ဆိုင္ကယ် မောင်းသူတြေ အေရွ့ဖက် အောက္မီးကို နေ့ရော ညေရာဖြင့်ပြီး မောင်းရမယ္တဲ့ . . .

ဆိုင်ကယ် ကားမောင်းနှင်သူ ယာဉ်မောင်းတိုင်း သိထားရမယ့် ဥပဒေအသစ်ပါ …ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပါတယ် …

ဆိုင်ကယ် ၊ ကား ယာဉ်ပိုင်ရှင်များ ယာဉ်မောင်းနှင်သူများအားလုံး သိထားသင့်တဲ့ဥပဒေမို့ သာမန်အရပ်သားနားလည်ဗဟုသုတရအောင် အဓိကအချက်များ ပြောပြပေးသွားပါမယ် …

ပုဒ်မ-(၂၉)(က) မော်တော်ယာဉ်ကို ပြင်ဆင်ပြောင်းလဲလိုရင် မှတ်ပုံတင်အရာရှိကို ကြိုတင်ခွင့်ပြုချက်လျှောက်ထားရမယ် …

ပုဒ်မ-(၂၉)(ခ) မော်တော်ယာဉ် ပြင်ဆင်ပြောင်းလဲခွင့်ကို ပုဒ်မ-(၃၁)(က)(ခ) ပြဌာန်းချက်ကလွဲပြီး ကောက်ခံတဲ့ဒဏ်ကြေးပေးဆောင်မှ ပြောင်းလဲခွင့်ရှိမယ် …

ပုဒ်မ-(၃၆) လိုင်စင်ထုတ်ပေးသူအရာရှိက တည်ဆဲဥပဒေအရ ယာဉ်မတော်တဆမှုဆိုင်ရာ မှတ်တမ်းရှိသူ ပြစ်မှုမှတ်တမ်းဟောင်းရှိသူအပြင် သူ့ရဲ့ယာဉ်မောင်းနှင်မှုဟာအများပြည်သူအန္တရာယ်ဖြစ်စေနိုင်တာတွေဖြစ်နိုင်တယ်ဆိုရင် ယာဉ်မောင်းလိုင်စင်ကို ကာလသတ်မှတ်ပြီး ယာယီရပ်ဆိုင်းခြင်း / ဖျက်သိမ်းခြင်းပြုလုပ်နိုင်တယ် …

အခန်း(၈)အရ မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ငန်းလိုင်စင်လျှောက်ထားနိုင်တယ် …

ပုဒ်မ-(၆၁) တစ်စုံတစ်ယောက်ပြုလုပ်မှုကြောင့် မော်တော်ယာဉ်နဲ့ပတ်သက်ပြီး ပြုလုပ်မှု/ပျက်ကွက်မှုဖြစ်ခဲ့လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈/၃၀၄(က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အဲ့ဒီပြုလုပ်မှုကြောင့် ပစ္စည်းတစ်ခုခုနစ်နာဆုံးရှုံးရင် တရားရုံးက –

ပုဒ်မ-(၆၁)(က) အစိုးရပိုင်ပစ္စည်းမဟုတ်ပဲ ပုဂ္ဂလိကပိုင်ပစ္စည်းတစ်ခုခုနစ်နာဆုံးရှုံးတဲ့အခါ နှစ်ဖက်ညှိနှိုင်းလို့မရရင် ပျက်စီးတဲ့ပစ္စည်းကို ပြုပြင်ဖို့(သို့)အစားထိုးဖို့ လုံလောက်တဲ့လျော်ကြေးငွေပေးစေဖို့ အမိန့်ချနိုင်တယ် …

ပုဒ်မ-(၆၁)(ခ) အစိုးရပိုင်ပစ္စည်းဆိုရင်လည်း ပြုပြင်ဖို့(သို့)အစားထိုးဖို့ လုံလောက်တဲ့လျော်ကြေးပေးဖို့ အမိန့်ချနိုင်တယ် …ပုဒ်မ-(၆၂) အပေါ်ကလို တရားရုံးက လျော်ကြေးငွေသတ်မှတ်အမိန့်ချတာကို မကျေနပ်ရင်လည်း နစ်နာသူက တရားနစ်နာကြေးတရားစွဲဆိုခွင့်ရှိတယ် …

ယာဉ်မောင်းသူများ မသိမဖြစ်သိရမယ့်စည်းကမ်းများဖြစ်တဲ့ အောက်ပုံပါ ပုဒ်မ-(၇၅)မှစပြီး (၈၅)(ဃ)အထိ ဖတ်ထားသင့်ပါတယ် …ထူးခြားချက်က

ပုဒ်မ-(၇၆)(ခ)အရ မော်တော်ဆိုင်ကယ်မောင်းနှင်သူများဟာ ဆိုင်ကယ်အရှေ့အောက်မီး အနိမ့်ကို နေ့ရော ညပါ ဖွင့်လှစ်မောင်းနှင်ရပါမယ် …

ပြစ်ဒဏ်များကို ပုဒ်မ-(၈၆)မှ (၉၇)အထိဖတ်ရှုရန်ဖြစ်ပါသည် …ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာပါ …

Zawgyi













Add a Comment

Your email address will not be published. Required fields are marked *