ေမသြန္းခသီဆိုသည့္ “ေခြးမေလးမကိုက္ေတာ့ဘူး”သီခ်င္း အြန္လိုင္းေပၚနာမည္ႀကီးေန(႐ုပ္သံ) – Media Sharing

ေမသြန္းခသီဆိုသည့္ “ေခြးမေလးမကိုက္ေတာ့ဘူး”သီခ်င္း အြန္လိုင္းေပၚနာမည္ႀကီးေန(႐ုပ္သံ)

Sharing is caring!

“ကိုကိုေရ… သိပ္ခ်စ္တဲ့ကိုကိုေရ… ေခြးမတို႔ၿခံထဲမွာေလ… ခေရေတြ စံပယ္ေတြ… ပုန္းညက္နဲ႔ ဇီဇဝါေတြ… ႏွင္းဆီနဲ႔ ကံ့ေကာ္ပန္းေတြ… ယုဇနနဲ႔ သနပ္ခါးပန္းေတြ… ပြင့္ ေနၾကတာ ျမင္ေလတိုင္း… ေဝဒနာလႈိင္းက ရင္ထဲခုန္မေျပ… သက္ငယ္ႏုစ ပန္းႀကိဳက္ မေလး ဘဝမွာေလ… ေကသာဆံလႊ ထုံးေနာက္စမွာ… ကိုကိုကပဲ ပန္ေပးေန… အခု ေတာ့ ဒီပန္းေတြကို… ဘယ္သူ႔ကိုမ်ား ပန္ေပးေနသလဲေလ”

ဒါကိုၾကားလိုက္တာနဲ႔ ျမန္မာသံသီခ်င္းေတြနဲ႔ ရင္းႏွီးႀကီးျပင္းၾကတဲ့ ပရိသတ္ေတြ က နာမည္ႀကီး သီခ်င္းတပုဒ္ရဲ႕ ေတးသြားစာသားေတြမွန္း သိၾကၿပီး ျဖစ္မွာပါ။

“ေခြးမေလးမကိုက္ေတာ့ဘူး”လို႔ အမည္ရတဲ့ ဒီသီခ်င္းကိုေတာ့ ေတးေရးဆရာ ေမာင္ေဆြႏြယ္က ေရးစပ္ေပးထားခဲ့ၿပီး နာမည္ႀကီး ဝါရင့္အဆိုေတာ္ႀကီးေတြျဖစ္ၾကတဲ့ မာမာေအး၊ ခင္ၫြန႔္ရည္တို႔အျပင္ တျခားေသာ အဆိုေတာ္ေပါင္းမ်ားစြာက ျပန္လည္သီ ဆိုခဲ့ၾကၿပီး ထင္ရွားတဲ့ သီခ်င္းတပုဒ္ ျဖစ္ပါတယ္။ခုတခါမွာေတာ့ ေမသြန္းခအမည္နဲ႔ ဒီသီခ်င္းကို Smule အပလီေကးရွင္းမွတဆင့္ ပိုင္ပိုင္ႏိုင္ႏိုင္ သီဆိုဟန္ကို ရႈစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။

“ရပါတယ္ကိုကို… လြယ္ပါတယ္ကိုကို… ပိုင္ပါတယ္ကိုကိုလို႔… အခ်စ္ေဝဒနာရွင္ အေနနဲ႔… စစ္ေၾကျငာခ်င္ေပမယ့္ အခက္ေတြေပြ… နာက်ည္းခ်က္ မုန္းတီးခ်က္ေတြ… အေမေမြးစဥ္ကတည္းက… ပါမလာေတာ့လည္း ခက္ရေပ… ကိုကို႔အနားဆီမွာ စကား ပလီပလာ… စကားရာေထာင္ မႀကိဳက္တဲ့အရာေတြ…

အသားမနာေအာင္ ကိုက္တဲ့အခါ မေလ… ေခြးမေလးလို႔ ေခၚခဲ့တာေတြ… သတိရေသးသလား… ျပန္လာခဲ့ပါကိုကိုေရ… ပန္းကေလးေတြ မပန္ရေပမယ့္… အလြမ္းေလးေတြ ပန္ရေလတဲ့… ေခြးမေလး မကိုက္ ေတာ့ဘူးေလ… ကံဘဝတာနည္း ႀကံသမွ်သာမြဲ ၿခံဝမွာလည္း… ေခြးမကိုက္တတ္ပါဘူး ရယ္လို႔… စာတန္းေလး ေရးထားတယ္ ကိုကိုေရ”

ပီသၾကည္ျမတဲ့ အသံနဲ႔ ေမသြန္းခသီဆိုထားတဲ့ ဒီသီခ်င္းကိုေတာ့ ေဖ့စ္ဘြတ္ခ္ေပၚ မွာ ဝင္ေရာက္ၾကည့္ရႈနားဆင္ၾကတဲ့ အႀကိမ္ေရ သိန္းနဲ႔ခ်ီ ရွိေနခဲ့ၿပီး ခ်ီးက်ဴးမွတ္ခ်က္ေရး သူ၊ ျပန္လည္မွ်ေဝသူေတြ မ်ားစြာရွိေနခဲ့ၿပီး နာမည္ႀကီးေနခဲ့တာ ျဖစ္ပါတယ္။

