“ကမာၻတဝန္း ကိုဗစ္ ကာကြယ္ေဆး ထုတ္ေန တဲ့ အဖြဲ႕အစည္း (၄) ခုရဲ႕ ေနာက္ဆုံး အေျခအေန”

ေလာေလာဆယ္ ကိုဗစ္ ကာကြယ္ေဆးထုတ္တဲ့ေနရာမွာ ေရွ႕တန္းေရာက္ေနတဲ့ အဖြဲ႕အစည္း (၄) ခုရွိပါတယ္။

၁။ Moderna

ဗိုင္းရပ္စ္ အေကာင္လိုက္သုံးစရာမလိုဘဲ messenger RNA ကိုပဲ အသုံးျပဳၿပီး ဗိုင္းရပ္စ္ ဝင္ေရာက္လာသလို ပုံစံမ်ိဳးျဖစ္ေအာင္ ဖန္တီးၿပီး ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ ဖြံ႕ၿဖိဳးလာေအာင္လုပ္တဲ့နည္းကို က်င့္သုံးတယ္။ ေလာေလာဆယ္မွာ Phase II clinical trials ကိုေရာက္ေနၿပီး

Phase III ကိုေတာ့ဇူလိုင္လထဲစမ္းသပ္ႏိုင္ဖို႔ ႀကိဳးစားေနၾကတယ္ (Phase I, II and III ဆိုတာေတြကလူတျဖည္းျဖည္းခ်င္းမ်ားၿပီး စမ္းသပ္တာျဖစ္ပါတယ္)။ Phase III ၿပီးၿပီဆိုရင္ စထုတ္လို႔ရတဲ့အဆင့္ေရာက္ပါတယ္။ ဒီကာကြယ္ေဆးက ၂၈ ရက္ျခားၿပီး ႏွစ္ခါ ထိုးႏွံရပါတယ္။

၂။ University of Oxford and AstraZeneca

ေလာေလာဆယ္မွာ အရမ္းနာမည္ႀကီး ေနတဲ့ကာကြယ္ေဆးပါ။ အေအးမိဗိုင္းရပ္စ္ကို မ်ိဳးဗီဇအရ အားေပ်ာ့ေအာင္လုပ္ထားၿပီး ကိုဗစ္နဲ႔အသြင္တူတဲ့ ပ႐ိုတင္းကိုထုတ္လုပ္ႏိုင္ေအာင္ ဖန္တီးထားတဲ့အတြက္ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ကို ေလ့က်င့္ၿပီးသားျဖစ္ပါေစလိမ့္မယ္။

ဗိုင္းရပ္စ္အေကာင္လိုက္ဆိုေပမယ့္ မ်ိဳးမပြါး ႏိုင္ေအာင္လုပ္ထားတဲ့အတြက္ စိတ္်ရပါတယ္။ ေလာေလာဆယ္မွာ Phase II ေရာ Phase III ေရာကိုတၿပိဳင္နက္တည္း လုပ္ဖို႔ စီစဥ္ေနၿပီး ဒီႏွစ္ကုန္ပိုင္းမွာ ကာကြယ္ေဆးအလုံးေပါင္း သန္း ၄၀၀ ထုတ္လုပ္ဖို႔ မွန္းထားပါတယ္။ စုစုေပါင္း အလုံးေရ သန္း ၂၀၀၀ ထိ ထုတ္ လုပ္မွာပါ။

၃။ Pfizer and BioNTech

ဒီကုမၸဏီက ကာကြယ္ေဆး (၄)မ်ိဳးကို စမ္းသပ္ ေနတယ္။ နံပါတ္ ၁ အမ်ိဳးအစားလိုမ်ိဳးပဲ messengerRNA ကိုအသုံးျပဳထားၿပီး ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္ကို လႈံ႕ေဆာ္ေပးလိမ့္မယ္။ ေလာေလာဆယ္မွာ Phase II clinical trials ေတြလုပ္ေနၿပီးေတာ့ ဒီႏွစ္ကုန္မွာပဲ ကာကြယ္ေဆး သန္းနဲ႔ခ်ီထုတ္လုပ္ဖို႔ ေမွ်ာ္မွန္း ထားပါတယ္။ ၂၀၂၁ မွာေတာ့ သန္းရာနဲ႔ခ်ီ ထုတ္ပါလိမ့္မယ္။

၄။ Johnson & Johnson

နံပါတ္ ၂ နဲ႔ပုံစံတူတဲ့ ကာကြယ္ ေဆးပါ။ လူေတြနဲ႔စမ္းသပ္တာကို ဇူလိုင္လမွာ ျပဳလုပ္ဖို႔ရွိၿပီးေတာ့ လူေပါင္း တစ္ေထာင္ေက်ာ္ေလာက္ပါဝင္ပါလိမ့္မယ္။ သူကေတာ့ ဘယ္ေလာက္မွာ ကာကြယ္ေဆးရႏိုင္မလဲဆိုတာ မသိရေသးပါဘူး။

