ဗစ်တိုးရီးယားအမှုမှာ တာဝန်ကျေပွန်ခြင်းမရှိတဲ့သူတွေကို အရေးယူဖို့ သမ္မတ ညွှန်ကြားလိုက်ပြီ

ဗစ်တိုးရီးယားအမှုမှာ တာဝန်ကျေပွန်ခြင်းမရှိတဲ့သူတွေကို အရေးယူဖို့ သမ္မတ ညွှန်ကြားလိုက်ပြီ

Unicodeဗစ်တိုးရီးယားအမှုမှာ တာဝန်ကျေပွန်ခြင်းမရှိတဲ့သူတွေကို အရေးယူဖို့ သမ္မတ ညွှန်ကြားလိုက်ပြီ။နေပြည်တော်၊ဖော်ဖော်ဝါရီလ – ၂၁ ရက်။ဗစ်တိုးရီးယားအမှုအပေါ် တာဝန်ကျေပွန်ခြင်းမရှိခဲ့တဲ့ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားလိုက်ပြီလို့ သမ္မတရုံး မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။သည်ကနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာဖြစ်ပါတယ်။ဦးဇော်ဌေးက `လုပ်ထုံးလုပ်နည်းနဲ့အညီ မဆောင်ရွက်နိုင်သော ၊တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်သော၊လစ်ဟာမှုများဖြစ်ပေါ်ခဲ့သော ၊ဥပဒေပြဌာန်းချက်များနှင့် ညီညွှတ်မှုမရှိသော  တာဝန်ရှိသူများကို သက်ဆိုင်ရာအဖွဲ့ အစည်းက လိုအပ်သလို အရေးယူဆောင်ရန် ညွှန်ကြားထားပါတယ်။ညွှန်ကြားထားတဲ့အတွက် သက်ဆိုင်ရာဌာနတွေက သမ္မတရဲ့လမ်းညွှန်ချက်အတိုင်းဆောင်ရွက်ဖို့ ရှိပါတယ်။အဲဒါက ၂၀ ရက်နေ့ မနေ့ က ညွှန်ကြားတာဖြစ်ပါတယ်`လို့ ပြောပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူက သမ္မတထံ လိပ်မူပြီး ကူညီဆောင်ရွက်ပေးဖို့ စာပေးပို့ ခဲ့တာဖြစ်ပါတယ်။သည်အပေါ်မှာ  ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ပြည်ထဲရေးဝန်ကြီးဌာန နဲ့ ပြည်ထောင်စုရှေ့ နေချုပ်ရုံးတို့ကို  နိုင်ငံတော်သမ္မတက ညွန်ကြားချက်လေးချက် ပေးခဲ့တယ်လို့ ဆိုပါတယ်။သည်လေးချက်ကတော့ အမှုမှန်ပေါ်ပေါက်ဖို့ ၊တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ၊ဥပဒေနဲ့ အညီဖြစ်ဖို့ နဲ့  တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်ထားမှုတွေကို ပကတိတွေ့ ရှိချက်အမှန်တရားအတိုင်း ပြန်လည်တင်ပြဖို့ ဖြစ်တယ်လို့ သိရပါတယ်။သည်ညွှန်ကြားချက်ပေါ်မှာ သက်ဆိုင်ရာဌာနတွေက  သမ္မတထံ ပြန်လည်တင်ပြကြခဲ့တယ်လို့ သိရပါတယ်။သည့်အတွက် သမ္မတက သည်ပြန်လည်တင်ပြချက်တွေအပေါ် သုံးသပ်ပြီး တာဝန်ရှိသူတွေကို လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ အခုလို ညွှန်ကြားလိုက်တာဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။ဦးဇော်ဌေးက`ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ နစ်နာသူမိသားစုရယ် တရားစွဲအဖွဲ့ အစည်းရယ် အဲဒီပေါ်မှာ မူတည်တယ်`လို့ ပြောပါတယ်။လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ ဗစ်တိုးရီးယားလေးအမှုမှာ သံသယတရာခံ ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးခဲ့ပြီးနောက်ပိုင်း ဒက္ခိဏခရိုင်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ချက်တင်သွင်းဖို့ ဒက္ခိဏခရိုင်ဥပဒေရုံး နဲ့ အမှတ် ၁ မှုခင်းရဲတပ်ဖွဲ့ တို့ ရဲ့တင်ပြမှုကို မန္တလေးတိုင်းဒေသကြီး တိုင်းဥပဒေရုံးက ပယ်ချထားတာဖြစ်ပါတယ်။ဗစ်တိုးရီးယားလေးအမှုကို မိခင်ကိုယ်တိုင် ပြီးခဲ့တဲ့နှစ် မေလ ၁၇ ရက်နေ့ လိင်အကြမ်းဖက်ခံရမှုနဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး အခုချိန်ထိ တရားခံကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

