ဓမၼတာမွန္ဖို႕အတြက္ အမ်ိဳးသမီးတိုင္း မျဖစ္မေန သိထားသင့္တဲ့အခ်က္ (၅) ခ်က္…

Sharing is caring!

ဓမၼတာမွန္ဖို႕အတြက္ အမ်ိဳးသမီးတိုင္း မျဖစ္မေန သိထားသင့္တဲ့အခ်က္ (၅) ခ်က္…

ဓမၼတာျဖစ္စဉ္ဆိုတာ အမ်ိဳးသမီးက်န္းမာေရးအတြက္ အေရးၾကီးဆံုးအရာတစ္ခုျဖစ္ပါတယ္။ ဓမၼတာမမွန္ျခင္းေၾကာင့္ အမ်ိဳးသမီးက်န္းမာေရးကို ထိခိုက္ေစျပီး ေရရွည္မွာေရာဂါၾကီးၾကီးမားမားေတြကို ျဖစ္ေစနိုင္ပါတယ္။ ၂၈ ရက္တစ္ၾကိမ္ဓမၼတာလာျခင္းက ပံုမွန္ျဖစ္ျပီး ဒီရက္အေတာအတြင္းမွာမလာဘူးဆိုရင္ေတာ့ ဒါဟာ ဓမၼတာမမွန္ဘူးလို႕ ယူဆနိုင္ပါတယ္။ အမ်ိဳးသမီးက်န္းမာေရးအတြက္ အေရးၾကီးတဲ့ ဓမၼတာပံုမွန္ဖို႕အတြက္ ဒီအခ်က္ေလးေတြကို အျမဲ သတိထားေပးပါလို႕ တိုက္တြန္းလုိက္ရပါတယ္ေနာ္ …။

(၁) ကိုယ္အေလးခ်ိန္ထိန္းပါ

ကိုယ္အေလးခ်ိန္နည္းလြန္းျခင္း၊ မ်ားလြန္းျခင္းက ေဟာ္မုန္းေတြကိုကေမာက္ကမျဖစ္ေစျခင္းေၾကာင့္ ဓမၼတာမမွန္တာကို ျဖစ္ေစပါတယ္။ဒါေၾကာင့္ ကိုယ့္အရပ္နဲ႕ လိုက္ဖက္တဲ့ကိုယ္အေလးခ်ိန္ရွိေအာင္ အျမဲထိန္းသိမ္းထားသင့္ပါတယ္။ မိန္းကေလးေတြ လွဖို႕ထက္ က်န္းမာေရးေကာင္းဖို႕ ကိုယ္အေလးခ်ိန္ကို ထိန္းသင့္ပါတယ္ …။

(၂) စိတ္ဖိစီးမႈမ်ားကိုေလွ်ာ့ခ်ပါ

စိတ္ဖိစီးမႈမ်ားေၾကာင့္လည္း ဓမၼတာကို အေနွာက္အယွက္ျဖစ္ေစတဲ့ေဟာ္မုန္းေတြကိုထြက္ေစတာေၾကာင့္ ဓမၼတာမွန္ဖို႕အတြက္ စိတ္ဖိစီးမႈနည္းနိုင္သမွ်နည္းေအာင္ေနသင့္ပါတယ္။ ကိုယ္စိတ္ရႈပ္ေထြးမယ့္အရာေတြ တတ္နိုင္သေလာက္မေတြးဘဲေနပါ၊ အသက္ရွဴေလ့က်င့္ခန္းျပုလုပ္ပါ။ တရား ထိုင္ေပးပါ …။

(၃) ကိုယ္လက္လႈပ္ရွားမႈမ်ားျပဳလုပ္ေပးပါ

ကိုယ္လက္လႈပ္ရွားမႈေတြပံုမွန္ျပဳလုပ္ေပးတာက ခႏၶာကိုယ္ေသြးလွည့္ပတ္မႈေကာင္းမြန္ေစျပီး အက်ိဳးျပုေဟာ္မုန္းေတြကို ထြက္ေစျပီး ဓမၼတာမွန္ေအာင္လည္း ကူညီေပးနိုင္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြ ကိုယ္လက္လႈပ္ရွားမႈေတြကို အျမဲပံုမွန္ လုပ္ေပးသင့္ပါတယ္ …။

(၄) ၾကက္ဆူဆီလိမ္းျပီးနွိပ္နယ္ေပးပါ

ဓမၼတာလာမယ့္ရက္ကို တြက္ခ်က္ထားျပီး ရက္နီးလာတဲ့အခါ ဝမ္းဗိုက္ကုိ ေရေႏြးအိတ္ကပ္ကာ ၾကက္ဆူဆီအနည္းငယ္လူးျပီး နွိပ္နယ္ေပးတာက ဓမၼတာပံုမွန္လာေအာင္ကူညီေပးပါတယ္။ ဒီလိုလုပ္တာက သားအိမ္က်န္းမာေရးကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္ …။

