Sharing is caring!
Unicode
ငါးတစ်ကောင် ပုပ်တာနဲ့တစ်လှေလုံး မှောက်ပစ်စရာ မလိုပါဘူး…သာသနာဟာ ရဟန်း နဲ့ ဒကာ ဦးနဲ့ပဲ့ လို ညီညွတ်မျှတမှ တည်တန့်မှာပါ
ဒီ အသံကြားလို့ ခြံဝ ထွက် ကြည့် လိုက်တော့ ဦးဇင်း တစ်ပါး… အချိန်ကလည်း ညနေ ပိုင်းကြီး ။ပြီးတော့ မရင်းနှီး တဲ့ ရဟန်း တစ်ပါး …မေးကြည့် တော့ လည်း နေ့တိုင်း ဆွမ်းလာ ရပ် ချင်လို့ ပါ တဲ့ ။ မျက်နှာလေး အောက်ချ ရှက်ကိုး ရှက်ကန်း နဲ့ပြော နေတာ ပါ ။စိတ် ထဲ မယ် ဒီ ဘုန်းကြီး က တယ် ကျော ပါလား …။
အိမ်ပေါက်စေ့ ဆွမ်းမခံချင်တာနဲ့ နေ့တိုင်း ငါ့အိမ် မှာ ဆွမ်း လာ ခံမယ် ပေါ့ ။ ထိုင်ကိုယ်တော် လုပ်ချင် တယ် ပေါ့ ။အို ရှုတ်ရှုတ် ရှုက်ရှုက် နေ့တိုင်းကြီး တာဝန် ကြီး ပါတယ် ။ ပြောနေတာ ကလည်း ရှက်သလိုလို မပြောချင်သလိုလို …။
ပြောချင် သလိုလို ။ အမှန် အကန် ရောဟုတ်ရဲ့လား ။ အခုခေတ် က လည်း ဟိုကိစ္စ ။ဒီ ကိစ္စ တွေ က အများသား ။အို ရှုတ် ပါတယ်လေ..အကြောင်း တခုခု ပြ ငြင်း လိုက်မယ် ။ ငွေ နည်းနည်းပါးပါး ပေး လိုက်တာ ပေါ့ …။
အရှင် ဘုရား ။ တပည့်တော် က ဒီအိမ်က လူ မဟုတ် ပါဘူး ။ ဧည့် သည် ပါဘုရာ းဆွမ်းစားရိတ် လေးတော့ လှူနိုင်ပါတယ်။နီးမြန်းသွားတဲ့ မျက်နှာနဲ့ ဦးဇင်းလေးဟာ တုန်ရင်နေတဲ့ အသံ နဲ့ “နေပါစေ ဒကာကြီး ကျုပ်က ငွေ အလှူခံ တာမဟုတ် ပါဘူး…စာသင် သား ပါ ” ပြောပြောဆိုဆိုနဲ့ ချာကနဲ လှည့် ပြီး ခပ် သုတ်သုတ် ထွက် သွား တဲ့ ဦးဇင်း လေး ရဲ့ နောက် ကျောကို ကြည့်ရင်း ကျနော် ဝမ်းနည်း လာ ပါတယ် …။
ငါမှားပြီ ငါမှားပြီ လို့ လဲ စိတ်ထဲ က ပြောနေမိတယ် ။တစ်ပြိုင်နက် သီတဂူ ဆရာတော် ဘုရားကြီးငယ်ဘဝ စာသင်သား ဘဝက အကြောင်း ဖတ်ရတာ ကို သတိ ရ လာ ပါတယ် ။ ဆရာတော်ကြီးလဲ ဆွမ်း လိုက် ဖိတ် တော့အငြင်းခံ ရတဲ့ အကြောင်းလေးပါ ။ ပြောင်ကြီးကို လိုက်ခိုင်းတော့ မမှီ တော့ ပါဘူး။ ယူကျုံးမရ ဖြစ်လိုက်တာ လေ …။
တကယ်တော့ ဒီအခွင့်အရေးကြီး ဟာ ကျနော်တို့ကို သံသရာ ရထားကနေ ဘာဝနာရထားပေါ်ပြောင်းပေးတဲ့ အခွင့်အရေး ကြီး ပါ ။ကိုယ့် ရှေ့ ကို ကျ လာ တဲ့ ကုသိုလ် ထုပ်ကြီး ပါ ။ဆွမ်းလာဖိတ်တဲ့ ရဟန်း၊ ကိုရင် ကို သေသေချာချာမေး ပါ ။ စာသင်သား ဆိုရင် သူ့ခမျှာ စာက ကျက်ရ ဆွမ်းက ခံရ ။ အင်မတန် ပင်ပန်း ချို့တဲ့ ရှာပါတယ် ။ခေါင်းကိုသာ ခပ်သွက်သွက် ငြိမ့်ပြလိုက်ပါ …။
ဒါ ဆို ရဟန်း မယ်တော်ကြီး ဖြစ်သွား ပါပြီ ။ဆွမ်း ဒကာကြီး ဖြစ်သွားပါပြီ ။နေ့တိုင်း ပီတိတွေ အေးငြိမ်းမှု တွေ ရပါ လိမ့်မယ်။မယ်တော်ကြီး ၊ ခမည်းတော်ကြီး ၊ကျုပ် ပထမကြီးတန်း ဂုဏ်ထူး နဲ့ အောင်တယ် ဗျ ။ဟာ ခင်ဗျား မျက်ရည်မကျ ရင် ကြိုက် သလို ပြော။ကိုယ့် သားသမီး စာမေးပွဲ အောင်တာထက် ဝမ်းသာ စေရ မယ် ။နေ့စဉ် ပြု ခဲ့တဲ့ ကံ နော် ။သေခါ နီး အာရုံ ပြု ထား ။
အပယ် မကျ စေ ရ ပါ ဘူး ။ကျနော် တို့ သာသနာ မှာ ဒီလို ရိုးကုတ် ကြိုးစား သာသနာ ကို သန့်ရှင်း စင်ကြယ် စွာ ရွက်ဆောင်နေကြတဲ့ ရဟန်း သံဃာ တော် ကိုရင် သီလရှင် များစွာ ရှိပါတယ် ။ ငါး တကောင် ပုတ် တာ နဲ့တလှေ လုံး မှောက် ပစ် စရာ မလို ပါ ဘူး ။သာသနာ ဟာ ရဟန်း နဲ့ ဒကာဦး နဲ့ ပဲ့ လို ညီညွတ် မျှတမှ တည်တန့် မှာ ပါ …။
သေချာ တာ ကတော့ မြတ်ဗုဒ္ဓ ဟောတော် မူတဲ့ တရား တွေ ကို လိုရာ ဆွဲ modified လုပ် ခဲ့ကြလို့ သင်္ဂါ ယနာ တွေ အပြို င် တင် ကြ ပြီးသာသနာ အစိတ်စိတ် အမွှာမွှာ ကွဲ ခဲ့ ရတာ ပါ ။ထေရ ဝါဒ သာသနာ အားနည်းသွားပြီး မဟာယာန သာသနာ လွှမ်းမိုး သွား တာကို ကြည်ခြျင်း အား ဖြင့် မြတ်ဗုဒ္ဓ ဟောတော် မူသလိုသာသနာဟာ အပြင် က ဖျက်တာထက် အတွင်းက လှိုက်စား သွား လို့ ကွယ် သွား နိုင် ပါတယ် …။ ။
ကိုသာအေး(Bangkok)Credit
Add a Comment
Your email address will not be published. Required fields are marked *