ေတးသံရွင္ ေမသြန္းခအမည္နဲ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္ေပၚမွာေတာ့ တသိမ့္သိမ့္သူ၊ ေမ့ဘဝ ခဏဘယ္သူယူပါ့မယ္၊ ေမာင့္အခ်စ္ျမားစူး၊ ဖိုးလမင္းကို ေအာင္သြယ္ခိုင္းမယ္စတဲ့ နာမည္ႀကီးသီခ်င္းေတြနဲ႔အတူ တျခားသီခ်င္းေတြကို သီဆိုမွ် ေဝထားခဲ့တာ ျဖစ္ပါတယ္။

(Credit)

Unicode

“ကိုကိုရေ… သိပ်ချစ်တဲ့ကိုကိုရေ… ခွေးမတို့ခြံထဲမှာလေ… ခရေတွေ စံပယ်တွေ… ပုန်းညက်နဲ့ ဇီဇဝါတွေ… နှင်းဆီနဲ့ ကံ့ကော်ပန်းတွေ… ယုဇနနဲ့ သနပ်ခါးပန်းတွေ… ပွင့် နေကြတာ မြင်လေတိုင်း… ဝေဒနာလှိုင်းက ရင်ထဲခုန်မပြေ… သက်ငယ်နုစ ပန်းကြိုက် မလေး ဘဝမှာလေ… ကေသာဆံလွှ ထုံးနောက်စမှာ… ကိုကိုကပဲ ပန်ပေးနေ… အခု တော့ ဒီပန်းတွေကို… ဘယ်သူ့ကိုများ ပန်ပေးနေသလဲလေ”

ဒါကိုကြားလိုက်တာနဲ့ မြန်မာသံသီချင်းတွေနဲ့ ရင်းနှီးကြီးပြင်းကြတဲ့ ပရိသတ်တွေ က နာမည်ကြီး သီချင်းတပုဒ်ရဲ့ တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

“ခွေးမလေးမကိုက်တော့ဘူး”လို့ အမည်ရတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ မောင်ဆွေနွယ်က ရေးစပ်ပေးထားခဲ့ပြီး နာမည်ကြီး ဝါရင့်အဆိုတော်ကြီးတွေဖြစ်ကြတဲ့ မာမာအေး၊ ခင်ညွန့်ရည်တို့အပြင် တခြားသော အဆိုတော်ပေါင်းများစွာက ပြန်လည်သီ ဆိုခဲ့ကြပြီး ထင်ရှားတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ခုတခါမှာတော့ မေသွန်းခအမည်နဲ့ ဒီသီချင်းကို Smule အပလီကေးရှင်းမှတဆင့် ပိုင်ပိုင်နိုင်နိုင် သီဆိုဟန်ကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ရပါတယ်ကိုကို… လွယ်ပါတယ်ကိုကို… ပိုင်ပါတယ်ကိုကိုလို့… အချစ်ဝေဒနာရှင် အနေနဲ့… စစ်ကြေငြာချင်ပေမယ့် အခက်တွေပွေ… နာကျည်းချက် မုန်းတီးချက်တွေ… အမေမွေးစဉ်ကတည်းက… ပါမလာတော့လည်း ခက်ရပေ… ကိုကို့အနားဆီမှာ စကား ပလီပလာ… စကားရာထောင် မကြိုက်တဲ့အရာတွေ…

အသားမနာအောင် ကိုက်တဲ့အခါ မလေ… ခွေးမလေးလို့ ခေါ်ခဲ့တာတွေ… သတိရသေးသလား… ပြန်လာခဲ့ပါကိုကိုရေ… ပန်းကလေးတွေ မပန်ရပေမယ့်… အလွမ်းလေးတွေ ပန်ရလေတဲ့… ခွေးမလေး မကိုက် တော့ဘူးလေ… ကံဘဝတာနည်း ကြံသမျှသာမွဲ ခြံဝမှာလည်း… ခွေးမကိုက်တတ်ပါဘူး ရယ်လို့… စာတန်းလေး ရေးထားတယ် ကိုကိုရေ”

ပီသကြည်မြတဲ့ အသံနဲ့ မေသွန်းခသီဆိုထားတဲ့ ဒီသီချင်းကိုတော့ ဖေ့စ်ဘွတ်ခ်ပေါ် မှာ ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့ပြီး ချီးကျူးမှတ်ချက်ရေး သူ၊ ပြန်လည်မျှဝေသူတွေ များစွာရှိနေခဲ့ပြီး နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။

တေးသံရှင် မေသွန်းခအမည်နဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ တသိမ့်သိမ့်သူ၊ မေ့ဘဝ ခဏဘယ်သူယူပါ့မယ်၊ မောင့်အချစ်မြားစူး၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်စတဲ့ နာမည်ကြီးသီချင်းတွေနဲ့အတူ တခြားသီချင်းတွေကို သီဆိုမျှ ဝေထားခဲ့တာ ဖြစ်ပါတယ်။

(Credit)

Add a Comment

Your email address will not be published. Required fields are marked *