ရည္႐ြယ္ထားတဲ့စိတ္ကူးေလး အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီျဖစ္တဲ့ ခင္လႈိင္ – Media Sharing

ရည္႐ြယ္ထားတဲ့စိတ္ကူးေလး အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီျဖစ္တဲ့ ခင္လႈိင္

Sharing is caring!

ခင္လႈိင္ကေတာ့ ဇာတ္ပို႔ဇာတ္ရံေတြထဲမွာ ေအာင္ျမင္မႈကို ၾကာရွည္ထိန္းထားႏိုင္ဆုံး အႏုပညာရွင္တစ္ေယာက္ပါ။ ေခတ္နဲ႔အညီ လိုက္ပါႏိုင္တဲ့ ဇာတ္ပို႔တစ္ေယာက္ျဖစ္တဲ့အျပင္ အခုဆိုရင္ ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ပါ ေအာင္ျမင္မႈရရွိလာၿပီျဖစ္ပါတယ္။ သူကေတာ့ အခုခ်ိန္မွာေအာင္ျမင္ေနေပမယ့္

အႏုပညာအလုပ္ကေတာ့ အၿမဲတမ္းမတည္ၿမဲႏိုင္တဲ့အလုပ္မို႔ မ႐ိုက္ရတဲ့အခ်ိန္က်ရင္ စိတ္ဓာတ္မက်ရေအာင္ စီးပြားေရးလုပ္ငန္းေလးတစ္ခုလုပ္ဖို႔ ႀကံ႐ြယ္ထားသူပါ။

အၿငိမ္မေနတတ္တဲ့သူတစ္ေယာက္မို႔ ညီမျဖစ္သူရဲ႕ စားေသာက္ဆိုင္ေလးမွာ အၿမဲကူညီလုပ္ကိုင္ေပးေလ့ရွိတဲ့အျပင္ သူကိုယ္တိုင္လည္း စားေသာက္ဆိုင္လည္း တစ္ဆိုင္ဖြင့္ဖို႔ စဥ္းစားထားေၾကာင္း အင္တာဗ်ဳးေတြမွာ ေျဖၾကားခဲ့ၿပီး အခုဆိုရင္ေတာ့ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

သူရဲ႕ အညာေျမလို႔ နာမည္ေပးထားတဲ့ဆိုင္ေလးကိုေတာ့ မႏၲေလးၿမိဳ႕ (၆၂)လမ္းေပၚမွာ ဖြင့္လွစ္သြားမွာျဖစ္ၿပီး အညာေဒသအစားအေသာက္ေလးေတြနဲ႔ ထူးထူးဆန္းဆန္းဟင္းလ်ာေလးေတြ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

ခင္လႈိင္ကေတာ့ ဒီေန႔မွာ မႏၲေလးၿမိဳ႕က သူ႔ရဲ႕ဆိုင္ေလးကို “မၾကာမီဖြင့္လွစ္ေတာ့မယ့္ ကြၽန္ေတာ္တို႔ရဲ႕ဆိုင္ေလး” ဆိုၿပီး မိတ္ဆက္ေပးခဲ့ပါတယ္။ မၾကာခင္မွာလည္း ရန္ကုန္ၿမိဳ႕ကပရိသတ္ႀကီးပါ

အားေပးလို႔ရေအာင္ ရန္ကုန္ၿမိဳ႕မွာပါ ႀကိဳးစားၿပီး ဖြင့္လွစ္ေပးသြားပါမယ္တဲ့ပရိသတ္ႀကီးေရ… စိတ္ထားေကာင္းၿပီး အလႉအတန္းရက္ေရာတဲ့ ဦးခင္လႈိင္ရဲ႕ဆိုင္ေလးကို အားေပးလိုက္ၾကပါဦးေနာ္။

Source – Khin Hlaing

Unicode

ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတွေထဲမှာ အောင်မြင်မှုကို ကြာရှည်ထိန်းထားနိုင်ဆုံး အနုပညာရှင်တစ်ယောက်ပါ။ ခေတ်နဲ့အညီ လိုက်ပါနိုင်တဲ့ ဇာတ်ပို့တစ်ယောက်ဖြစ်တဲ့အပြင် အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိလာပြီဖြစ်ပါတယ်။ သူကတော့ အခုချိန်မှာအောင်မြင်နေပေမယ့်

အနုပညာအလုပ်ကတော့ အမြဲတမ်းမတည်မြဲနိုင်တဲ့အလုပ်မို့ မရိုက်ရတဲ့အချိန်ကျရင် စိတ်ဓာတ်မကျရအောင် စီးပွားရေးလုပ်ငန်းလေးတစ်ခုလုပ်ဖို့ ကြံရွယ်ထားသူပါ။

အငြိမ်မနေတတ်တဲ့သူတစ်ယောက်မို့ ညီမဖြစ်သူရဲ့ စားသောက်ဆိုင်လေးမှာ အမြဲကူညီလုပ်ကိုင်ပေးလေ့ရှိတဲ့အပြင် သူကိုယ်တိုင်လည်း စားသောက်ဆိုင်လည်း တစ်ဆိုင်ဖွင့်ဖို့ စဉ်းစားထားကြောင်း အင်တာဗျုးတွေမှာ ဖြေကြားခဲ့ပြီး အခုဆိုရင်တော့ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သူရဲ့ အညာမြေလို့ နာမည်ပေးထားတဲ့ဆိုင်လေးကိုတော့ မန္တလေးမြို့ (၆၂)လမ်းပေါ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အညာဒေသအစားအသောက်လေးတွေနဲ့ ထူးထူးဆန်းဆန်းဟင်းလျာလေးတွေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ခင်လှိုင်ကတော့ ဒီနေ့မှာ မန္တလေးမြို့က သူ့ရဲ့ဆိုင်လေးကို “မကြာမီဖွင့်လှစ်တော့မယ့် ကျွန်တော်တို့ရဲ့ဆိုင်လေး” ဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်မြို့ကပရိသတ်ကြီးပါ

အားပေးလို့ရအောင် ရန်ကုန်မြို့မှာပါ ကြိုးစားပြီး ဖွင့်လှစ်ပေးသွားပါမယ်တဲ့ပရိသတ်ကြီးရေ… စိတ်ထားကောင်းပြီး အလှူအတန်းရက်ရောတဲ့ ဦးခင်လှိုင်ရဲ့ဆိုင်လေးကို အားပေးလိုက်ကြပါဦးနော်။

Source – Khin Hlaing

Add a Comment

Your email address will not be published. Required fields are marked *