လည်ပင်းအကြိတ် ကင်ဆာရောဂါ ဖြစ်ပေါ်နေကြောင်း ဖော်ပြနေတဲ့ လက္ခာဏာရပ်များ

လည်ပင်းအကြိတ်ရောဂါဟာ ကင်ဆာရောဂါတစ်မျိုးဆိုပေမယ့် လူတွေအနေနဲ့ သေနိုင်လောက်တဲ့အထိတော့ မပြင်းထန်ပါဘူး။ ခုခေတ်မှာ ခေတ်မှီဆေးဝါးတွေနဲ့၊ ကုသနည်းအသစ်တွေလည်း ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လို့ လည်ပင်းအကြိတ်က တဖြည်းဖြည်း ကြီးထွားလာတာတွေ ရှိလာနိုင်တဲ့အတွက် မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ လည်ပင်းအကြိတ်ရောဂါခံစားနေရပြီဆိုရင် ဖြစ်ပေါ်လာမယ့် လက္ခာဏာရပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Lymph nodes ရောင်ရမ်းခြင်း

ဒီရောဂါက ခန္ဓာကိုယ်မှာရှိတဲ့ lymph nodes ကနေတစ်ဆင့် ဖြစ်ပေါ်ရတာဖြစ်ပြီး ဒီ lymph nodes က ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်။ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံတွေမှာ ရောင်ရမ်းတာတွေ ဖြစ်ပေါ်လာတတ်ပေမယ့် နာကျင်ခြင်းတော့ မရှိပါဘူး။

ဒါက သွေးဖြူဆဲလ်ကြောင့်ဖြစ်ပေါ်စေတာဖြစ်ပြီးတော့ အချိန်ကြာလာတဲ့အခါမှာတော့ lymph nodes ထဲမှာ ရောဂါဆဲလ်တွေများပြားလာပြီးတော့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတာပါ။

အလွန်အမင်း ယားယံခြင်း

လည်ပင်းအကြိတ်ကင်ဆာရောဂါရဲ့ နောက်ထပ်လက္ခဏာတစ်ခုက ခန္ဓာကိုယ်နေရာအနှံ ယားယံခြင်းတွေ ဖြစ်ပေါ်စေတတ်ပြီးတော့ တစ်ခါတစ်လေမှ ဖြစ်တတ်တာဖြစ်ပါတယ်။

ဒါက ကင်ဆာရောဂါကို တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ရောဂါခုခံစနစ်က တွန်းလှန်တဲ့အတွက် ဒီလိုယားယံခြင်းမျိုး ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ လက်၊ ခြေထောက်၊ ခြေဖဝါးနဲ့ တစ်ခြားသော ခန္ဓာကိုယ်တစ်ခုလုံးမှာ ယားယံတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ဖျားပြီး ညဘက်မှာ ချွေးထွက်တတ်တာ

တစ်ပြိုင်တည်းကို ဒီလက္ခဏာရပ်နှစ်ခုက ဖြစ်ပေါ်စေတာဖြစ်ပြီး ဒါဟာ lymphoma ကြောင့်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေပြီးတော့ ဘယ်လိုအဖျားမျိုးကိုမဆို ပြန်တုံံ့ပြန်စေပြီးတော့ ဒီလိုဖြစ်နေစဉ်အတွင်းမှာ ချွေးထွက်ခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ခက်ခဲမှု

အသက်ရှုလမ်းကြောင်းဆိုင်ရာ စနစ်က လည်ပင်းအကြိတ်ရောဂါနဲ့ ဆက်စပ်နေပြီးတော့ အအေးမိတာ၊ ဖျားတာနဲ့ တစ်ခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေ ဖြစ်လာတတ်ပါတယ်။

ဒါက အသက်ရှုလမ်းကြောင်း၊ အဆုတ်နဲ့ သွေးလွှတ်ကြောတွေကို ဖိအားဖြစ်စေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါတွေက လည်ပင်းအကြိတ်ဖြစ်ပေါ်တဲ့အခါမှာ ရောဂါလက္ခဏာတွေ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Zawgyi

လည္ပင္းအႀကိတ္ေရာဂါဟာ ကင္ဆာေရာဂါတစ္မ်ိဳးဆိုေပမယ့္ လူေတြအေနနဲ႔ ေသႏိုင္ေလာက္တဲ့အထိေတာ့ မျပင္းထန္ပါဘူး။ ခုေခတ္မွာ ေခတ္မွီေဆးဝါးေတြနဲ႔၊ ကုသနည္းအသစ္ေတြလည္း ရွိေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လို႔ လည္ပင္းအႀကိတ္က တျဖည္းျဖည္း ႀကီးထြားလာတာေတြ ရွိလာႏိုင္တဲ့အတြက္ မေပါ့ဆသင့္တဲ့ ေရာဂါတစ္ခုပဲ ျဖစ္ပါတယ္။ တကယ္လို႔ လည္ပင္းအႀကိတ္ေရာဂါခံစားေနရၿပီဆိုရင္ ျဖစ္ေပၚလာမယ့္ လကၡာဏာရပ္ေတြကို ေဝမွ်ေပးလိုက္ပါတယ္။

Lymph nodes ေရာင္ရမ္းျခင္း

ဒီေရာဂါက ခႏၶာကိုယ္မွာရွိတဲ့ lymph nodes ကေနတစ္ဆင့္ ျဖစ္ေပၚရတာျဖစ္ၿပီး ဒီ lymph nodes က ခႏၶာကိုယ္တစ္ခုလုံးကို အက်ိဳးသက္ေရာက္ေစပါတယ္။ လည္ပင္း၊ ခ်ိဳင္းနဲ႔ ေပါင္ၿခံေတြမွာ ေရာင္ရမ္းတာေတြ ျဖစ္ေပၚလာတတ္ေပမယ့္ နာက်င္ျခင္းေတာ့ မရွိပါဘူး။

ဒါက ေသြးျဖဴဆဲလ္ေၾကာင့္ျဖစ္ေပၚေစတာျဖစ္ၿပီးေတာ့ အခ်ိန္ၾကာလာတဲ့အခါမွာေတာ့ lymph nodes ထဲမွာ ေရာဂါဆဲလ္ေတြမ်ားျပားလာၿပီးေတာ့ ေရာင္ရမ္းျခင္းကို ျဖစ္ေပၚေစတာပါ။

အလြန္အမင္း ယားယံျခင္း

လည္ပင္းအႀကိတ္ကင္ဆာေရာဂါရဲ႕ ေနာက္ထပ္လကၡဏာတစ္ခုက ခႏၶာကိုယ္ေနရာအႏွံ ယားယံျခင္းေတြ ျဖစ္ေပၚေစတတ္ၿပီးေတာ့ တစ္ခါတစ္ေလမွ ျဖစ္တတ္တာျဖစ္ပါတယ္။

ဒါက ကင္ဆာေရာဂါကို တိုက္ထုတ္ဖို႔အတြက္ ခႏၶာကိုယ္ရဲ႕ ေရာဂါခုခံစနစ္က တြန္းလွန္တဲ့အတြက္ ဒီလိုယားယံျခင္းမ်ိဳး ျဖစ္ေပၚတာ ျဖစ္ပါတယ္။ လက္၊ ေျခေထာက္၊ ေျခဖဝါးနဲ႔ တစ္ျခားေသာ ခႏၶာကိုယ္တစ္ခုလုံးမွာ ယားယံတာေတြ ျဖစ္ေပၚလာတတ္ပါတယ္။

ဖ်ားၿပီး ညဘက္မွာ ေခြၽးထြက္တတ္တာ

တစ္ၿပိဳင္တည္းကို ဒီလကၡဏာရပ္ႏွစ္ခုက ျဖစ္ေပၚေစတာျဖစ္ၿပီး ဒါဟာ lymphoma ေၾကာင့္ပဲ ျဖစ္ပါတယ္။ ခႏၶာကိုယ္ကေနၿပီးေတာ့ ဘယ္လိုအဖ်ားမ်ိဳးကိုမဆို ျပန္တုံံ့ျပန္ေစၿပီးေတာ့ ဒီလိုျဖစ္ေနစဥ္အတြင္းမွာ ေခြၽးထြက္ျခင္းကိုပါ ျဖစ္ေပၚေစပါတယ္။

အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ခက္ခဲမႈ

အသက္ရႈလမ္းေၾကာင္းဆိုင္ရာ စနစ္က လည္ပင္းအႀကိတ္ေရာဂါနဲ႔ ဆက္စပ္ေနၿပီးေတာ့ အေအးမိတာ၊ ဖ်ားတာနဲ႔ တစ္ျခား အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပသနာေတြ ျဖစ္လာတတ္ပါတယ္။

ဒါက အသက္ရႈလမ္းေၾကာင္း၊ အဆုတ္နဲ႔ ေသြးလႊတ္ေၾကာေတြကို ဖိအားျဖစ္ေစတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒါေတြက လည္ပင္းအႀကိတ္ျဖစ္ေပၚတဲ့အခါမွာ ေရာဂါလကၡဏာေတြ ေဖာ္ျပေနတာပဲ ျဖစ္ပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *