မကြာမီ ကြီးပွား ချမ်းသာချင်ရင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ

ဘုရားရှိခို းဖြစ်ရဲ့လား။ သောက်တော်ရေရော နေ့စဉ် ကပ်ဖြစ်ရဲ့လား။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့နေ့စဉ် လုပ်ရင် …ကုသိုလ်ကို စွဲသွာ းတာလို့ ခေါ်တယ်။

မကြာခင် ကြီးပွါးတော့ မယ့် လက္ခဏာပဲ။ သေချ ာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့ လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့ လူရယ်လို့ လူနှစ်မျိုး ရှိတယ်။

လူတစ်ယောက်ဟာ အကုသိုလ် ဘက်မှာ စွဲသွားပြီ ဆိုရင် အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။ တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်စားမှု ကို စွဲသွားတဲ့ သူတွေ၊ မကောင်းတဲ့ေ နရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေ ကိုလေ။

အဲ့သလို လူမျိုးတွေ ဟာ မကြာခင် မွဲသွား တတ်တယ်။ ငါတို့ ဒေသအခေါ် ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ ကွာ။

ကုသိုလ်ဘက်မှာ စွဲသွားတဲ့ လူတွေကြတော့ မကြာမတင်မှာပဲ ချမ်းသာ လာတတ် တယ်ကွ။

နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင် စိတ်သာ ချပေတော့ကွ၊ မကြာခင် ကြီးပွါး ချမ်းသာတော့ မယ်။ ဘာကြောင့်လဲဆိုတော့ ကုသိုလ် ကိုစွဲသွားလို့ပဲ။ စွဲသွားတဲ့ အခါ ကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။ အဲ့ဒါမျိုးကို အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊ #အာစိဏ္ဏကံ ကုသိုလ် ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလိုတယ်။ အချိန်မှန်မှန် ပြုတယ် ဆိုရင် #ပဋ္ဌာန်းလို အာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ် အခါခါ ပြုတာ မျိုးကို ပြောတာပဲ)

ဓားသွေး သလိုပေါ့ကွာ။ အချိန်မှန်မှန်၊ အထပ်ထပ် အခါခါ သွေးဖန် များတော့၊ ဓားဟာ ထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှု ဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ် အဖန်ဖန် ပြုဖန် များတော့ ထက်မြက်လာတော့တာ ပဲကွ။

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံ ကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည် အထိ ကြိုးစားပြီးတော့ လုပ်ကွာ။ မကြာခင် #ကြီးပွားချမ်းသာလာ ပါလိမ့်မယ်။

Zawgyi

ဘုရားရွိခို းျဖစ္ရဲ႕လား။ ေသာက္ေတာ္ေရေရာ ေန႔စဥ္ ကပ္ျဖစ္ရဲ႕လား။ ဘုရားပန္းလည္း အပတ္စဥ္လႉျဖစ္ရဲ႕လား။ အဲ့လို႔ေန႔စဥ္ လုပ္ရင္ …ကုသိုလ္ကို စြဲသြာ းတာလို႔ ေခၚတယ္။

မၾကာခင္ ႀကီးပြါးေတာ့ မယ့္ လကၡဏာပဲ။ ေသခ် ာမွတ္ထား၊ ေလာကမွာ အကုသိုလ္ကို စြဲသြားတဲ့ လူရယ္၊ ကုသိုလ္ကို စြဲသြားတဲ့ လူရယ္လို႔ လူႏွစ္မ်ိဳး ရွိတယ္။

လူတစ္ေယာက္ဟာ အကုသိုလ္ ဘက္မွာ စြဲသြားၿပီ ဆိုရင္ အဲဒီလူဟာ မၾကာခင္ မြဲသြားတတ္ေတာ့တာပဲ။ ေတြ႕ဖူးတယ္မလား၊ အရက္ေသစာေသာက္စားမႈ ကို စြဲသြားတဲ့ သူေတြ၊ မေကာင္းတဲ့ေ နရာေတြမွာ စြဲလမ္းသြားတဲ့ သူေတြ ကိုေလ။

အဲ့သလို လူမ်ိဳးေတြ ဟာ မၾကာခင္ မြဲသြား တတ္တယ္။ ငါတို႔ ေဒသအေခၚ က်ေတာ့ အဲ့ဒါမ်ိဳးကို ကင္းပြန္းသင့္တယ္လို႔ ေခၚတာေပါ့ ကြာ။

ကုသိုလ္ဘက္မွာ စြဲသြားတဲ့ လူေတြၾကေတာ့ မၾကာမတင္မွာပဲ ခ်မ္းသာ လာတတ္ တယ္ကြ။

ေန႔စဥ္ ျပဳေနက် ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတာေလာက္မွ မလုပ္ရရင္ တစ္ခုခုလိုေနသလို ေတြ႕လာၿပီ ဆိုရင္ အဲဒါမ်ိဳးကို ကုသိုလ္ကို စြဲသြားတာလို႔ေခၚတယ္။

အဲ့သလို ျဖစ္လာၿပီဆိုရင္ စိတ္သာ ခ်ေပေတာ့ကြ၊ မၾကာခင္ ႀကီးပြါး ခ်မ္းသာေတာ့ မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုသိုလ္ ကိုစြဲသြားလို႔ပဲ။ စြဲသြားတဲ့ အခါ က်ေတာ့ ကုသိုလ္ေကာင္းမႈဆိုတာ ေန႔စဥ္ျပဳျဖစ္လာေတာ့တာပဲ။ အဲ့ဒါမ်ိဳးကို အာစိဏၰကံ ကုသိုလ္လို႔ ေခၚတယ္။

ေသခ်ာမွတ္ထားေနာ္၊ #အာစိဏၰကံ ကုသိုလ္ ဆိုတာ ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ ဆိုသလို အခ်ိန္မွန္မွန္ျပဳတဲ့ ကုသိုလ္မ်ိဳးကို ဆိုလိုတယ္။ အခ်ိန္မွန္မွန္ ျပဳတယ္ ဆိုရင္ #ပ႒ာန္းလို အာေသဝနပစၥည္း တပ္ေတာ့တာပဲကြ။ (အာေသဝနဆိုတာ အထပ္ထပ္ အခါခါ ျပဳတာ မ်ိဳးကို ေျပာတာပဲ)

ဓားေသြး သလိုေပါ့ကြာ။ အခ်ိန္မွန္မွန္၊ အထပ္ထပ္ အခါခါ ေသြးဖန္ မ်ားေတာ့၊ ဓားဟာ ထက္လာရသလိုပဲ၊ ကုသိုလ္ေကာင္းမႈ ဆိုတာလည္း အခ်ိန္မွန္မွန္ အထပ္ထပ္ အဖန္ဖန္ ျပဳဖန္ မ်ားေတာ့ ထက္ျမက္လာေတာ့တာ ပဲကြ။

အလုပ္ကိုလည္း ႀကိဳးစားၿပီး လုပ္သလို၊ ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတဲ့ အေျခခံ ကုသိုလ္အလုပ္ေတြကိုလည္း စြဲသြားသည္ အထိ ႀကိဳးစားၿပီးေတာ့ လုပ္ကြာ။ မၾကာခင္ #ႀကီးပြားခ်မ္းသာလာ ပါလိမ့္မယ္။

Add a Comment

Your email address will not be published. Required fields are marked *