သမီးပိုက္ဆံမေလာက္လို႔ပါလို႕ ေျပာလာတဲ့ တကၠသိုလ္ေက်ာင္းသူေလးကို ထမင္းေရာင္းေပးတဲ့ ဆိုင္ရွင္ အေဒၚၾကီးနဲ႔ ဦးေလးတို႔ရဲဲ႕အျဖစ္ – Media Sharing

သမီးပိုက္ဆံမေလာက္လို႔ပါလို႕ ေျပာလာတဲ့ တကၠသိုလ္ေက်ာင္းသူေလးကို ထမင္းေရာင္းေပးတဲ့ ဆိုင္ရွင္ အေဒၚၾကီးနဲ႔ ဦးေလးတို႔ရဲဲ႕အျဖစ္

Sharing is caring!

ေက်ာင္းႏွင့္ အလွမ္းမေဝးလွတဲ့ ထမင္းဆိုင္ ေသးေသးေလးတစ္ဆိုင္မွာ ေကာင္မေလးတစ္ေယာက္က ထမင္းလာမွာစားတယ္ ဆိုင္ရွင္နားကပ္ၿပီး ေလသံတိုးတိုးေလးႏွင့္

* ဟိုေလ… သမီးကို ထမင္းအလြတ္တစ္ပြဲေလာက္ ေရာင္းေပးလို့ ရလားခင္ဗ် သမီးပိုက္ဆံမေလာက္လို့ပါ…  ရပါတယ္သမီးရယ္ ေျပာေျပာဆိုဆိုႏွင့္ ဆိုင္ရွင္အေဒၚ ႀကီးက ေယာက္်ားေရ ထမင္းအလြတ္တစ္ပြဲေလာက္ လုပ္ေပးပါဦး ေအာ္…ဟင္းခ်ိဳနဲ႔ ငါးပိရည္လည္း ထည့္ေပးဖို့မေမ့နဲ႔ေနာ္…

ေယာက္်ားျဖစ္သူက ထမင္းအျဖဴတစ္ပြဲကိုေကာင္မေလးထိုင္ေနတဲ့ ခုံမွာသြားခ်ေပးလိုက္တယ္ ေကာင္မေလးက သူ႔ကိုထပ္မွာတယ္

ဟိုေလ… သမီးအတြက္ေနာက္ထပ္ ဟင္းမပါတဲ့ ထမင္းဗလာတစ္ထုတ္ ထပ္လုပ္ေပးလို့ ရလားရွင့္……. ေကာင္မေလးခမ်ာ ေျပာသာေျပာေနရတယ္ သူ႔မ်က္ႏွာက အေတာ္ေလး အားနာေနတဲ့ပုံပါ….

#ရပါတယ္သမီးရယ္ ဒါနဲ႔ ဒီထမင္းထုတ္က….ဘာသြားလုပ္ဖို့လည္း

* သမီး ညေနၾကရင္ စားဖို့ပါ….ဦး ဆိုင္ရွင္အဖိုးႀကီးက သူ႔ကိုဂ႐ုနာသက္တဲ့ မ်က္လုံးႏွင့္ၾကည့္ၿပီး…. အင္း..!ေကာင္မေလးၾကည့္ရတာ ၿမိဳ့မွာသာေက်ာင္းလာတက္တယ္ အိမ္ကမိဘေတြက ေငြေၾကးအခက္ခဲ ရွိပုံရတယ္…!

အမွန္တကယ္ေတာ့ သူတို့လင္မယားကလည္း တစ္ေန႔လုပ္ တစ္ေန႔စားပါ ဒီဆိုင္ေနရာေလးကို သူမ်ားငွားေပးလို့သာ ကံေကာင္းၿပီးေစ်းေရာင္းရတဲ့ဘဝပါ မရွိသူမို့လည္း မရွိသူကိုစာနာတတ္တဲ့စိတ္က သူတို့လင္မယားမွာ ရွိၿပီးသားပါေလ…

ဟင္းအိုးမွ ဟင္းေတြကိုခတ္ၿပီး ထမင္းမ်ားနဲ႔ သူဖုံးဖိၿပီးထည့္ေနမိသည္ ဒါကို မိန္းမျဖစ္သူကျမင္ေတာ့ …

“ရွင္ဘာလုပ္ေနတာလည္း … #ေကာင္မေလးအတြက္ ထမင္းထည့္ေပးေနတာေလ

” ေအာ္..ရွင္ကလည္းတုံးလိုက္တာ ေပးခ်င္ေနမွေတာ့ ဝွက္ၿပီးေပးစရာလား ဒီအတိုင္းေပးလည္း ရလၽွက္သားနဲ႔ ဘာလဲ ရွင္က ကၽြန္မျမင္မွာ ေၾကာက္လို့လား ေၾကာက္စရာမဟုတ္တာရွင္ကၽြန္မလည္း စာနာေထာက္ထားတတ္တဲ့ မိန္းမသားတေယာက္ပါ #ဟာ…!ဒီမိန္းမ ဘာေတြလာေျပာေနတာလည္း ဒီအတိုင္း ေျဗာင္ေပးေတာ့ သူ႔ကို အထင္ေသးရာ ေရာက္သြားမွာေပါ့ဟ ၿပီးေတာ့လည္း သူရွက္သြားရင္ေနာက္ဆို တို့ဆိုင္ကို သူဘယ္လိုလုပ္ၿပီး လာရဲေတာ့မလည္း

မိန္းမျဖစ္သူက လင္ေယာက္်ားကို ၾကည့္ၿပီးပီတိျဖစ္မိသည္ အမေလး ငါ့ေယာက္်ားက သနားတတ္႐ုံ တစ္မ်ိဳးတည္းမဟုတ္ပဲ လူတစ္ေယာက္ကို အဖက္ဖက္က စာနာစိတ္ကလည္း ႀကီးမားပါေလရဲ့ …..

ဒီလိုနဲ႔ပဲ ေကာင္မေလးဟာ သူတို့ဆိုင္မွာလာၿပီး ေက်ာင္းၿပီးသည္အထိ ထမင္းလာစားခဲ့တယ္ သူတို့လင္မယားကလည္း တစ္ေန႔တစ္မ်ိဳး မရိုးေလေအာင္ ဟင္းအမ်ိဳးမ်ိဳးကို ထမင္းဖုံး၍ ေပးေလ့ရွိခဲ့တယ္… ေက်ာင္းၿပီးသြားေတာ့ ေကာင္မေလးကသူတို့ဆိုင္ကို ၁၀ ႏွစ္ၾကာမၽွေတာင္ တစ္ခါမွ ေရာက္မလာေတာ့ပါ

တစ္ေန႔ေတာ့ ေျမပိုင္ရွင္က ေျမကိုေရာင္းလိုက္ၿပီးျဖစ္ေၾကာင္း ဒီေနရာက ေရြ႕ေျပာင္းရေတာ့မည္ျဖစ္ေၾကာင္း လာေျပာေသာအခါ လင္မယားႏွစ္ေယာက္သား စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး အိမ္မွာ ထိုင္မိူင္ေနၾကစဥ္ သူတို့ေနတဲ့ အိမ္နားသို့ ကားတစ္စီးက လာ၍ထိုးရပ္လာသည္ လူတေယာက္က ကားေပၚမွ ဆင္းၿပီး သူတို့ရွိရာ ေလၽွာက္၍လာသည္..

ကၽြန္ေတာ္က ကုမၼဏီတစ္ခုရဲ့ မန္ေနဂ်ာတစ္ဦးပါခင္ဗ် ကၽြန္ေတာ့္သူေဌးမက အေဒၚတို့လင္မယားခ်က္တဲ့ ဟင္းကို အရမ္းႀကိဳက္တဲ့ သူတစ္ေယာက္ပါ အဲဒါေၾကာင့္ ကၽြန္ေတာ္တို့ ကုမၼဏီအနီးမွာ ဆိုင္ဖြင့္ေပးဖို့ ေတာင္းဆိုထားလို့ပါ

လင္မယားႏွစ္ေယာက္ အံ့အားသင့္သြားသည္ သူတို့ဆိုင္စုတ္စုတ္ေလးမွာ ဘယ္လိုသူေဌးကမ်ား လာၿပီးစားဖူးပါလိမ့္ ၿပီးေတာ့လည္း သူတို့မွာရွိတာက အိုးစုတ္ခြက္စုတ္ေတြမို့ ကုမၼဏီႀကီးအနား ထမင္းဆိုင္သြားဖြင့္ရမွာ
ဘယ္လိုမွ မျဖစ္နိုင္လို့ သူတို့ျငင္းဆိုခဲ့တယ္

အဲဒီအတြက္ မပူပါနဲ႔ဗ်ာ ကၽြန္ေတာ့္သူေဌးမက အစစ အရာရာ ျပင္ဆင္ထားၿပီးသားပါ သြားၿပီး ခ်က္ျပဳတ္႐ုံသက္သက္ပါ…

အဲဒီသူေဌးမက ဘာျဖစ္လို့ သူတို့အေပၚ ဒီေလာက္ ေကာင္းေနရတာလည္းဆိုတာ သူတို့နားမလည္ခဲ့ ေနာက္ဆုံးေတာ့ သူတို့အေပၚ ေကာင္းတဲ့သူေဌးမႀကီးက တစ္ခ်ိန္က သူတို့ဆီက ထမင္းတစ္ထုပ္ လုပ္ေကၽြးခဲ့ဖူးတဲ့
ေက်ာင္းသားေလးမွန္းသိရေတာ့သည္….

ဦးနဲ႔အေဒၚသာ ကၽြန္မကို မကူညီေပးခဲ့ရင္ ကၽြန္မလဲ..ဒီလိုဘဝမ်ိဳး ေရာက္လာမည္မဟုတ္ အခုလို ျပန္လည္ေက်းဇူးဆပ္ခြင့္ရတာ သမီး
အရမ္းဝမ္းသာတယ္ဗ်ာ လိုတာရွိရင္ေျပာပါ ဘာမွ အားမနာၾကပါနဲ႔ …. (ေစတနာထားတတ္႐ုံနဲ႔ မလုံေလာက္ဘူး အဖက္ဖက္ကၾကည့္ၿပီး စာနာမူ႔လည္း ထားတတ္ရမယ္

ယခုလို IT ေခတ္မွာ မရွိသူကို ကူညီတတ္ၾကတဲ့ သူတစ္ခ်ိဳ့သတိထားသင့္တယ္ သူတစ္ပါးကိုကူညီးလိုလၽွင္ သူ႔ရဲ့ဂုဏ္သိကၡာကိုလည္း ထည့္ေတြးသင့္တယ္

ကိုယ့္ရဲ့ေစတနာကို ပုံရိုက္ၿပီး တင္ျပေနစရာမလိုဘူး ေစတနာေအာက္မွာ သူတစ္ပါးရဲ့ဂုဏ္သိကၡာေတြ နစ္ေပ်ာက္သြားတတ္လို့ပါ…..)

#Credit
#kokhinmgwin.crd.
#ပုံCredit#TNT

Unicode

ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင် သေးသေးလေးတစ်ဆိုင်မှာ ကောင်မလေးတစ်ယောက်က ထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်

* ဟိုလေ… သမီးကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ ရလားခင်ဗျ သမီးပိုက်ဆံမလောက်လို့ပါ…  ရပါတယ်သမီးရယ် ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက ယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက် လုပ်ပေးပါဦး အော်…ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်…

ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကိုကောင်မလေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ် ကောင်မလေးက သူ့ကိုထပ်မှာတယ်

ဟိုလေ… သမီးအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ် ထပ်လုပ်ပေးလို့ ရလားရှင့်……. ကောင်မလေးခမျာ ပြောသာပြောနေရတယ် သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါ….

#ရပါတယ်သမီးရယ် ဒါနဲ့ ဒီထမင်းထုတ်က….ဘာသွားလုပ်ဖို့လည်း

* သမီး ညနေကြရင် စားဖို့ပါ….ဦး ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့ မျက်လုံးနှင့်ကြည့်ပြီး…. အင်း..!ကောင်မလေးကြည့်ရတာ မြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေက ငွေကြေးအခက်ခဲ ရှိပုံရတယ်…!

အမှန်တကယ်တော့ သူတို့လင်မယားကလည်း တစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကို သူများငှားပေးလို့သာ ကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ…

ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့ …

“ရှင်ဘာလုပ်နေတာလည်း … #ကောင်မလေးအတွက် ထမင်းထည့်ပေးနေတာလေ

” အော်..ရှင်ကလည်းတုံးလိုက်တာ ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား ဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ ဘာလဲ ရှင်က ကျွန်မမြင်မှာ ကြောက်လို့လား ကြောက်စရာမဟုတ်တာရှင်ကျွန်မလည်း စာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါ #ဟာ…!ဒီမိန်းမ ဘာတွေလာပြောနေတာလည်း ဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာ ရောက်သွားမှာပေါ့ဟ ပြီးတော့လည်း သူရှက်သွားရင်နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်း

မိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီးပီတိဖြစ်မိသည် အမလေး ငါ့ယောက်ျားက သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲ လူတစ်ယောက်ကို အဖက်ဖက်က စာနာစိတ်ကလည်း ကြီးမားပါလေရဲ့ …..

ဒီလိုနဲ့ပဲ ကောင်မလေးဟာ သူတို့ဆိုင်မှာလာပြီး ကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ် သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုး
မရိုးလေအောင် ဟင်းအမျိုးမျိုးကို ထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်… ကျောင်းပြီးသွားတော့ ကောင်မလေးကသူတို့ဆိုင်ကို ၁၀ နှစ်ကြာမျှတောင် တစ်ခါမှ ရောက်မလာတော့ပါ

တစ်နေ့တော့ မြေပိုင်ရှင်က မြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်း ဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း လာပြောသောအခါ လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီး အိမ်မှာ ထိုင်မိူင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ ကားတစ်စီးက လာ၍ထိုးရပ်လာသည် လူတယောက်က ကားပေါ်မှ ဆင်းပြီး သူတို့ရှိရာ လျှောက်၍လာသည်..

ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးပါခင်ဗျ ကျွန်တော့်သူဌေးမက အဒေါ်တို့လင်မယားချက်တဲ့ ဟင်းကို အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ အဲဒါကြောင့် ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ

လင်မယားနှစ်ယောက် အံ့အားသင့်သွားသည် သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့် ပြီးတော့လည်း သူတို့မှာရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာ
ဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ငြင်းဆိုခဲ့တယ်

အဲဒီအတွက် မပူပါနဲ့ဗျာ ကျွန်တော့်သူဌေးမက အစစ အရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီး ချက်ပြုတ်ရုံသက်သက်ပါ…

အဲဒီသူဌေးမက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက် ကောင်းနေရတာလည်းဆိုတာ သူတို့နားမလည်ခဲ့ နောက်ဆုံးတော့ သူတို့အပေါ် ကောင်းတဲ့သူဌေးမကြီးက တစ်ချိန်က သူတို့ဆီက ထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့
ကျောင်းသားလေးမှန်းသိရတော့သည်….

ဦးနဲ့အဒေါ်သာ ကျွန်မကို မကူညီပေးခဲ့ရင် ကျွန်မလဲ..ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ် အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ သမီး
အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါ ဘာမှ အားမနာကြပါနဲ့ …. (စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ်

ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ် သူတစ်ပါးကိုကူညီးလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ်

ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေ နစ်ပျောက်သွားတတ်လို့ပါ…..)

#Credit
#kokhinmgwin.crd.
#ပုံCredit#TNT

Add a Comment

Your email address will not be published. Required fields are marked *