(၅) အာဟာရမွ်တေအာင္စားပါ

ဓမၼတာပံုမွန္ဖို႕အတြက္ အစားေရွာင္ဖို႕မလိုပါဘူး။ တစ္မ်ိဳးတည္းကို မ်ားမ်ားစားတာမ်ိဳးမဟုတ္ဘဲ အစားအေသာက္အားလံုးကို မွ်မွ်တတစားေပးတာက က်န္းမာေရးအတြက္အေကာင္းဆံုးျဖစ္ပါတယ္။ မိန္းကေလးေတြ ဓမၼတာမွန္ဖို႕အတြက္ပဲမဟုတ္ပါဘူး။ တျခားေသာ က်န္းမာေရးအေျခအေနေတြအတြက္လည္း အစားေရွာင္တာထက္ အာဟာရမွ်မွ်တတစားတာက ပိုေကာင္းတဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္ေနာ္ …။ ။

RAY

Unicode

ဓမ္မတာမှန်ဖို့အတွက် အမျိုးသမီးတိုင်း မဖြစ်မနေ သိထားသင့်တဲ့အချက် (၅) ချက်…

ဓမ္မတာဖြစ်စဉ်ဆိုတာ အမျိုးသမီးကျန်းမာရေးအတွက် အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဓမ္မတာမမှန်ခြင်းကြောင့် အမျိုးသမီးကျန်းမာရေးကို ထိခိုက်စေပြီး ရေရှည်မှာရောဂါကြီးကြီးမားမားတွေကို ဖြစ်စေနိုင်ပါတယ်။ ၂၈ ရက်တစ်ကြိမ်ဓမ္မတာလာခြင်းက ပုံမှန်ဖြစ်ပြီး ဒီရက်အတောအတွင်းမှာမလာဘူးဆိုရင်တော့ ဒါဟာ ဓမ္မတာမမှန်ဘူးလို့ ယူဆနိုင်ပါတယ်။ အမျိုးသမီးကျန်းမာရေးအတွက် အရေးကြီးတဲ့ ဓမ္မတာပုံမှန်ဖို့အတွက် ဒီအချက်လေးတွေကို အမြဲ သတိထားပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်နော် …။

(၁) ကိုယ်အလေးချိန်ထိန်းပါ

ကိုယ်အလေးချိန်နည်းလွန်းခြင်း၊ များလွန်းခြင်းက ဟော်မုန်းတွေကိုကမောက်ကမဖြစ်စေခြင်းကြောင့် ဓမ္မတာမမှန်တာကို ဖြစ်စေပါတယ်။ဒါကြောင့် ကိုယ့်အရပ်နဲ့ လိုက်ဖက်တဲ့ကိုယ်အလေးချိန်ရှိအောင် အမြဲထိန်းသိမ်းထားသင့်ပါတယ်။ မိန်းကလေးတွေ လှဖို့ထက် ကျန်းမာရေးကောင်းဖို့ ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ် …။

(၂) စိတ်ဖိစီးမှုများကိုလျှော့ချပါ

စိတ်ဖိစီးမှုများကြောင့်လည်း ဓမ္မတာကို အနှောက်အယှက်ဖြစ်စေတဲ့ဟော်မုန်းတွေကိုထွက်စေတာကြောင့် ဓမ္မတာမှန်ဖို့အတွက် စိတ်ဖိစီးမှုနည်းနိုင်သမျှနည်းအောင်နေသင့်ပါတယ်။ ကိုယ်စိတ်ရှုပ်ထွေးမယ့်အရာတွေ တတ်နိုင်သလောက်မတွေးဘဲနေပါ၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါ။ တရား ထိုင်ပေးပါ …။

(၃) ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးပါ

ကိုယ်လက်လှုပ်ရှားမှုတွေပုံမှန်ပြုလုပ်ပေးတာက ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အကျိုးပြုဟော်မုန်းတွေကို ထွက်စေပြီး ဓမ္မတာမှန်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကိုယ်လက်လှုပ်ရှားမှုတွေကို အမြဲပုံမှန် လုပ်ပေးသင့်ပါတယ် …။

(၄) ကြက်ဆူဆီလိမ်းပြီးနှိပ်နယ်ပေးပါ

ဓမ္မတာလာမယ့်ရက်ကို တွက်ချက်ထားပြီး ရက်နီးလာတဲ့အခါ ဝမ်းဗိုက်ကို ရေနွေးအိတ်ကပ်ကာ ကြက်ဆူဆီအနည်းငယ်လူးပြီး နှိပ်နယ်ပေးတာက ဓမ္မတာပုံမှန်လာအောင်ကူညီပေးပါတယ်။ ဒီလိုလုပ်တာက သားအိမ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ် …။

(၅) အာဟာရမျှတအောင်စားပါ

ဓမ္မတာပုံမှန်ဖို့အတွက် အစားရှောင်ဖို့မလိုပါဘူး။ တစ်မျိုးတည်းကို များများစားတာမျိုးမဟုတ်ဘဲ အစားအသောက်အားလုံးကို မျှမျှတတစားပေးတာက ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ပါတယ်။ မိန်းကလေးတွေ ဓမ္မတာမှန်ဖို့အတွက်ပဲမဟုတ်ပါဘူး။ တခြားသော ကျန်းမာရေးအခြေအနေတွေအတွက်လည်း အစားရှောင်တာထက် အာဟာရမျှမျှတတစားတာက ပိုကောင်းတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်နော် …။ ။

RAY

Add a Comment

Your email address will not be published. Required fields are marked *