Zawgyiဗစ္တိုးရီးယားအမႈမွာ တာဝန္ေက်ပြန္ျခင္းမရွိတဲ့သူေတြကို အေရးယူဖို႔ သမၼတ ၫႊန္ၾကားလိုက္ၿပီဗစ္တိုးရီးယားအမႈမွာ တာဝန္ေက်ပြန္ျခင္းမရွိတဲ့သူေတြကို အေရးယူဖို႔ သမၼတ ၫႊန္ၾကားလိုက္ၿပီ။ေနျပည္ေတာ္၊ေဖာ္ေဖာ္ဝါရီလ – ၂၁ ရက္။ဗစ္တိုးရီးယားအမႈအေပၚ တာဝန္ေက်ပြန္ျခင္းမရွိခဲ့တဲ့ သက္ဆိုင္ရာဌာနမွ တာဝန္ရွိသူေတြကို အေရးယူေဆာင္႐ြက္ဖို႔ ႏိုင္ငံေတာ္သမၼတက သက္ဆိုင္ရာဌာနေတြကို ၫႊန္ၾကားလိုက္ၿပီလို႔ သမၼတ႐ုံး မွ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။သည္ကေန႔ ေနျပည္ေတာ္ရွိ သမၼတအိမ္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာတာျဖစ္ပါတယ္။ဦးေဇာ္ေဌးက `လုပ္ထုံးလုပ္နည္းနဲ႔အညီ မေဆာင္႐ြက္ႏိုင္ေသာ ၊တာဝန္ေက်ပြန္စြာ မေဆာင္႐ြက္ႏိုင္ေသာ၊လစ္ဟာမႈမ်ားျဖစ္ေပၚခဲ့ေသာ ၊ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ ညီၫႊတ္မႈမရွိေသာ  တာဝန္ရွိသူမ်ားကို သက္ဆိုင္ရာအဖြဲ႕ အစည္းက လိုအပ္သလို အေရးယူေဆာင္ရန္ ၫႊန္ၾကားထားပါတယ္။ၫႊန္ၾကားထားတဲ့အတြက္ သက္ဆိုင္ရာဌာနေတြက သမၼတရဲ႕လမ္းၫႊန္ခ်က္အတိုင္းေဆာင္႐ြက္ဖို႔ ရွိပါတယ္။အဲဒါက ၂၀ ရက္ေန႔ မေန႔ က ၫႊန္ၾကားတာျဖစ္ပါတယ္`လို႔ ေျပာပါတယ္။ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၂ ရက္ေန႔ ဗစ္တိုးရီးယားရဲ႕ဖခင္ျဖစ္သူက သမၼတထံ လိပ္မူၿပီး ကူညီေဆာင္႐ြက္ေပးဖို႔ စာေပးပို႔ ခဲ့တာျဖစ္ပါတယ္။သည္အေပၚမွာ  ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ ၊ျပည္ထဲေရးဝန္ႀကီးဌာန နဲ႔ ျပည္ေထာင္စုေရွ႕ ေနခ်ဳပ္႐ုံးတို႔ကို  ႏိုင္ငံေတာ္သမၼတက ၫြန္ၾကားခ်က္ေလးခ်က္ ေပးခဲ့တယ္လို႔ ဆိုပါတယ္။သည္ေလးခ်က္ကေတာ့ အမႈမွန္ေပၚေပါက္ဖို႔ ၊တာဝန္ယူမႈ တာဝန္ခံမႈရွိဖို႔ ၊ဥပေဒနဲ႔ အညီျဖစ္ဖို႔ နဲ႔  တရားဥပေဒစိုးမိုးေရးအတြက္ေဆာင္႐ြက္ထားမႈေတြကို ပကတိေတြ႕ ရွိခ်က္အမွန္တရားအတိုင္း ျပန္လည္တင္ျပဖို႔ ျဖစ္တယ္လို႔ သိရပါတယ္။သည္ၫႊန္ၾကားခ်က္ေပၚမွာ သက္ဆိုင္ရာဌာနေတြက  သမၼတထံ ျပန္လည္တင္ျပၾကခဲ့တယ္လို႔ သိရပါတယ္။သည့္အတြက္ သမၼတက သည္ျပန္လည္တင္ျပခ်က္ေတြအေပၚ သုံးသပ္ၿပီး တာဝန္ရွိသူေတြကို လိုအပ္သလို အေရးယူေဆာင္႐ြက္ဖို႔ အခုလို ၫႊန္ၾကားလိုက္တာျဖစ္တယ္လို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။ဦးေဇာ္ေဌးက`ဒီအမႈနဲ႔ ပတ္သက္ၿပီး ဘယ္လိုဆက္လုပ္မယ္ဆိုတာေတာ့ နစ္နာသူမိသားစုရယ္ တရားစြဲအဖြဲ႕ အစည္းရယ္ အဲဒီေပၚမွာ မူတည္တယ္`လို႔ ေျပာပါတယ္။လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံခဲ့ရတဲ့ ဗစ္တိုးရီးယားေလးအမႈမွာ သံသယတရာခံ ကိုေအာင္ႀကီးကို တရားရွင္ လႊတ္ေပးခဲ့ၿပီးေနာက္ပိုင္း ဒကၡိဏခ႐ိုင္တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ခ်က္တင္သြင္းဖို႔ ဒကၡိဏခ႐ိုင္ဥပေဒ႐ုံး နဲ႔ အမွတ္ ၁ မႈခင္းရဲတပ္ဖြဲ႕ တို႔ ရဲ႕တင္ျပမႈကို မႏၲေလးတိုင္းေဒသႀကီး တိုင္းဥပေဒ႐ုံးက ပယ္ခ်ထားတာျဖစ္ပါတယ္။ဗစ္တိုးရီးယားေလးအမႈကို မိခင္ကိုယ္တိုင္ ၿပီးခဲ့တဲ့ႏွစ္ ေမလ ၁၇ ရက္ေန႔ လိင္အၾကမ္းဖက္ခံရမႈနဲ႔ အမႈဖြင့္တိုင္ၾကားခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိ တရားခံကို ရွာေဖြေဖာ္ထုတ္ႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *