ဗိုလ္ခ်ဳပ္ေမြးတဲ့အရပ္က ဗိုလ္ခ်ဳပ္စိတ္ဓာတ္နဲ႔လူတစ္ေယာက္…

ဗိုလ္ခ်ဳပ္ေမြးတဲ့အရပ္က ဗိုလ္ခ်ဳပ္စိတ္ဓာတ္နဲ႔လူတစ္ေယာက္

သူ႔မွာ မိန္းမမရွိဘူး။ ကေလးလဲ မရွိဘူး။ ဒါေပမဲ့ လခထုတ္ရင္ေတာ့ သူ႔ဘဏ္စာရင္းက ရႈပ္ရွက္ခတ္ေနတာပဲ။ ဘဏ္က ဝန္ထမ္းမေလးေတြကညည္းၾကတယ္။ ဒီဝန္ႀကီးခ်ဳပ္က သူ႔လခကို အေကာင့္ ၂၀ေလာက္ဆီ ခြဲထည့္ခိုင္းတာ။ တစ္ေယာက္ ၅ေသာင္း၊ ၃ေသာင္းနဲ႔ အလုပ္ကို ရႈပ္ေနတာပဲ … တဲ့။

ဒီလိုသာ ညည္းေနေပမဲ့ သူတို႔မ်က္ႏွာေလးေတြကၿပဳံးေနတယ္။ သူတို႔လည္း,သူတို႔ဝန္ႀကီးခ်ဳပ္က••• ပညာသင္ေထာက္ပံ့ေၾကးေပးတဲ့လစဥ္အလႉကိုအက်ိဳးေဆာင္ေပးေနရလို႔ကုသိုလ္ေတြရတယ္ေလ။ တကယ္လို႔”သင္ဟာ”မေကြးတိုင္းက ျပည္သူေတြမ်ားေတြ႕မိရင္ေမးၾကည့္ပါ။ ျပည္သူအစစ္ကိုေမးပါ။ အမ်ားစုကိုေမးပါ။ သူတို႔အားလုံးေျဖလိမ့္မယ္။ ဒီဝန္ႀကီးခ်ဳပ္က အေကာင္းဆုံး။ ၿပီးေတာ့ ဆက္ေျပာၾကလိမ့္မယ္•• ဒီဝန္ႀကီးခ်ဳပ္ကို•••• “သူတို႔”ဆီက မေျပာင္းပါနဲ႔ … တဲ့။

သူ႔နာမည္•••••• “ေဒါက္တာေအာင္မိုးညိဳ”လို႔ေခၚတယ္။ ႏိုင္ငံေတာ္ကေပးတဲ့အိမ္မွာ,သူေနႏိုင္ငံေတာ္က ခဏေပးေနထားတဲ့ ဝန္ႀကီးခ်ဳပ္အိမ္ခမ္းခမ္းနားနားႀကီးမွာ သူပိုင္ ပရိေဘာဂႀကီးတစ္ခုႀကီးမ်ားေတာင္ သယ္လာတယ္။ “ဝါးကုလားထိုင္”… တဲ့။ အဲ့ဒီဝါးကုလားထိုင္မွာခ်ိတ္ထားတာက ေလးခြေလးတစ္လက္။ ဝန္ႀကီးခ်ဳပ္ႀကီးရဲ႕ကာကြယ္ေရး-ပစၥည္းေပါ့ေလ။

မေကြးတိုင္းဆိုတာကေရနံထြက္တဲ့ ျမန္မာျပည္အလယ္ပိုင္းက•••• အသံသိပ္မထြက္တဲ့တိုင္း••• ဒီေနရာမွာ အဂတိလိုက္စားခ်င္ရင္– သိုသိုသိပ္သိပ္ လုပ္ႏိုင္တဲ့ေနရာ။ ဒါေပမဲ့ အခု ဝန္ႀကီးခ်ဳပ္က သူ႔လခေတာင္ မေလာက္ရွာဘူးတဲ့။ ဝန္ထမ္းေတြဆိုလဲသူ႔မွာမုန႔္ဖိုးေပးရတာနဲ႔။ ခ်ိဳ႕ငဲ့သူေတြဆိုလဲ ေပးခ်င္ကမ္းခ်င္နဲ႔။ ဒီအတြက္ထြက္တာသူ႔အိတ္ထဲက၊ သူ႔ရဲ႕ကိုယ္ပိုင္ ပိုက္ဆံ။

သူ႔ဝန္ႀကီးခ်ဳပ္႐ုံး ဦးစီးမႉးက– လမ္းခရီးေတြသြားရင္•• သူ႔နားက ခြာခြာေလး လိုက္ေပးတယ္။ ဝန္ႀကီးခ်ဳပ္ဆိုေတာ့•• ဒါေပမဲ့ •••• ႐ြာတစ္႐ြာေရာက္လို႔ သက္ႀကီး႐ြယ္အိုေတြ၊ ႏြမ္းပါးသူေတြမ်ားေတြ႕မိရင္•••• ဒီဝန္ႀကီးခ်ဳပ္ႀကီးက သူ႔အိတ္သူ စမ္းေရာဗ် ဘယ္ရွိေတာ့မလဲ,ပိုက္ဆံ၊သူ႔လခဆိုတာသူလႉဒါန္းေပးကမ္းေနတာေတြနဲ႔မွမေလာက္တာပဲ။

ဒီေတာ့ သူက လွမ္းေအာ္တယ္။ ေဟ့ ကိုစိုးေက်ာ္ထြန္းေရ (ဦးစီးမႉး)လာစမ္းပါေဟ့ “ေငြ ၃ေသာင္းေလာက္ ေခ်းစမ္းပါ” ေၾသာ္ ဒီဝန္ႀကီးခ်ဳပ္ႀကီးႏွယ္ခက္ေတာ့တာပဲ လူၾကားထဲမွကိုယ့္လက္ေအာက္,ငယ္သားဆီက ပိုက္ဆံျပန္ေခ်းေနရတယ္လို႔••• ၿပီးေတာ့ သူ႔ဖို႔လဲ မဟုတ္။ မရွိ ႏြမ္းပါးသူကို လႉဖို႔ ေပးကမ္းဖို႔။ ၿပီးရင္ မင္းပိုက္ဆံ ျပန္ဆပ္မွာေနာ္ လခထုတ္ရင္ ငါ ျပန္ဆပ္မွာ။

ဒီလိုနဲ႔ လခထုတ္ရင္ ေပးလိုက္ကမ္းလိုက္၊ အေႂကြးေတြျပန္ဆပ္လိုက္နဲ႔ သူ႔မွာ သံသရာလည္ေနေတာ့တာပဲ။ အခုဆို မေကြးတိုင္းမွာ လမ္းေတြကလဲ ျပင္လိုက္ ခင္းလိုက္တာ အမ်ားႀကီး။ မီးေတြကလဲ ေနရာမ်ားစြာ ထပ္ထပ္လင္းလို႔ အျပည့္စုံဆုံးမဟုတ္ေသးရင္ေတာ့ တဆင့္ခ်င္းတိုးတက္ေနတဲ့အျဖစ္။ ကိုယ္တိုင္ႀကဳံရသူတစ္ဦးက ေျပာျပတယ္။ အစည္းအေဝးတစ္ခုမွာ •သူတို႔က ေျပာတယ္။ စီးပြားေရးသမားေတြကိုလည္း အကူညီေပးဖို႔ ေဆာ္ၾသေပးပါဆိုေတာ့ အစိုးရအေနနဲ႔ပဲ တတ္ႏိုင္သေလာက္လုပ္ရေအာင္တဲ့ စီးပြားေရးသမားဆိုတာ ၁၀ဖိုးကူရင္ ၁၀၀ ဖိုးျပန္ောတင္းမွာတဲ့။

ငါးမူးတန္းက ႐ုပ္ရွင္ၾကည္ခဲ့တဲ့ဗိုလ္ခ်ဳပ္ကိုျပန္သတိရမိေသးေတာ့ …။ ဒီနယ္သားေတြကပဲ ႐ိုးသားၾကသလား? ဒီနယ္သားခ်င္းမို႔ မေကြးက ျပည္သူေတြက ေျပာၾကတယ္။ ေဒါက္တာေအာင္မိုးညိဳသာ တခ်ိန္ေျပာင္းသြားခဲ့ရင္ ေနာက္ေရာက္မယ့္ ဝန္ႀကီးခ်ဳပ္ေတာ့ အေတာ္ကံဆိုးမွာတဲ့။ သူတို႔စိတ္မွာ ဒီေဒါက္တာႀကီးဟာ စံတစ္ခုျဖစ္သြားၿပီ,ေနာက္လာသမွ် ဒီေပတံနဲ႔ပဲတိုင္းေတာ့မွာ။ ဟင္ သူ႔လိုလဲ မေကာင္းပါလား? သူ႔ေလာက္ မ႐ိုးေျဖာင့္ပါလား?

ဝန္ႀကီးခ်ဳပ္အဆင့္နယ္ဆင္းရင္ အရင္က လႉသမွ်တန္းသမွ် ေပးကမ္းသမွ်ေတြအတြက္ ႏိုင္ငံေတာ္ေငြကေန ယူသုံးၾကတယ္။ အလႉလက္ဘက္နဲ႔ မ်က္ႏွာလုပ္ၾက• သူကေတာ့ ဒါမ်ိဳးကိုလဲ မသိ၊ လုပ္လဲ မလုပ္တတ္။ နယ္ကိုဆင္းရင္း ႏြမ္းပါးသူတစ္ေယာက္ေတြ႕ရင္,သူလက္က သူ႔အိတ္ကပ္ဆီ အလိုေလ်ာက္။ လမ္းေပၚမွာ ခ်မ္းေနရွာသူကို အေႏြးထည္ဆင္းဝတ္ေပးတဲ့ ဗိုလ္ခ်ဳပ္ကိုပဲ သတိရေသးေတာ့။

အနီေရာင္ကာဗာနဲ႔ iPad ေလးတစ္ခုက သူ႔စားပြဲေပၚမွာအၿမဲရွိတယ္။ သူသြားေလရာတိုင္းလိုလို ပါတယ္။ ဒါက သူ႔ရဲ႕ တန္ဖိုးအရွိဆုံးစည္းစိမ္တဲ့။ ျပထားတဲ့ ဓာတ္ပုံမွာ ဦးထုတ္ႀကီးနဲ႔ အမ်ားနည္းတူ ထိုင္စားေနတဲ့သူ႔ကိုျမင္ၾကရလိမ့္မယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလို အႂကြင္းမဲ့႐ိုးသားေျဖာင့္မတ္သူေတြ ျမန္မာ့ႏိုင္ငံေရးေလာကမွာ ဘယ္ႏွစ္ေယာက္မ်ားရွိႏိုင္မလဲ? ေဟာ့ဒီမွာ တစ္ေယာက္။•••••••

#အေမစုပါတီNLDကိုမဲေပးပါ။

[ဒီ Post အခ်က္အလက္ေတြနဲ႔ ဓာတ္ပုံေတြအတြက္ ကိုသူရေအာင္ ကိုေက်းဇူးတင္ပါတယ္]

Unicode

ဗိုလ်ချုပ်မွေးတဲ့အရပ်က ဗိုလ်ချုပ်စိတ်ဓာတ်နဲ့လူတစ်ယောက်

သူ့မှာ မိန်းမမရှိဘူး။ ကလေးလဲ မရှိဘူး။ ဒါပေမဲ့ လခထုတ်ရင်တော့ သူ့ဘဏ်စာရင်းက ရှုပ်ရှက်ခတ်နေတာပဲ။ ဘဏ်က ဝန်ထမ်းမလေးတွေကညည်းကြတယ်။ ဒီဝန်ကြီးချုပ်က သူ့လခကို အကောင့် ၂၀လောက်ဆီ ခွဲထည့်ခိုင်းတာ။ တစ်ယောက် ၅သောင်း၊ ၃သောင်းနဲ့ အလုပ်ကို ရှုပ်နေတာပဲ … တဲ့။

ဒီလိုသာ ညည်းနေပေမဲ့ သူတို့မျက်နှာလေးတွေကပြုံးနေတယ်။ သူတို့လည်း,သူတို့ဝန်ကြီးချုပ်က••• ပညာသင်ထောက်ပံ့ကြေးပေးတဲ့လစဉ်အလှူကိုအကျိုးဆောင်ပေးနေရလို့ကုသိုလ်တွေရတယ်လေ။ တကယ်လို့”သင်ဟာ”မကွေးတိုင်းက ပြည်သူတွေများတွေ့မိရင်မေးကြည့်ပါ။ ပြည်သူအစစ်ကိုမေးပါ။ အများစုကိုမေးပါ။ သူတို့အားလုံးဖြေလိမ့်မယ်။ ဒီဝန်ကြီးချုပ်က အကောင်းဆုံး။ ပြီးတော့ ဆက်ပြောကြလိမ့်မယ်•• ဒီဝန်ကြီးချုပ်ကို•••• “သူတို့”ဆီက မပြောင်းပါနဲ့ … တဲ့။

သူ့နာမည်•••••• “ဒေါက်တာအောင်မိုးညို”လို့ခေါ်တယ်။ နိုင်ငံတော်ကပေးတဲ့အိမ်မှာ,သူနေနိုင်ငံတော်က ခဏပေးနေထားတဲ့ ဝန်ကြီးချုပ်အိမ်ခမ်းခမ်းနားနားကြီးမှာ သူပိုင် ပရိဘောဂကြီးတစ်ခုကြီးများတောင် သယ်လာတယ်။ “ဝါးကုလားထိုင်”… တဲ့။ အဲ့ဒီဝါးကုလားထိုင်မှာချိတ်ထားတာက လေးခွလေးတစ်လက်။ ဝန်ကြီးချုပ်ကြီးရဲ့ကာကွယ်ရေး-ပစ္စည်းပေါ့လေ။

မကွေးတိုင်းဆိုတာကရေနံထွက်တဲ့ မြန်မာပြည်အလယ်ပိုင်းက•••• အသံသိပ်မထွက်တဲ့တိုင်း••• ဒီနေရာမှာ အဂတိလိုက်စားချင်ရင်– သိုသိုသိပ်သိပ် လုပ်နိုင်တဲ့နေရာ။ ဒါပေမဲ့ အခု ဝန်ကြီးချုပ်က သူ့လခတောင် မလောက်ရှာဘူးတဲ့။ ဝန်ထမ်းတွေဆိုလဲသူ့မှာမုန့်ဖိုးပေးရတာနဲ့။ ချို့ငဲ့သူတွေဆိုလဲ ပေးချင်ကမ်းချင်နဲ့။ ဒီအတွက်ထွက်တာသူ့အိတ်ထဲက၊ သူ့ရဲ့ကိုယ်ပိုင် ပိုက်ဆံ။

သူ့ဝန်ကြီးချုပ်ရုံး ဦးစီးမှူးက– လမ်းခရီးတွေသွားရင်•• သူ့နားက ခွာခွာလေး လိုက်ပေးတယ်။ ဝန်ကြီးချုပ်ဆိုတော့•• ဒါပေမဲ့ •••• ရွာတစ်ရွာရောက်လို့ သက်ကြီးရွယ်အိုတွေ၊ နွမ်းပါးသူတွေများတွေ့မိရင်•••• ဒီဝန်ကြီးချုပ်ကြီးက သူ့အိတ်သူ စမ်းရောဗျ ဘယ်ရှိတော့မလဲ,ပိုက်ဆံ၊သူ့လခဆိုတာသူလှူဒါန်းပေးကမ်းနေတာတွေနဲ့မှမလောက်တာပဲ။

ဒီတော့ သူက လှမ်းအော်တယ်။ ဟေ့ ကိုစိုးကျော်ထွန်းရေ (ဦးစီးမှူး)လာစမ်းပါဟေ့ “ငွေ ၃သောင်းလောက် ချေးစမ်းပါ” သြော် ဒီဝန်ကြီးချုပ်ကြီးနှယ်ခက်တော့တာပဲ လူကြားထဲမှကိုယ့်လက်အောက်,ငယ်သားဆီက ပိုက်ဆံပြန်ချေးနေရတယ်လို့••• ပြီးတော့ သူ့ဖို့လဲ မဟုတ်။ မရှိ နွမ်းပါးသူကို လှူဖို့ ပေးကမ်းဖို့။ ပြီးရင် မင်းပိုက်ဆံ ပြန်ဆပ်မှာနော် လခထုတ်ရင် ငါ ပြန်ဆပ်မှာ။

ဒီလိုနဲ့ လခထုတ်ရင် ပေးလိုက်ကမ်းလိုက်၊ အကြွေးတွေပြန်ဆပ်လိုက်နဲ့ သူ့မှာ သံသရာလည်နေတော့တာပဲ။ အခုဆို မကွေးတိုင်းမှာ လမ်းတွေကလဲ ပြင်လိုက် ခင်းလိုက်တာ အများကြီး။ မီးတွေကလဲ နေရာများစွာ ထပ်ထပ်လင်းလို့ အပြည့်စုံဆုံးမဟုတ်သေးရင်တော့ တဆင့်ချင်းတိုးတက်နေတဲ့အဖြစ်။ ကိုယ်တိုင်ကြုံရသူတစ်ဦးက ပြောပြတယ်။ အစည်းအဝေးတစ်ခုမှာ •သူတို့က ပြောတယ်။ စီးပွားရေးသမားတွေကိုလည်း အကူညီပေးဖို့ ဆော်သြပေးပါဆိုတော့ အစိုးရအနေနဲ့ပဲ တတ်နိုင်သလောက်လုပ်ရအောင်တဲ့ စီးပွားရေးသမားဆိုတာ ၁၀ဖိုးကူရင် ၁၀၀ ဖိုးပြန်ောတင်းမှာတဲ့။

ငါးမူးတန်းက ရုပ်ရှင်ကြည်ခဲ့တဲ့ဗိုလ်ချုပ်ကိုပြန်သတိရမိသေးတော့ …။ ဒီနယ်သားတွေကပဲ ရိုးသားကြသလား? ဒီနယ်သားချင်းမို့ မကွေးက ပြည်သူတွေက ပြောကြတယ်။ ဒေါက်တာအောင်မိုးညိုသာ တချိန်ပြောင်းသွားခဲ့ရင် နောက်ရောက်မယ့် ဝန်ကြီးချုပ်တော့ အတော်ကံဆိုးမှာတဲ့။ သူတို့စိတ်မှာ ဒီဒေါက်တာကြီးဟာ စံတစ်ခုဖြစ်သွားပြီ,နောက်လာသမျှ ဒီပေတံနဲ့ပဲတိုင်းတော့မှာ။ ဟင် သူ့လိုလဲ မကောင်းပါလား? သူ့လောက် မရိုးဖြောင့်ပါလား?

ဝန်ကြီးချုပ်အဆင့်နယ်ဆင်းရင် အရင်က လှူသမျှတန်းသမျှ ပေးကမ်းသမျှတွေအတွက် နိုင်ငံတော်ငွေကနေ ယူသုံးကြတယ်။ အလှူလက်ဘက်နဲ့ မျက်နှာလုပ်ကြ• သူကတော့ ဒါမျိုးကိုလဲ မသိ၊ လုပ်လဲ မလုပ်တတ်။ နယ်ကိုဆင်းရင်း နွမ်းပါးသူတစ်ယောက်တွေ့ရင်,သူလက်က သူ့အိတ်ကပ်ဆီ အလိုလျောက်။ လမ်းပေါ်မှာ ချမ်းနေရှာသူကို အနွေးထည်ဆင်းဝတ်ပေးတဲ့ ဗိုလ်ချုပ်ကိုပဲ သတိရသေးတော့။

အနီရောင်ကာဗာနဲ့ iPad လေးတစ်ခုက သူ့စားပွဲပေါ်မှာအမြဲရှိတယ်။ သူသွားလေရာတိုင်းလိုလို ပါတယ်။ ဒါက သူ့ရဲ့ တန်ဖိုးအရှိဆုံးစည်းစိမ်တဲ့။ ပြထားတဲ့ ဓာတ်ပုံမှာ ဦးထုတ်ကြီးနဲ့ အများနည်းတူ ထိုင်စားနေတဲ့သူ့ကိုမြင်ကြရလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းလို အကြွင်းမဲ့ရိုးသားဖြောင့်မတ်သူတွေ မြန်မာ့နိုင်ငံရေးလောကမှာ ဘယ်နှစ်ယောက်များရှိနိုင်မလဲ? ဟော့ဒီမှာ တစ်ယောက်။•••••••

#အမေစုပါတီNLDကိုမဲပေးပါ။

[ဒီ Post အချက်အလက်တွေနဲ့ ဓာတ်ပုံတွေအတွက် ကိုသူရအောင် ကိုကျေးဇူးတင်ပါတယ်]