရှင်တွေနဲ့ အတူဖြူဖြူထွေးလည်းပါဝင်ခဲ့ပါတယ် ။

ထိုအစီအစဉ်မှာဖြူဖြူထွေးကို မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ရင်ထိုးပေး အပ်လိုက်တဲ့အပေါ်မှာပရိသတ်တချို့က အမြင်စောင်းပြီး ဝေဖန်မှုတွေရှိနေကြပါတယ်။

ဒါနဲ့ ပက်သက်လို့ဒါရိုက်တာဟောင်းတစ်ဦးလည်းဖြစ် ၊လက်ရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဌလည်းဖြစ်တဲ့ ဦးညီညီထွန်းလွင်က ”အဲ့နေ့က ဖြူဖြူထွေးကို အကူညီတောင်းလိုက်တာ။

သူက public figure အားလည်းကောင်းတယ်လေ။ ဒီအချိန်ကြီးမှာ တော်ရုံတန်ရုံမင်းသမီးလိုက်အလှူခံခိုင်းဖို့လည်းမလွယ်ပါဘူး။ သူကလည်း ကလေးဆိုတော့ ခေါ်လာလိုက်တာ။

အစည်းအရုံး ကိုယ်စားပြုသွားအလှူခံတာဖြစ်တဲ့အတွက် သူ့ကို ရင်ထိုးထိုးခိုင်းရတာပေါ့။အဲ့ဒါကိုသူ့ကိုရင်ထိုး ထုတ်ပေးလိုက်ပါတယ်ဆိုပြီး ဖွတာ။ အာချောင်တာ။ ဖွတဲ့ကောင်ကလည်းမူးနေတာနေမှာပေါ့။

ဘာပဲဖြစ်ဖြစ် အစည်းအရုံးကနေ သွားပြီးအလှူခံတာဆိုတော့ အနုပညာရှင် ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့။ရင်ထိုးလေးတွေပေးတာ။ဒါကြီးကိုအပြီးပိုင်ပေး လိုက်တာလည်းမဟုတ်ပါဘူး ” လို့ သူကဆိုပါတယ်။

ဒါ့အပြင် ဖြူဖြူထွေးအပေါ် သူ့ရဲ့အမြင်ကိုလည်း ညီညီထွန်းလွင်က အခုလိုပြောပြလာပါတယ်။ ”ဘာပဲပြောပြော ဖြူဖြူထွေးက ချစ်စရာကောင်းတယ်လေ က လေးပဲဥစ္စာ။

ပရဟိတစိတ်လည်းရှိတယ်လေ။ဒီအချိန်ကြီးလာကူညီပေးပါဆို ကူညီပေးတာပဲ။ဘာပဲပြောပြော သူကတော်ပါတယ်။ကြော်ငြာတွေ ဘာတွေရိုက်တယ်ဆိုရင် အရင်ဆုံးဒါရိုက်တာ ငှားရတယ်။

ပြီးမှ မင်းသားမင်းသမီး ငှားရတယ်။ ဖြူဖြူထွေးနဲ့ ရိုက်မယ်ဆိုရင်ဘာမှကိုမလိုဘူး။သူ့ဟာသူဒါရိုက်တာလုပ် ၊ ကြော်ငြာဇာတ်ညွှန်းသူ့ဟာသူရေး ။ သူတက်လာတဲ့လမ်းကြောင်းကလည်းသူ့စိတ်ကူးနဲ့သူလေ။

ဒါမျိုးကမလွယ်ဘူးနော်။အခုနာ မည်ကြီးနေတဲ့ မင်းသား ၊မင်းသမီးတွေကို သူ့တို့သူတို့အိုင်ဒီယာနဲ့ ကိုယ်တိုင်ဒါရိုက်တာ လုပ်ခိုင်းရင်တောင် လူတိုင်းမလုပ်နိုင်ပါဘူး။

မလွယ်ပါဘူး။ သူကတော်တယ်။ကြိုးလည်းကြိုးစားပါတယ် ”လို့ ပြောပြသွားပါတယ်။

Zawgyi

ျဖဴျဖဴေထြးကို ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ရင္ထိုးေပးတယ္ဆိုတဲ့ ကိစၥနဲ႔ ပက္သက္ၿပီးေဝဖန္ေနၾကတဲ့အေပၚ ျပန္လည္ေျဖရွင္းလိုက္တဲ့ ဥကၠဌ ဦးညီညီထြန္းလြင္ဆိုရွယ္မီဒီယာကေနတစ္ဆင့္ ကိုယ္ပိုင္ဟန္ပန္ေလးနဲ႔ ႀကိဳးစားလာခဲ့သူေလးကေတာ့ျဖဴျဖဴေထြးပဲျဖစ္ပါတယ္။

ခ်စ္ စရာေကာင္းတဲ့ အၿပဳံးေလးနဲ႔ ဖမ္းစားႏိုင္ၿပီး လူႀကီးမိဘကိုသိတတ္႐ုံသာမက အလႉအတန္းေတြလည္း မျပတ္လုပ္ကိုင္ေနတာေၾကာင့္ ပရိတ္သတ္ရဲ႕ ခ်ီးက်ဴးအားေပးမႈကို ရရွိထားသူေလးပါ။

