သမီးက ကိုယ့္အတြက္ပိုက္ဆံပန္းစည္းလုပ္ေပးေနမွန္းမသိဘဲ ဝင္ၿပီးကူညီေပးေနခဲ့တဲ့ ဖခင္

ကိုယ့္ရဲ႕မိဘေတြအတြက္ လက္ေဆာင္တစ္ခုခုဝယ္ေပးမယ္ဆိုရင္ ပစၥည္းကေဈးမႀကီးဘူးဆိုရင္ေတာင္ သူတို႔ေတြက တန္ဖိုးထား ၊ အေလးထားတတ္ၾကပါတယ္ ။ မၾကာေသးခင္က Salwani အမည္ရွိတဲ့ မိန္းကေလးဟာ သူမဖခင္ရဲ႕ ခ်စ္ဖို႔ေကာင္းလြန္းတဲ့အျပဳအမႈကို Twitter မွာ ေဝမွ်ခဲ့ပါတယ္ ။ အဲတာကေတာ့ Salwani ဟာ သူမရဲ႕ဖခင္ေမြးေန႔အတြက္ ပိုက္ဆံပန္းစည္းေလးလုပ္ေပးေနရင္းနဲ႔ အလုပ္ရႈပ္ေနခဲ့တာပါ ။ သို႔ေပမဲ့လည္း ဖခင္ျဖစ္သူက ဘာမွမသိဘဲ ပိုက္ဆံပန္းစည္းလုပ္ေနတဲ့ သမီးေလးကိုလာေရာက္ ကူညီေပးခဲ့ပါတယ္ ။

” ျပသာနာက အေဖ့ရဲ႕ေမြးေန႔အတြက္ ပန္းစည္းလုပ္ေနတာ အဲတာကိုပိုင္ရွင္က ဘာမွမသိဘဲ ပန္းစည္းကိုကိုယ္တိုင္ျပင္ဆင္ေနေတာ့တာပဲ ၊ တျခားသူေအာ္ဒါမွာထားတာဆိုၿပီး သူ႔ကိုလိမ္ထားရတာ ၊ ဟန္ေဆာင္ရတာ ေတာ္ေတာ္ခက္တယ္ ၊ သူက ကမာၻေပၚမွာက်န္ခဲ့တဲ့ ကြၽန္မရဲ႕တစ္ခုတည္းေသာ ရတနာေလးပါပဲ ” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။

အေမဆုံးသြားၿပီးေနာက္ပိုင္း အေဖ့ကိုေပ်ာ္႐ႊင္ေအာင္ထားေပးရတာက ကြၽန္မအတြက္အေပ်ာ္႐ႊင္ဆုံးအရာပါပဲ ၊ ကြၽန္မမွာ အေဖပဲ က်န္ေတာ့တာ ဆိုၿပီး သူမရဲ႕အျဖစ္ကိုလည္း ေရးသားခဲ့ပါတယ္ ။ ထို႔အျပင္ သူမက ဖခင္ျဖစ္သူကို က်န္းမာသန္စြမ္းၿပီး အသက္ရွည္စြာေနထိုင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနလ်က္ရွိၿပီး ” အေဖလုပ္ေပးခဲ့တဲ့အရာေတြကို ျပန္ေပးဆပ္ႏိုင္ဖို႔ ကြၽန္မကိုအခ်ိန္ေတြေပးပါအုံး အေဖ ” ဆိုၿပီးေတာ့လည္း ေရးသားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်ရဲ့မိဘတွေအတွက် လက်ဆောင်တစ်ခုခုဝယ်ပေးမယ်ဆိုရင် ပစ္စည်းကဈေးမကြီးဘူးဆိုရင်တောင် သူတို့တွေက တန်ဖိုးထား ၊ အလေးထားတတ်ကြပါတယ် ။ မကြာသေးခင်က Salwani အမည်ရှိတဲ့ မိန်းကလေးဟာ သူမဖခင်ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုကို Twitter မှာ ဝေမျှခဲ့ပါတယ် ။

အဲတာကတော့ Salwani ဟာ သူမရဲ့ဖခင်မွေးနေ့အတွက် ပိုက်ဆံပန်းစည်းလေးလုပ်ပေးနေရင်းနဲ့ အလုပ်ရှုပ်နေခဲ့တာပါ ။ သို့ပေမဲ့လည်း ဖခင်ဖြစ်သူက ဘာမှမသိဘဲ ပိုက်ဆံပန်းစည်းလုပ်နေတဲ့ သမီးလေးကိုလာရောက် ကူညီပေးခဲ့ပါတယ် ။

” ပြသာနာက အဖေ့ရဲ့မွေးနေ့အတွက် ပန်းစည်းလုပ်နေတာ အဲတာကိုပိုင်ရှင်က ဘာမှမသိဘဲ ပန်းစည်းကိုကိုယ်တိုင်ပြင်ဆင်နေတော့တာပဲ ၊ တခြားသူအော်ဒါမှာထားတာဆိုပြီး သူ့ကိုလိမ်ထားရတာ ၊ ဟန်ဆောင်ရတာ တော်တော်ခက်တယ် ၊ သူက ကမ္ဘာပေါ်မှာကျန်ခဲ့တဲ့ ကျွန်မရဲ့တစ်ခုတည်းသော ရတနာလေးပါပဲ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။

အမေဆုံးသွားပြီးနောက်ပိုင်း အဖေ့ကိုပျော်ရွှင်အောင်ထားပေးရတာက ကျွန်မအတွက်အပျော်ရွှင်ဆုံးအရာပါပဲ ၊ ကျွန်မမှာ အဖေပဲ ကျန်တော့တာ ဆိုပြီး သူမရဲ့အဖြစ်ကိုလည်း ရေးသားခဲ့ပါတယ် ။ ထို့အပြင် သူမက ဖခင်ဖြစ်သူကို ကျန်းမာသန်စွမ်းပြီး အသက်ရှည်စွာနေထိုင်နိုင်ဖို့ မျှော်လင့်နေလျက်ရှိပြီး ” အဖေလုပ်ပေးခဲ့တဲ့အရာတွေကို ပြန်ပေးဆပ်နိုင်ဖို့ ကျွန်မကိုအချိန်တွေပေးပါအုံး အဖေ ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz