မွေးနေ့အလှူအဖြစ် စားသောက်ကုန်တွေ လှူဒါန်းပေးမယ့် ဒီဇိုင်နာမျိုးမင်းစိုး – Media Sharing

မွေးနေ့အလှူအဖြစ် စားသောက်ကုန်တွေ လှူဒါန်းပေးမယ့် ဒီဇိုင်နာမျိုးမင်းစိုး

Sharing is caring!





Unicode

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ဒီဇိုင်နာလောကမှာ ထိပ်တန်း ဒီဇိုင်နာတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုးကတော့ လတ်တလောမှာ အလှူလေးတစ်ခုပြုလုပ်ဖို့ရှိတဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ မနက်ဖြန် ဇွန်လ(၁၂)ရက်နေ့မှာ မွေးနေ့ရက်မြတ်နေ့ကျရောက်မှာဖြစ်ပါတယ်။

မျိုးမင်းစိုးက သူ့ရဲ့ မွေးနေ့ အမှတ်တရအနေနဲ့ မွေးနေ့အလှူလေးပြုလုပ်သွားမှာပါ။ မွေးနေ့အလှူအနေနဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ စတဲ့ အခြေခံစားသောက်ကုန်တွေ အပြင် အလှူငွေတွေကိုပါ Covid ကာလမှာ အဆင်မပြေ အခက်အခဲနဲ့ ကြုံနေရသူတွေအတွက် ဝေငှလှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးခင်က နိုင်ငံတော်အတိုင်ပင်ခံရဲ့ Mask ချုပ်တဲ့ ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ကြာချည်နဲ့ လုပ်ထားတဲ့ Mask တွေကိုလည်း ချစ်ရတဲ့သူတွေအတွက် မျှဝေပေးသွားဦးမှာပါတဲ့။ပရိသတ်ကြီးရေ မနက်ဖြန်မှာမွေးနေ့ကျရောက်မယ့် ဒီဇိုင်နာမျိုးမင်းစိုးအတွက် အကြိုမွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦး။

Add a Comment

Your email address will not be published. Required fields are marked *