သူမရဲ႕ ႐ိုးသားတဲ့ဟန္ပန္ေလးနဲ႔ ဟန္ေဆာင္မႈမရွိ ပြင့္ပြင့္လင္းလင္း ေနထိုင္တတ္တာေလးေတြေၾကာင့္ အခုဆိုရင္ေအာင္ျမင္တဲ့ လမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနပါၿပီ။

မၾကာေသးခင္ကျမန္မာႏိုင္ငံ႐ုပ္ရွင္အ စည္းအ႐ုံးကေနလိုက္အလႉခံတဲ့ အစီ အစဥ္တစ္ခုမွာ သ႐ုပ္ေဆာင္ခန႔္စည္သူအပါအဝင္ အျခားေသာအႏုပညာရွင္ေတြနဲ႔ အတူျဖဴျဖဴေထြးလည္းပါဝင္ခဲ့ပါတယ္ ။

ထိုအစီအစဥ္မွာျဖဴျဖဴေထြးကို ျမန္မာ ႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ရင္ထိုးေပး အပ္လိုက္တဲ့အေပၚမွာပရိသတ္တခ်ိဳ႕က အျမင္ေစာင္းၿပီး ေဝဖန္မႈေတြရွိေနၾကပါတယ္။

ဒါနဲ႔ ပက္သက္လို႔ဒါ႐ိုက္တာေဟာင္းတစ္ဦးလည္းျဖစ္ ၊လက္ရွိျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ဥကၠဌလည္းျဖစ္တဲ့ ဦးညီညီထြန္းလြင္က ”အဲ့ေန႔က ျဖဴျဖဴေထြးကို အကူညီေတာင္းလိုက္တာ။

သူက public figure အားလည္းေကာင္းတယ္ေလ။ ဒီအခ်ိန္ႀကီးမွာ ေတာ္႐ုံတန္႐ုံမင္းသမီးလိုက္အလႉခံခိုင္းဖို႔လည္းမလြယ္ပါဘူး။ သူကလည္း ကေလးဆိုေတာ့ ေခၚလာလိုက္တာ။

အစည္းအ႐ုံး ကိုယ္စားျပဳသြားအလႉခံတာျဖစ္တဲ့အတြက္ သူ႔ကို ရင္ထိုးထိုးခိုင္းရတာေပါ့။အဲ့ဒါကိုသူ႔ကိုရင္ထိုး ထုတ္ေပးလိုက္ပါတယ္ဆိုၿပီး ဖြတာ။ အာေခ်ာင္တာ။ ဖြတဲ့ေကာင္ကလည္းမူးေနတာေနမွာေပါ့။

ဘာပဲျဖစ္ျဖစ္ အစည္းအ႐ုံးကေန သြားၿပီးအလႉခံတာဆိုေတာ့ အႏုပညာရွင္ ဟုတ္ဟုတ္မဟုတ္ဟုတ္ေပါ့။ရင္ထိုးေလးေတြေပးတာ။ဒါႀကီးကိုအၿပီးပိုင္ေပး လိုက္တာလည္းမဟုတ္ပါဘူး ” လို႔ သူကဆိုပါတယ္။

ဒါ့အျပင္ ျဖဴျဖဴေထြးအေပၚ သူ႔ရဲ႕အျမင္ကိုလည္း ညီညီထြန္းလြင္က အခုလိုေျပာျပလာပါတယ္။ ”ဘာပဲေျပာေျပာ ျဖဴျဖဴေထြးက ခ်စ္စရာေကာင္းတယ္ေလ က ေလးပဲဥစၥာ။

ပရဟိတစိတ္လည္းရွိတယ္ေလ။ဒီအခ်ိန္ႀကီးလာကူညီေပးပါဆို ကူညီေပးတာပဲ။ဘာပဲေျပာေျပာ သူကေတာ္ပါတယ္။ေၾကာ္ျငာေတြ ဘာေတြ႐ိုက္တယ္ဆိုရင္ အရင္ဆုံးဒါ႐ိုက္တာ ငွားရတယ္။

ၿပီးမွ မင္းသားမင္းသမီး ငွားရတယ္။ ျဖဴျဖဴေထြးနဲ႔ ႐ိုက္မယ္ဆိုရင္ဘာမွကိုမလိုဘူး။သူ႔ဟာသူဒါ႐ိုက္တာလုပ္ ၊ ေၾကာ္ျငာဇာတ္ၫႊန္းသူ႔ဟာသူေရး ။ သူတက္လာတဲ့လမ္းေၾကာင္းကလည္းသူ႔စိတ္ကူးနဲ႔သူေလ။

ဒါမ်ိဳးကမလြယ္ဘူးေနာ္။အခုနာ မည္ႀကီးေနတဲ့ မင္းသား ၊မင္းသမီးေတြကို သူ႔တို႔သူတို႔အိုင္ဒီယာနဲ႔ ကိုယ္တိုင္ဒါ႐ိုက္တာ လုပ္ခိုင္းရင္ေတာင္ လူတိုင္းမလုပ္ႏိုင္ပါဘူး။

မလြယ္ပါဘူး။ သူကေတာ္တယ္။ႀကိဳးလည္းႀကိဳးစားပါတယ္ ”လို႔ ေျပာျပသြားပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *