ရွှေလီမြစ်ရေ ရုတ်တရက်အရောင်တွေ ပြောင်းလဲလာလို့ဒေသခံများ စိုးရိမ်နေကြ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့အနီး မြန်မာ-တရုတ်နယ်ခြားအဖြစ် သတ်မှတ်ထားသည့် ရွှေလီမြစ်ရေသည် ဇွန်လ ၁၀ ရက်မှ စတင်၍ အနီရောင်အဖြစ် ပြောင်းလဲကာ စီးဆင်းနေမှုကြောင့် မြစ်အနီးရှိ ဒေသခံများမှ စိုးရိမ်ပူပန်မှု နေကြတယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံဘက်ကို ရွှေလီမြစ်စီးဝင်တဲ့ ကောင်းခန်ရွာနားကစပြီး ရေက အနီရောင်ဖြစ်တာစစ်ဆေးတွေ့ရှိရကြောင်း၊ မိုးရေကြောင့် မြေသားပျော်ဝင်ခြင်းလည်း မဟုတ်နိုင်ကြောင်း၊ ဓာတုဆေးဝါး တခုခု ပျော်ဝင်တဲ့ အနေအထားဖြစ်လို့ ခရိုင်ကိုတင်ပြပြီးတရုတ်ဖက်ကို

မေးထားကြောင်း” မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောပါတယ်။ ရွှေလီ မြစ်ရေသည် ဇွန်လ ၁၀ ရက်မှ စတင်၍အရောင်ပြောင်းလဲမှု ဖြစ်ပွားလာခြင်းဖြစ်ပြီး ရေနမူနာရယူခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ရာကျင်စန်းကျော့ဘက်ရှိ ကောင်းခန်ရွာအနီး၊ မြန်မာနိုင်ငံဘက်သို့

ရွှေလီမြစ် စီးဝင် သည့်နေရာတွင် တရုတ်နိုင်ငံဘက်မှ စီးဝင်သည့် ရေများဖြစ်ကြောင်း တွေ့ရှိရသဖြင့် တရုတ်နိုင်ငံဘက်သို့ ဆန်းစစ်နိုင်ရန် လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။ ရွှေလီမြစ်ရေအရောင် ပြောင်းလဲမှုနှင့် ပတ်သက်၍အဖွဲ့စုံဖြင့်လိုက်လံဆန်းစစ်ရာစွမ်ဆော်ရပ်ကွက်၊

ခိုဝိန်းနယ်မြေ အတွင်းရှိတရုတ်ရိုးရာ ပျော့ဖတ်စက်ရုံကို ရွာသားများမှတိုင်ကြားသဖြင့် စစ်ဆေးချက်များပြုလုပ်ခဲ့ပြီး စက်ရုံမှ ထွက်ရှိ သည့် စွန့်ပစ်ရေများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိ/မရှိ စစ်ဆေးနေကြောင်းလည်း သိရပါတယ်။

“မြစ်ရေက နီနေတာ ၂ ရက်ရှိပြီ။ အတိတ်နိမိတ်လား၊ ဓါတုစွန့်ပစ်ရေတွေလားတော့မသိဘူး။ မြင်ရတာ စိတ် မကောင်းဘူး။ နိမိတ်ဆိုရင်လည်းမကောင်းဘူး။ အဆိပ်သင့်ရေတွေဆိုရင်လည်း သုံးစွဲသူတွေအတွက် မကောင်းဘူး” ဟု တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့ရှိ

မိုးမခဖောင်ဒေးရှင်းမှ ဒေါ်မိုးမခကပြောပါတယ်။ ရွှေလီမြစ်သည် တရုတ်နိုင်ငံ ကုန်းမြင့်ဒေသတွင် မြစ်ဖျားခံပြီး မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့ကို ဖြတ်သန်းစီးဆင်းကာ ကသာမြို့အနီးတွင် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် မြစ်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

Zawgyi

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕အနီး ျမန္မာ-တ႐ုတ္နယ္ျခားအျဖစ္ သတ္မွတ္ထားသည့္ ေ႐ႊလီျမစ္ေရသည္ ဇြန္လ ၁၀ ရက္မွ စတင္၍ အနီေရာင္အျဖစ္ ေျပာင္းလဲကာ စီးဆင္းေနမႈေၾကာင့္ ျမစ္အနီးရွိ ေဒသခံမ်ားမွ စိုးရိမ္ပူပန္မႈ ေနၾကတယ္လို႔ သိရပါတယ္။

“ျမန္မာႏိုင္ငံဘက္ကို ေ႐ႊလီျမစ္စီးဝင္တဲ့ ေကာင္းခန္႐ြာနားကစၿပီး ေရက အနီေရာင္ျဖစ္တာစစ္ေဆးေတြ႕ရွိရေၾကာင္း၊ မိုးေရေၾကာင့္ ေျမသားေပ်ာ္ဝင္ျခင္းလည္း မဟုတ္ႏိုင္ေၾကာင္း၊ ဓာတုေဆးဝါး တခုခု ေပ်ာ္ဝင္တဲ့ အေနအထားျဖစ္လို႔ ခ႐ိုင္ကိုတင္ျပၿပီးတ႐ုတ္ဖက္ကို

ေမးထားေၾကာင္း” မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးသူရိန္က ေျပာပါတယ္။ ေ႐ႊလီ ျမစ္ေရသည္ ဇြန္လ ၁၀ ရက္မွ စတင္၍အေရာင္ေျပာင္းလဲမႈ ျဖစ္ပြားလာျခင္းျဖစ္ၿပီး ေရနမူနာရယူျခင္း၊ ေစာင့္ၾကည့္ျခင္းမ်ား ျပဳလုပ္ခဲ့ရာက်င္စန္းေက်ာ့ဘက္ရွိ ေကာင္းခန္႐ြာအနီး၊ ျမန္မာႏိုင္ငံဘက္သို႔

ေ႐ႊလီျမစ္ စီးဝင္ သည့္ေနရာတြင္ တ႐ုတ္ႏိုင္ငံဘက္မွ စီးဝင္သည့္ ေရမ်ားျဖစ္ေၾကာင္း ေတြ႕ရွိရသျဖင့္ တ႐ုတ္ႏိုင္ငံဘက္သို႔ ဆန္းစစ္ႏိုင္ရန္ လုပ္ေဆာင္ေနၾကျခင္း ျဖစ္ပါတယ္။ ေ႐ႊလီျမစ္ေရအေရာင္ ေျပာင္းလဲမႈႏွင့္ ပတ္သက္၍အဖြဲ႕စုံျဖင့္လိုက္လံဆန္းစစ္ရာစြမ္ေဆာ္ရပ္ကြက္၊

ခိုဝိန္းနယ္ေျမ အတြင္းရွိတ႐ုတ္႐ိုးရာ ေပ်ာ့ဖတ္စက္႐ုံကို ႐ြာသားမ်ားမွတိုင္ၾကားသျဖင့္ စစ္ေဆးခ်က္မ်ားျပဳလုပ္ခဲ့ၿပီး စက္႐ုံမွ ထြက္ရွိ သည့္ စြန႔္ပစ္ေရမ်ားအား သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ညီၫြတ္မႈရွိ/မရွိ စစ္ေဆးေနေၾကာင္းလည္း သိရပါတယ္။

“ျမစ္ေရက နီေနတာ ၂ ရက္ရွိၿပီ။ အတိတ္နိမိတ္လား၊ ဓါတုစြန႔္ပစ္ေရေတြလားေတာ့မသိဘူး။ ျမင္ရတာ စိတ္ မေကာင္းဘူး။ နိမိတ္ဆိုရင္လည္းမေကာင္းဘူး။ အဆိပ္သင့္ေရေတြဆိုရင္လည္း သုံးစြဲသူေတြအတြက္ မေကာင္းဘူး” ဟု တ႐ုတ္ႏိုင္ငံ၊ ၾကယ္ေဂါင္ၿမိဳ႕ရွိ

မိုးမခေဖာင္ေဒးရွင္းမွ ေဒၚမိုးမခကေျပာပါတယ္။ ေ႐ႊလီျမစ္သည္ တ႐ုတ္ႏိုင္ငံ ကုန္းျမင့္ေဒသတြင္ ျမစ္ဖ်ားခံၿပီး ျမန္မာႏိုင္ငံအတြင္း ရွမ္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသ ႀကီးတို႔ကို ျဖတ္သန္းစီးဆင္းကာ ကသာၿမိဳ႕အနီးတြင္ ဧရာဝတီျမစ္ထဲသို႔ စီးဝင္သည့္ ျမစ္တစ္ခု ျဖစ္ေၾကာင္း သိရပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *