Media Sharing https://itechmedia.info/mm News and Media Sharing Sat, 13 Jun 2020 00:33:48 +0000 en-US hourly 1 https://wordpress.org/?v=5.4.4 အရာရာကို အောင်မြင်စေသော မဟာမုနိ ကိုးဂါထာ လူတိုင်းဆောင် ထားပါ https://itechmedia.info/mm/archives/6223 https://itechmedia.info/mm/archives/6223#respond Sat, 13 Jun 2020 00:33:48 +0000 https://itechmedia.info/mm/?p=6223 အရာရာကို အောင်မြင်စေသော မဟာမုနိ ကိုးဂါထာ လူတိုင်းဆောင် ထားပါ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ ဇယော (၉ ခေါက်ရွတ်)
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ လာဘော
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ သုခေါ။
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ ဘောဂေါ။
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ ယသော။
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ ဗလော။
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ တေဇော။
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာ ဣန္ဒော။
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယှံဒိပေါ မယှံနာထော
မယှံဒေတု မဟာပုညော ။
တစ်နေ့လျင် တစ်မျိုးမျိုး ၉ ကြိမ်ရွတ်ဖတ် ပူဇော်ပါ
ဆုတောင်း
မံ … အကျွန်ပ်ကို
နိစ္စံ … အမြဲ
မိဘဂုဏ်ရည် ဆရာတော်
Unicode
အရာရာကို အောင်မြင်စေသော မဟာမုနိ ကိုးဂါထာ လူတိုင်းဆောင် ထားပါ
မဟာမုနိ ကိုးဂါထာ လူတိုင်းဆောင် ထားပါ
အရာရာကို အောင်မြင်စေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ ဇယော (၉ ခေါက်ရွတ်)
စီးပွါးလာဘ်လာဘ တိုးတက် စေသောဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ လာဘော
ချမ်းသာသုခ အဖြာဖြာကို ရစေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ သုခေါ။
စည်းစိမ် အသုံးအဆောင်များ ရစေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ ဘောဂေါ။
အခြွေအရံ အသင်းအပင်းများ ရစေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ ယသော။
ခွန်အားဗလ ရရှိစေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ ဗလော။
ဘုန်းတန်ခိုး အာနုဘော် ပြည့်စုံစေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ တေဇော။
တန်ခိုးဣဒ္ဓိပါတ်ကြီးစေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာ ဣန္ဒော။
ဘုန်းကျက်သရေ တိုးစေသော ဂါထာ
မဟာမုနိ မဟာပုညော
မဟာတေဇော မဟိဒ္ဓိကော
မယံှဒိပေါ မယံှနာထော
မယံှဒေတု မဟာပုညော ။
တစ်နေ့လျင် တစ်မျိူ းမျိူ း ၉ ကြိမ်ရွတ်ဖတ် ပူဇော်ပါ
ဆုတောင်း
မဟာမုနိ … မဟာမုနိ မည်ရှိထင်ပေါ် ရုပ်ရှင်တော် မြတ်ဘုရား…
ဧတေန သစ္စဝစ္စေန … ဤမှန်ကန်သော သစ္စာ စကားကြောင့်
သမ္မာဒေဝေါ … နတ်ကောင်း နတ်မြတ် နတ်အပေါင်းသည်
မံ … အကျွန်ပ်ကို
သဒါ .. နေ့ရောညပါဘယ်ခါမဆိုင်း အချိန်တိုင်း
နိစ္စံ … အမြဲ
ပါလေတု … စောင့်ရှောက် ကူညီ မစ တော်မူပါ အရှင်ဘုရား။
မိဘဂုဏ်ရည် ဆရာတော်
]]>
https://itechmedia.info/mm/archives/6223/feed 0
ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ဘေးဒုက္ခတွေက အခုမှ စမှာတဲ့… https://itechmedia.info/mm/archives/6221 https://itechmedia.info/mm/archives/6221#respond Fri, 12 Jun 2020 15:49:40 +0000 https://itechmedia.info/mm/?p=6221 ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ဘေးဒုက္ခတွေက အခုမှ စမှာတဲ့…
အခုမှ စမှာ တဲ့
အခုမှ စမှာ တဲ့ …။ ။
Unicode
ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ဘေးဒုက္ခတွေက အခုမှ စမှာတဲ့…
အခုမှ စမှာ တဲ့
ကိုဗစ်ရောဂါပိုးစတွေတော့ ကြောက်စရာကောင်းလိုက်တာ ဆိုပြီးတကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်ကြတယ်…။ တကယ်လည်း ကြောက်စရာကောင်းလှပါတယ် …။
နိုင်ငံတိုင်းမှာ သေကြ ကျေကြတာအများကြီးပါပဲ…။ ရောဂါပိုးအတွက် ဆေးမရှိသေးဘူး စိုးရိမ်ထိတ်လန့်နေတုန်းရှိသေးတယ် …။
အမေရိကန်ကစတဲ့ လူမျိုးရေး ပဋိပက္ခဟာ တခုတကမ္ဘာလုံးကို ကူးစက်ပြန့်ပွားပြီး အခြေအနေကိုမထိမ်းနိုင်ခဲ့ရင် ကိုဗစ်ထက်ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်ဖို့ တာစူနေကြပြီ …။
ကိုဗစ်အတွက်ထုတ်ထားတဲ့စည်းကမ်းချက်တွေဟာ ဆန္ဒပြမူ့အောက်မှာ ပျောက်ဆုံးခဲ့ရပြီ ဆန္ဒပြမှုတွေရပ်သွားပြီးဆိုရင်တောင် ကိုဗစ် ကူးစက်မှုက ကြောက်စရာကောင်းလောက်အောင်မြင့်တက်လာမှာ အသေအချာပါပဲ …။
အခု အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့မှာ ကူးစက်မှုနုန်းက အရမ်းမြင့်မားနေပြီး မြန်မာနိုင်ငံအတွက်ပါ ကြောက်စရာကောင်းလှတဲ့ အခြေအနေတွေဖြစ်လာနေပြီ …။
တကမ္ဘာလုံးရဲ့ စီးပွားရေးဆုတ်ယုတ်မှုဟာ မှန်းဆလို့မရလောက်အောင်ကို ဆုတ်ယုတ်ပျက်စီးနေပြီ …။
ကိုဗစ်ဟာ ကြောက်စရာကောင်းတယ်လို့ထင်နေတဲ့အချိန်မှာ ကိုဗစ်ထက်ဆိုးရွားနိုင်တဲ့အခြေအနေတခုကို လူသားတွေ ထပ်ပြီး ရင်ဆိုင်ရပြန်တယ် …။
ဒါနဲ့ရော ပြီးသွားမှာလားလို့ မေးစရာရှိတယ်…။ မပြီးသေးပါဘူး တဲ့…။အခုဖြစ်နေတဲ့ အခြေအနေတွေဟာ အရမ်းဆိုးရွားနေပြီလို့ ထင်ထားကြပေမဲ့ မထင်ကြပါနဲ့အုံး …။
အခုထက်ပိုဆိုးတဲ့ အခြေအနေ တွေ ထပ်ပြီးလာဖို့ ကျန်သေးတယ်တဲ့…..ကမ္ဘာကြီးပြောင်းလဲစေဖို့ ပျက်စီးပေးရမဲ့ ပျက်စီးမူ့တွေက အခုမှ စမှာ တဲ့ …။
ကဲ……ဘာတွေလာမလဲ ဘာတွေဖြစ်မလဲ ဆိုတာ စောင့်သာကြည့်ကြပေတော့…။ ယုံကြည်တဲ့သူတွေ ဘုရား တရားသာ ပိုလုပ်ထားကြဖို့ တိုက်တွန်းပါတယ် …။
အခုမှ စမှာတဲ့….ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ ဘေးဒုက္ခတွေ တခုပြီးတခု ထပ်လာလိမ့်ဦးမယ်တဲ့ …။
ချိန်းခြောက်မူ့ လို့ အပြောခံရတော့မှာမို့ ဒီလောက်ပဲ ပြောပါရစေတော့ …။
အခုမှ စမှာ တဲ့ …။ ။
ဦးမြင့်ခိုင် / ယုံကြည်လျှင် share နိုင်ပါသည် …။
]]>
https://itechmedia.info/mm/archives/6221/feed 0
လက်မထပ်ခင် သင့်ချစ်သူကို မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု… https://itechmedia.info/mm/archives/6216 https://itechmedia.info/mm/archives/6216#respond Fri, 12 Jun 2020 15:27:14 +0000 https://itechmedia.info/mm/?p=6216 လက်မထပ်ခင် သင့်ချစ်သူကို မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု…
Unicode
လက်မထပ်ခင် သင့်ချစ်သူကို မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု…
အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုးဆိုတာက ပြုလုပ်ပြီးရင် ပြန်ပြင်ဖို့ ခက်ခဲတဲ့ အရေးကိစ္စတွေဖြစ်ပါတယ်။ ဒီထဲကမှ အိမ်ထောင်ပြုခြင်းဟာ သင့်ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ အခြားလူတစ်ယောက်နဲ့ သင့်ရဲ့ဘဝတစ်ခုလုံးကို အတူကုန်ဆုံးဖို့၊ အရာရာအားလုံးကို ဝေမျှခံစားဖို့၊ ပေးဆပ်တတ်ဖို့ ဆုံးဖြတ်ရတဲ့ အချိန်ဖြစ်ပါတယ် …။
ဒီလိုဆုံးဖြတ်ရတာက စိုးရိမ်စရာဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့အတွက် သင့်ရဲ့ဘဝလက်တွဲဖော်ဖြစ်ဖို့ရည်မှန်းထားသူကို ဒီမေးခွန်းတွေ မေးကြည့်ဖို့ လိုပါလိမ့်မယ်နော် …။
၁။ အိမ်ထောင်ပြုပြီး ကလေးယူဖို့ အစီအစဉ်ရှိမရှိ
ဒီမေးခွန်းက အရေးကြီးပါတယ်။ အိမ်ထောင်တစ်ခုမှာ ကလေးရှိခြင်း၊ မရှိခြင်းက အပြောင်းအလဲတွေ အများရှိဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် စသဖြင့် ကြိုတင်ဆွေးနွေးထား သင့်ပါတယ် …။
၂။ တစ်ဦးရဲ့ ငွေကြေးဆိုင်ရာ အယူအဆတွေ၊ ရည်မှန်းချက်တွေ တစ်ဦးက သေချာသိပြီလား။ ငွေကို ဘယ်လို သုံးမယ် ဘယ်လိုစုမယ်ဆိုတဲ့ စိတ်ကူးတွေ တူညီမှုရှိရဲ့လား …။
ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်လာရင် အရမ်းချစ်ပါတယ်ဆိုတဲ့ စုံတွဲတွေမှာတောင် အချစ်လျော့သွားတတ်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရှိတဲ့ ငွေကြေးစီမံခန့်ခွဲမှုတစ်ခု ရှိထားဖို့ လိုပါတယ်။ လက်မထပ်ခင်ကတည်းက ရှေ့လျှောက်ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာကို မေးမြန်းဆွေးနွေးထားပါ …။
၃။ ချစ်ခင်ကြင်နာမှုခြင်း ထပ်တူကျရဲ့လား။ ကိုယ်ချစ်သလောက် ပြန်ချစ်နိုင်လား
ရေရှည်လက်တွဲသွားဖို့အတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ချစ်ခင်ကြင်နာမှုရှိနေဖို့ လိုပါတယ်။ နှစ်ဦးသား အကြားမှာ ချင်ခင်ကြင်နာမှုမရှိတော့တာကို ခံစားနေရပြီဆိုရင်တော့ သေချာဆွေးနွေးဖို့ လိုအပ်နေပါပြီ …။
၄။ အေးအတူ ပူအမျှ ဖြစ်နိုင်ရဲ့လား
လူနှစ်ယောက်လက်ထပ်လိုက်ပြီဆိုတာနဲ့ နှစ်ယောက်တစ်ဘ၀ ဖြစ်သွားပါပြီ။ ဘဝတစ်လျှောက်မှာ ဆုံးဖြတ်စရာကိစ္စတွေ၊ အဖြစ်အပျက်တွေ မျိုးစုံကြုံတွေ့ရမှာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး သဘောထားချင်း မျှတဖို့ လိုအပ်ပါတယ်။ အပြန်အလှန် သဘောတူညီမှုရှိမှသာ ရေရှည်လက်တွဲနိုင်မှာပဲ ဖြစ်ပါတယ် …။
၅။ သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေအပေါင်းအသင်းတွေကို လက်ခံနိုင်ပြီလား
လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလည်း နှစ်ဦးစလုံးမှာ မိတ်ဆွေအပေါင်းအသင်းတွေ ရှိနေဦးမှာဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းဆိုတာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် လစ်လျူရှုထားလို့ မဖြစ်ပါဘူး။ သူ့ဘက် ကိုယ့်ဘက် မိတ်ဆွေသူငယ်ချင်းတွေကို အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ပြဿနာတွေက စောင့်ကြိုနေမှာ သေချာပါတယ်။ လူနှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုပါစေ၊ ကိုယ်ပိုင်အချိန် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အပြန်အလှန်လေးစား တတ်ရမှာ ဖြစ်ပါတယ် …။
၆။ နှစ်ဖက်မိသားစုတွေကို အပြန်အလှန်လေးစားလက်ခံနိုင်ပြီလား
ဒါအချက်က သိပ်တောင်စဉ်းစားနေစရာမလိုပါဘူး။ နှစ်ဖက်မိသားစုရဲ့လက်ခံနိုင်မှုနဲ့ ချစ်ခင်မှုက အိမ်ထောင်တစ်ခု ခိုင်မြဲဖို့အတွက် အရေးကြီးပါတယ်။ အကယ်၍ တဖက်မိသားစုနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေတယ်ဆိုရင်လည်း ဖြေရှင်းပြီး လက်ခံပေးနိုင်ဖို့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်နော် …။
၇။ ကိုယ့်မိသားစုနဲ့ပတ်သက်ပြီး တဖက်သူ ငြိုငြင်စရာတွေက ဘာတွေလဲ
နံပါတ်(၆)မေးခွန်းရဲ့ အဆက်ဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းထားသူက ကိုယ့်မိသားစုကို ငြိုငြင်ရတဲ့အချက်တွေ သိဖို့ဖြစ်ပါတယ်။ သူမကြိုက်တာတွေ သိလာပြီဆိုရင် ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ လူတိုင်းရဲ့ မိသားစုမှာ မိသားစုဝင်မဟုတ်သူတစ်ယောက် လက်မခံနိုင်တဲ့ အချက်တွေရှိတတ်ပါတယ်။ ဒါကို ကြိုးစားညှိနှိုင်းရမှာ ဖြစ်ပါတယ် …။
၈။ အိမ်ထောင်ရေးအတွက် အားလုံးကို ပေးဆပ်စွန့်လွှတ်နိုင်ပြီလား
ချစ်သူရည်းစားဘဝမှာတောင် အပြန်အလှန်အလျှော့ပေးညှိနှိုင်းရတာတွေ၊ ပေးဆပ်ရတာတွေရှိတာကြောင့် အိမ်ထောင်တစ်ခု တည်ထောင်မယ်ဆိုရင် ဒီအချက်က ပိုအရေးကြီးလာပြီဖြစ်ပါတယ်။ အိမ်ထောင်ရေး ခိုင်မြဲဖို့အတွက် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အပြန်အလှန် တတ်နိုင်သမျှပေးဆပ်စွန့်လွှတ်နိုင်ဖို့ လိုပါတယ် …။
၉။ အခြေအနေကြောင့် တစ်နေရာစီခွဲနေရရင် နေနိုင်မှာလား
ကြိုမမြင်နိုင်တဲ့ အရေးကိစ္စတွေ အဖြစ်အပျက်တွေအတွက် အမြဲတမ်းအတူရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် တစ်ယောက်က အခြားတစ်နေရာကို ခွဲနေရမယ်ဆိုရင်လည်း အပြန်အလှန် ခွန်အားပေးပြီး ထောက်ပံ့ကူညီပေးနိုင်ဖို့လည်း လိုပါတယ်။
၁၀။ နှစ်ဦးသားအတွင်းရေးတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှာလား
အိမ်ထောင်ပြုတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး အူမချေးခါးမကျန် အတွင်းသိအစင်းသိ သိထားတာ အကောင်းဆုံးပါပဲ။ ဒီလို အတွင်းရေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် ရှက်ကြောက် သိုဝှက်မထားပဲ အချင်းချင်းအပွင့်လင်းဆုံး ဆွေးနွေးပါ …။
၁၁။ တစ်ယောက်အကြောင်းတစ်ယောက် အကုန်သိပြီလား
လက်မထပ်ခင်မှာ တစ်ယောက်အကြောင်းကို တစ်ယောက်က မကောင်းတာတွေရော ကောင်းတာတွေပါ အားလုံးသိပြီးသားဖြစ်သင့်ပါတယ်။ နောက်မှသိလာရမယ်ဆိုရင် အယုံကြည်ရဆုံးသူက လိမ်တာခံရသလို ခံစားရနိုင်ပါတယ်။ အားလုံးမှာ မကောင်းတဲ့အချက်တွေ၊ အတွေ့အကြုံတွေရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ပါနော် …။
နောက်ထပ် မေးခွန်းလေးခုကတော့ –
၁၂။ အသက်တွေကြီးလာချိန်အထိ အတူရှိနေဖို့ စိတ်ကူးထားလား
၁၃။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်မှာရှိတာအားလုံးကို ပေးဆပ်ဖို့အဆင့်သင့်ဖြစ်ပြီလား
၁၄။ တစ်ယောက်နဲ့တစ်ယောက် ဖူးစာဖက်တွေအဖြစ် နှလုံးသားချင်းထပ်တူကျသူတွေအဖြစ် လက်ခံနိုင်ပြီလား
၁၅။ ကိုယ်ပိုင်အတ္တတွေထဲ နှစ်ဦးသားဆက်ဆံရေးကို ပိုပြီအလေးအမြတ်ထားနိုင်ပြီလား စတာတွေပဲဖြစ်ပါတယ်နော် …။ ။
]]>
https://itechmedia.info/mm/archives/6216/feed 0
ကလေးမွေးပြီး(၃)ရက်မြောက်နေ့မှာ သူ့ယောကျာ်းက အတင်းအကြပ် ဆက်ဆံလို့သေဆုံးသွားတဲ့(ဖြစ်ရပ်မှန်) https://itechmedia.info/mm/archives/6212 https://itechmedia.info/mm/archives/6212#respond Fri, 12 Jun 2020 14:24:31 +0000 https://itechmedia.info/mm/?p=6212 ကလေးမွေးပြီး(၃)ရက်မြောက်နေ့မှာ သူ့ယောကျာ်းက အတင်းအကြပ် ဆက်ဆံလို့သေဆုံးသွားတဲ့(ဖြစ်ရပ်မှန်)
ကလေးမွေးပြီး ရင် ၄၅ ရက် တိတိ ယောကျာ်း နဲ့ မနေနဲ့ ”ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျ စကားပေါ့ ။
ယောကျာ်းဖြစ်ရ တာ ကံကောင်းပါတယ် ။
တကယ်တော့ ဒီလို လူမှုပတ်ဝန်းကျင်မျိုးမှာ ယောကျာ်းဖြစ်ခွင့်ရတာ အင်မတန်မှ ကံကောင်းလှပါတယ် …။ ။
Unicode
ကလေးမွေးပြီး(၃)ရက်မြောက်နေ့မှာ သူ့ယောက်ျားက အတင်းအကြပ် ဆက်ဆံလို့သေဆုံးသွားတဲ့(ဖြစ်ရပ်မှန်)
ကလေးမွေးပြီး ရင် ၄၅ ရက် တိတိ ယောက်ျား နဲ့ မနေနဲ့ ”ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျ စကားပေါ့ ။
ယောက်ျားဖြစ်ရ တာ ကံကောင်းပါတယ် ။
“ကလေးမွေးပြီးရင် ၄၅ ရက်တိတိ ယောက်ျားနဲ့ မနေနဲ့”ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျစကားပေါ့။ အဲဒီအချိန်အတွင်းမှာ အမျိုးသမီးကို အနားပေးထားတယ် ။
အင်မတန်မှကို ပင်ပန်းခက်ခဲတဲ့ ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားမှုကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ အားပြန်မွေးရတဲ့ကာလကိုး။ သူ့ရဲ့ကျန်းမာရေးကို ဂရုစ်ိုက်ရတယ်။ အာဟာရပြည့်၀အောင် နေရတယ် ။
ကလေးကို မိခင်နို့တိုက်ကျွေးရတယ်။ ဒီလိုအချိန်မျိုးဆို မိသားစုဝင်တွေနဲ့ အမျိုးသားကလည်း သူ့ကို သည်းသည်းလှုပ် ဂရုစိုက်တတ်ကြတာပေါ့ ။
သူစားချင်တာ၊ သူဖြစ်ချင်တာ အကုန်လုပ်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အားပေးတယ်။ သူလုပ်ရမယ့် ကလေးနဲ့ပတ်သက်တဲ့ အလုပ်တွေကို ဝိုင်းကူပေးကြတယ် ။
ဒါပေမယ့် တချို့အမျိုးသမီးတွေမှာတော့ ဒီလိုအားပေးကူညီမှုတွေ မရနေပါဘူး။ သူ့အလုပ်တွေ သူ့ဟာသူ လုပ်ရတယ်။ အိမ်အလုပ်တွေလည်း ဝင်ကူရတယ်။ ကလေးဝေယျာဝစ္စလည်း သူပဲလုပ်ရပါတယ်။
အမျိုးသားက ဒါတွေ သူနဲ့မဆိုင်ဘူးလို့ ပြောတယ်။ ပိုက်ဆံရှာရမယ့် အလုပ်ကိုပဲ လုပ်တယ်။ ပဲခူးတိုင်း၊ ကျောက်တန်းကျေးရွာ အုပ်စုထဲက အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကတော့ အဲဒီထက်တောင် ပိုပါသေးတယ်။
တစ်ရက်မှာ Win-Win Organization ဆေးကုသနေတဲ့ဆီကို သူ ရောက်လာပါတယ်။ ကလေးမွေးပြီးတာ ၁၀ ရက်ပဲ ရှိသေးတယ်။ သူ့မိန်းမကိုယ် အောက်ပိုင်းမှာ အနာဖြစ်လို့တဲ့ ။
အဖွဲ့ရဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဆုဇင်ဝင်းသန်းက စစ်ဆေးကြည့်လိုက်တော့ ကလေးမွေးပြီး ပြန်ချုပ်ထားတဲ့နေရာက ကွဲနေတာ။ ပိုးတွေဝင်ပြီး အနံ့အသက်လည်း တော်တော်မကောင်းတော့ဘူး ။
ဒါနဲ့ ပိုးသတ်ဆေးပေးရုံနဲ့ မရဘဲ ဆေးရုံကိုသွားမှ ဖြစ်တော့မယ်ဆိုတာ သိလိုက်တယ်။ အိမ်မှာမွေးပြီး သေသေချာချာ မချုပ်ခဲ့လို့ ပိုးဝင်တာလား အထင်နဲ့ မေးလိုက်တော့ အင်မတန် စိတ်ပျက်အံ့သြရတဲ့ အဖြစ်အပျက်တစ်ခုကို ကြားသိလိုက်ရပါတယ် ။
ကလေးမွေးပြီး ၃ ရက်မြောက်နေ့မှာ သူ့ယောက်ျားက အတင်းအကြပ် ဆက်ဆံသွားတာတဲ့လေ။ သြော်..လို့ပဲ အားလုံးက စုပ်သတ်နိုင်ခဲ့တော့တယ်။ လူတွေက ပြောကြတယ်၊ လင်မယားကြားပါဆိုမှ မုဒိမ်းမှုဆိုတာ ဘယ်ရှိမှာလဲတဲ့ ။
ကာမပိုင်ယောက်ျားလို့လည်းသုံးနှုန်းကြသေးတော့ အိမ်ထောင်ပြုပြီးသွားရင် ဒီအမျိုးသမီးရဲ့ကာမကို သူ့ယောက်ျားက ပိုင်သွားပြီလို့ ထင်တတ်ကြတာကိုး။ တကယ်တော့ မုဒိမ်းမှုဆိုတာ လင်မယားဖြစ်ခြင်း၊ ချစ်သူဖြစ်ခြင်းနဲ့ မသက်ဆိုင်ဘဲ ခွင့်ပြုမပြု ဆိုတဲ့အပေါ်ပဲ အခြေခံစဉ်းစားရတဲ့ အရာမျိုးပါ ။
ကလေးမွေးပြီးစ အင်အားချိနဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဒီလိုပြုမူတာဟာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာကြောင့် ဒီလိုလုပ်ရတယ် ဆိုတာလည်း စဉ်းစားလို့တောင်မရပါဘူး ။
အဲဒါနဲ့ ဆေးရုံကိုလွှဲ၊ သွားဖို့ ပိုက်ဆံမရှိဘူး ဆိုတဲ့အတွက် ငွေကြေးပါထောက်ပံ့ပေးပြီး ပြန်လွှတ်လိုက်ရတယ်။ နောက်ထပ်တစ်ခါ အဲ့ဒီရွာလေးကို ရောက်တော့ ဒီအမျိုးသမီးအကြောင်း သတိတရမေးတယ်။ ဆေးရုံသွားပြပြီး နေကောင်းနေပြီလားဆိုတော့ ဆုံးသွားရှာပြီတဲ့ ။
ဘာလို့လဲ၊ ဆေးရုံအရောက် နောက်ကျလို့လားဆိုတော့ သွားကိုမသွားလိုက်ရတာ။ Win-Win နဲ့ တွေ့ပြီး သူအိမ်ပြန်သွားတယ်။ ဆေးရုံသွားဖို့ လိုကြောင်း အိမ်ကိုပြောပြပြီးတဲ့အချိန်မှာ ယောက္ခမဖြစ်သူက Win-Win က ပေးလိုက်တဲ့ ထောက်ပံ့ငွေကို သိမ်းလိုက်တယ် ။
ပြီးတော့ နင် ဆေးရုံသွားစရာ မလိုဘူးတဲ့၊ နင် ဆေးရုံတက်ရင် အိမ်မှာ ကလေးကို ဘယ်သူထိန်းမလဲဆိုတဲ့ အကြောင်းပြချက်ကို ပေးတယ်။ အဲ့ဒီလိုနဲ့ ဒီလောက်ဆိုးဆိုးရွားရွား ပိုးဝင်နေတဲ့ အခြေအနေမျိုးမှာ ဆေးရုံတောင် မရောက်လိုက်ရဘဲ အိမ်မှာတင် အသက်ဆုံးရှုံး လိုက်ရတယ် ။
ဒီလို အဖြစ်အပျက်မျိုးတွေ ဘယ်သူ သိမှာလဲ။ ဒီလိုနည်းနဲ့ အသက်ဆုံးရှုံးနေ၊ ဘ၀တွေ ထိခိုက်နေရတဲ့ အမျိုးသမီးတွေရော ဘယ်နှယောက်တောင် ရှိပြီလဲ။ ဒီပြဿနာဟာ အရေးမကြီးဘူးလို့ရော ထင်နေကြတုန်းပါပဲလား …?
ဒီလို အနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးလုပ်ပြီး အေးအေးဆေးဆေး နေနေလို့ရောရတယ်တဲ့လား …?
အမျိုးသမီးတွေဟာ နှိမ့်ချ ဆက်ဆံမှုတွေ၊ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကြားထဲမှာ ရှင်သန်နေရပါတယ်။ ခုလိုအဖြစ်အပျက်မျိုးတွေ မြင်နေ တွေ့နေရပေမယ့် လူတချို့ကတော့ မြန်မာနိုင်ငံဟာ ကျားမခွဲခြားဆက်ဆံမှု မရှိဘူး။ လင်နဲ့မယားကြားမှာ မုဒိမ်းမှုဆိုတာ မရှိဘူးရယ်လို့ ခုချိန်ထိ လက်ခံနေကြဆဲပဲ ။
ကာကွယ်ဖို့မပြောနဲ့၊ ဒီလိုကိစ္စရပ်တွေ ရှိနေပါလားဆိုတာကို သိအောင်ပဲ အရင်လုပ်ကြရဦးမှာပဲ ဖြစ်ပါတယ် ။
တကယ်တော့ ဒီလို လူမှုပတ်ဝန်းကျင်မျိုးမှာ ယောက်ျားဖြစ်ခွင့်ရတာ အင်မတန်မှ ကံကောင်းလှပါတယ် …။ ။
Credit-WinWinOrganization
]]>
https://itechmedia.info/mm/archives/6212/feed 0
“လူတွေအမြင်မှာ အရမ်းချစ်ခဲ့ကြရဲ့သားနဲ့ ဘာလို့ပြတ်စဲမှုတွေ ဖြစ်လာရတာလဲ?” https://itechmedia.info/mm/archives/6205 https://itechmedia.info/mm/archives/6205#respond Fri, 12 Jun 2020 13:37:56 +0000 https://itechmedia.info/mm/?p=6205 “လူတွေအမြင်မှာ အရမ်းချစ်ခဲ့ကြရဲ့သားနဲ့ ဘာလို့ပြတ်စဲမှုတွေ ဖြစ်လာရတာလဲ?”
Credit : trend
Unicode
“လူတွေအမြင်မှာ အရမ်းချစ်ခဲ့ကြရဲ့သားနဲ့ ဘာလို့ပြတ်စဲမှုတွေ ဖြစ်လာရတာလဲ?”
ကိုယ်တွေ သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေ ကွဲကွာနေကြတာ မြင်တော့ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေက အတောမသတ်နိုင်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ သူတို့နှစ်ဦး နှစ်ဖက်လုံး အဆင်မပြေကြတော့လို့ပေါ့။ တစ်ယောက်အပေါ် တစ်ယောက်ချစ်ပြီး အစစအရာရာ နားလည်နိုင်မယ်လို့ ယုံကြည်ထားခဲ့ပေမယ့် အဖုထစ်တွေ ၊ ပြဿနာတွေ များလာတဲ့အခါ … ညှိယူလို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါ ကိုယ့်လမ်းကိုယ် လျှောက်ဖို့ ရွေးချယ်လိုက်ကြတာပါပဲ။
ဒါဆို ဘာလို့ လက်ထပ်ကြသေးလဲလို့ မေးခွန်းတွေ ထွက်လာဦးမှာပါ။
ဘယ်သူမှလည်း မကွဲချင်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှလည်း မမြင်နိုင်ခဲ့ဘူး။ အစပိုင်းမှာတော့သူနဲ့ပဲ သက်ဆုံးတိုင် ပေါင်းသင်းသွားမယ်လို့ ကိုယ်စီတွေးထားကြမှာပါ။
ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ သူ့အကြောင်း ၊ ကိုယ့်အကြောင်းတွေ သိလောက်ပြီလို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း အတူတူနေ ပေါင်းသင်းနေထိုင်တော့မှ အကြောင်းသိရတာမျိုးတွေ ရှိပါတယ်။
အခုခေတ်မှာ ကွာရှင်းကြတာမျိုးက သိပ်တော့မထူးဆန်းတော့ပါဘူး။ သူ့ဘဝနဲ့ သူပဲဆိုတော့ဘယ်သူမှ ဝင်မစွတ်ဖက်လိုကြပါဘူး။
တစ်ဖက်မှာလည်း ပြန်ကြည့်လိုက်ရင် နှစ်ရှည်ကာလကြာတဲ့ထိ ဘာအသံမှမထွက်၊ ချစ်မြဲ ချစ်ဆဲ ချစ်လို့မဆုံးဖြစ်နေတဲ့ အတွဲတွေမြင်ရင်လည်း တကယ်အားကျရပါတယ်။
သစ္စာရှိလိုက်ကြပုံများ ဆိုပြီး ကြည့်ရတာ စိတ်ချမ်းသာရတယ်။ လူတိုင်းဘဝမှာ ရိုးရိုးရှင်းရှင်း အေးချမ်းစွာပဲ ဖြတ်သန်းချင်ကြမှာပါ။ တစ်ချို့လူတွေအတွက်ကြတော့လည်း အမြဲတမ်းရှုပ်ထွေးနေတတ်တယ်။
အချို့ကြတော့လည်း အချစ်ဆိုတာကို စိတ်ကုန်နေပြီး တစ်ယောက်တည်းဖြတ်သန်းလိုကြတယ်။ အကောင်းဆုံးကတော့ ကိုယ့်အတွက် မှန်ကန်တဲ့လူနဲ့ မတွေ့မချင်း တစ်ယောက်တည်း အေးဆေးနေတာပဲကောင်းပါတယ်။
မဟုတ်ရင် တစ်ယောက်လာလည်း ဒီပုံစံ ၊ နောက်တစ်ယောက်လာလည်း ဒီအချိုးဆိုသင့်အတွက် အကျိုးမရှိတဲ့အပြင် စိတ်လေစေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ လူကိုပဲ စောင့်ဆိုင်းပါ။
Credit : trend
]]>
https://itechmedia.info/mm/archives/6205/feed 0
ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်မိပါတယ် မထက်ရယ် . . . https://itechmedia.info/mm/archives/6203 https://itechmedia.info/mm/archives/6203#respond Fri, 12 Jun 2020 13:00:35 +0000 https://itechmedia.info/mm/?p=6203 ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်မိပါတယ် မထက်ရယ် . . .
Source : Htet Htet Moe Oo
Unicode
ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်မိပါတယ် မထက်ရယ် . . .
ဝါရင့်မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပြီး အောင်မြင်မှုတွေများစွာကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် …။
ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ် …။
ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ အခိုင်အမာနေရာယူထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကနေ အချိန်အတော်ကြာရပ်နားထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး
ယခုမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လျက်ရှိတာကိုလည်း တွေ့ရပါတယ် …။
သူမကတော့ ယခုမှာ သွေးတိုးပြီးလေဖြတ်သွားလို့ မန္တလေးမင်္ဂလာဆေးရုံမှာအရေးပေါ်တင်လိုက်ရတဲ့ ဖခင်ဖြစ်သူအတွက် စိတ်ပူနေခဲ့ကာ အနားမှာ အချိန်ပြည့် ဂရုစိုက်ပေးနေခဲ့ပါတယ် …။
သူမကတော့ ” အဖေသွေးတိုးပီးလေဖြတ်သွားလို့မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်တင်လိုက်ရပါတယ် …
သွေးတိုးရောဂါရှိသူတွေ အားလုံးပဲဂရုစိုက်ဆင်ခြင်ကြပါနော်…အဖေလဲအမြန်ဆုံးသက်သာပါစေဆုတောင်းပါတယ်… “ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ် …။
ပရိသတ်တွေအနေနဲ့လည်းသူမရဲ့ ဖခင်ဖြစ်သူနေအမြန်ကောင်းလာပါစေကြောင်း ဆုတောင်းပေးနေကြပါတယ် …။
ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးထက်ထက်မိုးဦးတို့ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြ ပေးလိုက်ရပါတယ်နော် …။ ။
Source : Htet Htet Moe Oo
]]>
https://itechmedia.info/mm/archives/6203/feed 0
ပိုက်ဆံချေးထားမိလို့ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင်လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလို့ရပါပြီ… https://itechmedia.info/mm/archives/6197 https://itechmedia.info/mm/archives/6197#respond Fri, 12 Jun 2020 12:39:15 +0000 https://itechmedia.info/mm/?p=6197 ပိုက်ဆံချေးထားမိလို့ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင်လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလို့ရပါပြီ…
Credit: (စာချုပ်ရှေ့နေ)
ref:phothutaw
Unicode
ပိုက်ဆံချေးထားမိလို့ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင်လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလို့ရပါပြီ…
မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် ခညားတို့ငွေတိုးချေးစားထားတာ ထောင်ထဲ ၅ နှစ်ရောက်သွားမယ်။ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူကစလိုက်တယ်မသိ။ ဒီစကားလေးက ငွေချေးသူတွေရဲ့လက်သုံးစကား လက်နက် ကြီး ဖြစ်လို့။ ဒီတော့ ငွေရှင်ခမျာလည်း အတိုးလေးရလို့ ချေးမိတာ။ အခုပြန်တောင်းတော့ တချိန်က မျက်နာ ငယ်လေးနဲ့ ကိုယ့်ဆီက ငွေချေးခဲ့တဲ့သူက အခုတော့ မျက်နာထားကြီးတင်းပြီး ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို …။
ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထားပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ထောင် ၅ နှစ် ချလို့ရ တယ်လို့ပြောလာတော့ စိတ်ထဲမှာ ချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလား ဆိုပီး သောကအပူတွေဖြစ်။အတိုးပါရင် ထောင် ၅ နှစ်ထိ ချလို့ရတယ်ဆိုတာ ဥပဒေ မှာ မရှိဘူးလား ဆိုရင် ရှိပါတယ်။ ဒါပေမယ့် ဒါကို ခုတုံးလုပ်ပီး ငွေချေးသူ တွေက ခြိမ်းခြောက်နေတာ တွေ့ရတော့ ကိုယ့်ဆီမှာ ရှိစုမယ့် လစာလေးနဲ့ ငွေလေးနဲ့ ခင်လို့ဖြစ်စေ အတိုးနည်းနည်းရရင်လည်း မဆိုးပါဘူး ဆိုပီး ထုတ်ချေးမိတဲ့ ငွေရှင်တွေခမျာ ဖွတ်မရ ဓားမဆုံး ဖြစ်မိတာတွေ ကို တွေ့ရလို့ ဒီစာလေး ရေးရခြင်းပဲ ဖြစ်ပါတယ် …။
ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာက တစ်ဖက်ငွေချေးသူက ဒီလိုပြောလာရင် လုံးဝစိတ်မပူပါ နဲ့။ မကြောက်ပါနဲ့။ မိမိချေးထားတဲ့ငွေတွေကို ရဲရဲဝံ့ဝံ့သာ ပြန်တောင်းပါ။ ပေးထားတဲ့ငွေ ရဲ့ အတိုးသာ မရရင်နေပါမယ်။ အရင်းကတော့သေချာပေါက် ပြန်ရပါတယ်။ ထောင် ၅ နှစ်ချလို့ရတယ်ဆိုတာက မိမိသည်ငွေတိုးချေးစားခွင့်လိုင်စင်မရှိပါပဲလျက် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်သူကိုသာ ဆိုလိုခြင်းဖြစ်ပြီး မိတ်ဆွေ ကို ကူညီသည့်အနေဖြင့် တခါတရံ ငွေချေးပေးတဲ့သူ မပါဝင်ပါ။ ဒါကြောင့် ငွေချေးပေးထားတာ ရှိရင် ရဲရဲသာတောင်းကြပါနော် …။
Credit: (စာချုပ်ရှေ့နေ)
ref:phothutaw
]]>
https://itechmedia.info/mm/archives/6197/feed 0
ဓမ္မတာမှန်ဖို့အတွက် အမျိုးသမီးတိုင်း မဖြစ်မနေ သိထားသင့်တဲ့အချက် (၅) ချက်… https://itechmedia.info/mm/archives/6193 https://itechmedia.info/mm/archives/6193#respond Fri, 12 Jun 2020 11:19:31 +0000 https://itechmedia.info/mm/?p=6193 ဓမ္မတာမှန်ဖို့အတွက် အမျိုးသမီးတိုင်း မဖြစ်မနေ သိထားသင့်တဲ့အချက် (၅) ချက်…
RAY
Unicode
ဓမ္မတာမှန်ဖို့အတွက် အမျိုးသမီးတိုင်း မဖြစ်မနေ သိထားသင့်တဲ့အချက် (၅) ချက်…
ဓမ္မတာဖြစ်စဉ်ဆိုတာ အမျိုးသမီးကျန်းမာရေးအတွက် အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဓမ္မတာမမှန်ခြင်းကြောင့် အမျိုးသမီးကျန်းမာရေးကို ထိခိုက်စေပြီး ရေရှည်မှာရောဂါကြီးကြီးမားမားတွေကို ဖြစ်စေနိုင်ပါတယ်။ ၂၈ ရက်တစ်ကြိမ်ဓမ္မတာလာခြင်းက ပုံမှန်ဖြစ်ပြီး ဒီရက်အတောအတွင်းမှာမလာဘူးဆိုရင်တော့ ဒါဟာ ဓမ္မတာမမှန်ဘူးလို့ ယူဆနိုင်ပါတယ်။ အမျိုးသမီးကျန်းမာရေးအတွက် အရေးကြီးတဲ့ ဓမ္မတာပုံမှန်ဖို့အတွက် ဒီအချက်လေးတွေကို အမြဲ သတိထားပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်နော် …။
(၁) ကိုယ်အလေးချိန်ထိန်းပါ
ကိုယ်အလေးချိန်နည်းလွန်းခြင်း၊ များလွန်းခြင်းက ဟော်မုန်းတွေကိုကမောက်ကမဖြစ်စေခြင်းကြောင့် ဓမ္မတာမမှန်တာကို ဖြစ်စေပါတယ်။ဒါကြောင့် ကိုယ့်အရပ်နဲ့ လိုက်ဖက်တဲ့ကိုယ်အလေးချိန်ရှိအောင် အမြဲထိန်းသိမ်းထားသင့်ပါတယ်။ မိန်းကလေးတွေ လှဖို့ထက် ကျန်းမာရေးကောင်းဖို့ ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ် …။
(၂) စိတ်ဖိစီးမှုများကိုလျှော့ချပါ
စိတ်ဖိစီးမှုများကြောင့်လည်း ဓမ္မတာကို အနှောက်အယှက်ဖြစ်စေတဲ့ဟော်မုန်းတွေကိုထွက်စေတာကြောင့် ဓမ္မတာမှန်ဖို့အတွက် စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင်နေသင့်ပါတယ်။ ကိုယ်စိတ်ရှုပ်ထွေးမယ့်အရာတွေ တတ်နိုင်သလောက်မတွေးဘဲနေပါ၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ။ တရား ထိုင်ပေးပါ …။
(၃) ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးပါ
ကိုယ်လက်လှုပ်ရှားမှုတွေပုံမှန်ပြုလုပ်ပေးတာက ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အကျိုးပြုဟော်မုန်းတွေကို ထွက်စေပြီး ဓမ္မတာမှန်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကိုယ်လက်လှုပ်ရှားမှုတွေကို အမြဲပုံမှန် လုပ်ပေးသင့်ပါတယ် …။
(၄) ကြက်ဆူဆီလိမ်းပြီးနှိပ်နယ်ပေးပါ
ဓမ္မတာလာမယ့်ရက်ကို တွက်ချက်ထားပြီး ရက်နီးလာတဲ့အခါ ဝမ်းဗိုက်ကို ရေနွေးအိတ်ကပ်ကာ ကြက်ဆူဆီအနည်းငယ်လူးပြီး နှိပ်နယ်ပေးတာက ဓမ္မတာပုံမှန်လာအောင်ကူညီပေးပါတယ်။ ဒီလိုလုပ်တာက သားအိမ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ် …။
(၅) အာဟာရမျှတအောင်စားပါ
ဓမ္မတာပုံမှန်ဖို့အတွက် အစားရှောင်ဖို့မလိုပါဘူး။ တစ်မျိုးတည်းကို များများစားတာမျိုးမဟုတ်ဘဲ အစားအသောက်အားလုံးကို မျှမျှတတစားပေးတာက ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ပါတယ်။ မိန်းကလေးတွေ ဓမ္မတာမှန်ဖို့အတွက်ပဲမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးအခြေအနေတွေအတွက်လည်း အစားရှောင်တာထက် အာဟာရမျှမျှတတစားတာက ပိုကောင်းတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်နော် …။ ။
RAY
]]>
https://itechmedia.info/mm/archives/6193/feed 0
အလွန် လန်းသွားတဲ့ မြန်မာပြည်က JJ Express မှန်လုံ ခရီးသည်တင်ကား… https://itechmedia.info/mm/archives/6188 https://itechmedia.info/mm/archives/6188#respond Fri, 12 Jun 2020 10:49:34 +0000 https://itechmedia.info/mm/?p=6188 အလွန် လန်းသွားတဲ့ မြန်မာပြည်က JJ Express မှန်လုံ ခရီးသည်တင်ကား…
Credit Myint Oo
Ref. Po Naing Lin
#ပေသီး#
Unicode
အလွန် လန်းသွားတဲ့ မြန်မာပြည်က JJ Express မှန်လုံ ခရီးသည်တင်ကား…
လန်းလိုက်တာကွာ ကားပိုင်ရှင်တွေရဲ့ စေတနာ
မြန်မာပြည် JJ Express မှန်လုံ ခရီးသည်တင် အဝေးပြေးယာဉ်တွေပေါ်က Separate ထိုင်ခုံ‌‌တွေပဲ ဖြစ်ပါတယ် …။
Credit Myint Oo
Ref. Po Naing Lin
အခု စထွက်ပီလားဆိုတာတော့ မသိသေးပါဘူး …။
ဒီကားမျိုးနဲ့ ခရီးသွားရရင်တော့ တန်မှတန်ပါပဲနော် …။
ချစ်သူစုံတွဲ လင်မယားတွေ အတွက်တော့ အတူထိုင်လို့ မရတော့ဘူးနော် …။
တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် ခရီးသွားရတာနှစ်သက်တဲ့သူတွေအတွက်ကတော့ ရှယ်ပဲ …။
အားလုံးသော ခရီးသွားမိဘပြည်သူများ ဘေးမသီရန်မခပဲ မိမိလိုရာခရီးကို
ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင် လာနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် …။ ။
#ပေသီး#
]]>
https://itechmedia.info/mm/archives/6188/feed 0
လုပ်ရက်လိုက်တာ…လူနာတွေကုပေးနေတဲ့ ဆရာဝန် ဆရာမတွေကိုမှ ပစ်မှတ်ထားရသလားဗျာ https://itechmedia.info/mm/archives/6178 https://itechmedia.info/mm/archives/6178#respond Fri, 12 Jun 2020 10:04:20 +0000 https://itechmedia.info/mm/?p=6178 လုပ်ရက်လိုက်တာ…လူနာတွေကုပေးနေတဲ့ ဆရာဝန် ဆရာမတွေကိုမှ ပစ်မှတ်ထားရသလားဗျာ
ပုသိမ်ဆေးရုံကြီး
Unicode
လုပ်ရက်လိုက်တာ…လူနာတွေကုပေးနေတဲ့ ဆရာဝန် ဆရာမတွေကိုမှ ပစ်မှတ်ထားရသလားဗျာ
“ဆရာဝန် ဆရာမတွေ အေးအေးဆေးဆေးနဲ့ပဲ လူနာ ကြည့်ပါရစေလားဗျာ”
ပုသိမ်ဆေးရုံကြီး
ကျွန်တော်တို့ ဆရာဝန် ဆရာမတွေ အေးအေးဆေးဆေး လူနာ ကြည့်ပါရစေလားဗျာ …။
ဒီနေ့ ကလေးဆောင်က ဆရာမလေး မနက် ရနာရီကနေ ညနေ၅ နာရီထိ မနားတမ်း အလုပ်လုပ်တယ် …။
ထွက်လာတော့ သူ့ဆိုင်ကယ် မရှိတော့ပါဘူး …။
ဝယ်ထားတာ ရက်၂၀၊ တန်ဖိုးက ၁၂သိန်းပါ။ လိုင်စင် ဝင်ဖို့ လုပ်တုန်း ဆေးရုံထဲထိ ဝင်ပြီးခိုးသွားတာပါ …။
ခိုးသူက (၃) ယောက်ပါ။ မိန်းကလေးက ဆိုင်ကယ်ရွေးပေးတဲ့ သူ၊ ကတုံးဆံပင်ပေါက်က ထွက်လမ်း ရှင်းတဲ့သူ၊ ကျွတ်ကျွတ်အိတ် ကိုင်ထားသူက သော့တူနဲ့ ဖွင့်တဲ့သူပါ …။
ပထမ တစ်ပတ်က ခိုးတဲ့ သူခိုး ၂ ယောက်ကတော့ ရဲစခန်းမှာ မိထားပါပြီ …။
ဒီ ၃ ယောက် ဘယ်သူလဲ၊ ဘယ်မှာနေလဲဆိုတာ ကူညီပေးကြပါအုံး …။
ကျွန်တော်တို့ လူနာတွေကို စိတ်ဖြောင့်ဖြောင့်ထားပြီး ဆေးကုပါရစေ …။ ။
Credit to Dr.Than Min ThanMinnHtut( မီးအိမ်ရှင်)
]]>
https://itechmedia.info/mm/archives/6178/feed 0