ေလာေလာဆယ္အေနအထားအရ ဆိုရင္ေတာ့ ကာကြယ္ေဆးထုတ္လုပ္တဲ့လုပ္ငန္းစဥ္က ထင္ထားတာထက္ေစာေနပါတယ္။ အစတုန္းက မွန္းထားတာက ၂၀၂၁ ႏွစ္လယ္ပိုင္းေလာက္မွ ကာကြယ္ေဆးရႏိုင္မယ္ မွန္းထားေပမယ့္ အခုအေနအထားအရဆိုရင္ေတာ့ ဒီႏွစ္ကုန္ေလာက္မွာ ကာကြယ္ေဆး ရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေလာေလာဆယ္ ေတာ့ သတိနဲ႔ေနၾကရပါဦးမယ္။

Unicode

လောလောဆယ် ကိုဗစ် ကာကွယ်ဆေးထုတ်တဲ့နေရာမှာ ရှေ့တန်းရောက်နေတဲ့ အဖွဲ့အစည်း (၄) ခုရှိပါတယ်။

၁။ Moderna

ဗိုင်းရပ်စ် အကောင်လိုက်သုံးစရာမလိုဘဲ messenger RNA ကိုပဲ အသုံးပြုပြီး ဗိုင်းရပ်စ် ဝင်ရောက်လာသလို ပုံစံမျိုးဖြစ်အောင် ဖန်တီးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာအောင်လုပ်တဲ့နည်းကို ကျင့်သုံးတယ်။ လောလောဆယ်မှာ Phase II clinical trials ကိုရောက်နေပြီး

Phase III ကိုတော့ဇူလိုင်လထဲစမ်းသပ်နိုင်ဖို့ ကြိုးစားနေကြတယ် (Phase I, II and III ဆိုတာတွေကလူတဖြည်းဖြည်းချင်းများပြီး စမ်းသပ်တာဖြစ်ပါတယ်)။ Phase III ပြီးပြီဆိုရင် စထုတ်လို့ရတဲ့အဆင့်ရောက်ပါတယ်။ ဒီကာကွယ်ဆေးက ၂၈ ရက်ခြားပြီး နှစ်ခါ ထိုးနှံရပါတယ်။

၂။ University of Oxford and AstraZeneca

လောလောဆယ်မှာ အရမ်းနာမည်ကြီး နေတဲ့ကာကွယ်ဆေးပါ။ အအေးမိဗိုင်းရပ်စ်ကို မျိုးဗီဇအရ အားပျော့အောင်လုပ်ထားပြီး ကိုဗစ်နဲ့အသွင်တူတဲ့ ပရိုတင်းကိုထုတ်လုပ်နိုင်အောင် ဖန်တီးထားတဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပြီးသားဖြစ်ပါစေလိမ့်မယ်။

ဗိုင်းရပ်စ်အကောင်လိုက်ဆိုပေမယ့် မျိုးမပွါး နိုင်အောင်လုပ်ထားတဲ့အတွက် စိတ်ျရပါတယ်။ လောလောဆယ်မှာ Phase II ရော Phase III ရောကိုတပြိုင်နက်တည်း လုပ်ဖို့ စီစဉ်နေပြီး ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးအလုံးပေါင်း သန်း ၄၀၀ ထုတ်လုပ်ဖို့ မှန်းထားပါတယ်။ စုစုပေါင်း အလုံးရေ သန်း ၂၀၀၀ ထိ ထုတ် လုပ်မှာပါ။

၃။ Pfizer and BioNTech

ဒီကုမ္ပဏီက ကာကွယ်ဆေး (၄)မျိုးကို စမ်းသပ် နေတယ်။ နံပါတ် ၁ အမျိုးအစားလိုမျိုးပဲ messengerRNA ကိုအသုံးပြုထားပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးလိမ့်မယ်။ လောလောဆယ်မှာ Phase II clinical trials တွေလုပ်နေပြီးတော့ ဒီနှစ်ကုန်မှာပဲ ကာကွယ်ဆေး သန်းနဲ့ချီထုတ်လုပ်ဖို့ မျှော်မှန်း ထားပါတယ်။ ၂၀၂၁ မှာတော့ သန်းရာနဲ့ချီ ထုတ်ပါလိမ့်မယ်။

၄။ Johnson & Johnson

နံပါတ် ၂ နဲ့ပုံစံတူတဲ့ ကာကွယ် ဆေးပါ။ လူတွေနဲ့စမ်းသပ်တာကို ဇူလိုင်လမှာ ပြုလုပ်ဖို့ရှိပြီးတော့ လူပေါင်း တစ်ထောင်ကျော်လောက်ပါဝင်ပါလိမ့်မယ်။ သူကတော့ ဘယ်လောက်မှာ ကာကွယ်ဆေးရနိုင်မလဲဆိုတာ မသိရသေးပါဘူး။

လောလောဆယ်အနေအထားအရ ဆိုရင်တော့ ကာကွယ်ဆေးထုတ်လုပ်တဲ့လုပ်ငန်းစဉ်က ထင်ထားတာထက်စောနေပါတယ်။ အစတုန်းက မှန်းထားတာက ၂၀၂၁ နှစ်လယ်ပိုင်းလောက်မှ ကာကွယ်ဆေးရနိုင်မယ် မှန်းထားပေမယ့် အခုအနေအထားအရဆိုရင်တော့ ဒီနှစ်ကုန်လောက်မှာ ကာကွယ်ဆေး ရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လောလောဆယ် တော့ သတိနဲ့နေကြရပါဦးမယ်။

Add a Comment

Your email address will not be published. Required fields are marked *