“ဘုရားရွင္အား တစ္ႀကိမ္ ဦးခ်ရျခင္း အက်ိဳး”

Sharing is caring!

“ဘုရားရွင္အား တစ္ႀကိမ္ ဦးခ်ရျခင္း အက်ိဳး”
တစ္ခါေတာ့… ဘုရားရွင္ဟာ နံနက္မိုးေသာက္ထတဲ့ အခ်ိန္မွာ မဟာက႐ုဏာ သမာပတ္ဝင္စားရင္း စ႑ာလတင္းကုပ္မွာေနတဲ့ သက္တမ္းကုန္ေနတဲ့ အဘြားအိုတစ္ေယာက္ကို သြားျမင္ေတာ္မူပါတယ္။

သူ႔နာမည္က စ႑ာလီတဲ့။ စ႑ာလီ အမည္ရွိတဲ့ အဘြားအိုဟာအခုမနက္ခင္းမွာပဲ ေသေတာ့မယ္။ၿပီးေတာ့ ဘာကုသိုလ္မွလည္း မရွိတဲ့အတြက္ငရဲလည္းက်မယ္တဲ့။ ငရဲမက်ေစခ်င္တဲ့အတြက္ ဘုရားရွင္ဟာသံဃာေပါင္းမ်ားစြာၿခံရံၿပီး ရာဇၿဂိဳဟ္ၿမိဳ႕ထဲကို ဆြမ္းခံႂကြေတာ္မူပါတယ္။

အဲဒီအခ်ိန္မွာ အဘြားအိုကလည္း ၿမိဳ႕ျပင္အထြက္ လမ္းမွာ ဘုရားရွင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ တည့္တည့္တိုးေနေတာ့တာေပါ့။ ျမတ္စြာဘုရားရွင္ကလည္းအဘြားအို ေရွ႕ဆက္သြားမရပဲ ရွိခိုးကန္ေတာ့ျဖစ္သြားေအာင္ေရွ႕တည့္တည့္ကေန ပိတ္ရပ္ထားေတာ္မူပါတယ္။

ဒါ ေပ မဲ့… အ ဘြား အို က ဘု ရား ရွင္ ကို ရွိ မ ခိုး ဘူး တဲ့။ ဒီ အ တိုင္း ပဲ ေပ ၿပီး ရပ္ ေန တယ္။ ဒီ အ ခါ မွာ… အရွင္ေမာ ဂၢ လာန္ က ဂါ ထာ ႏွစ္ ဂါ ထာ နဲ႔ ဘု ရား ရွင္ ကို ရွိ ခိုး ဖို႔ အ ဘြား အို ကို တိုက္ တြန္း ပါ တယ္။ စ ႑ာ လီ ဒါ ယိ ကာ မ ႀကီး…အ ၿခံ အ ရံ အ ေက်ာ္ ေစာ ရွိ ေတာ္ မူ ေသာ ေဂါ တ မ ျမတ္ စြာ ဘု ရား ၏ ေျခ ေတာ္ ကို ရွိ ခိုး ေလာ့။

အျမတ္ဆုံးဣသိ ျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားသည္ သင့္ကိုသာလွ်င္ခ်ီးေျမႇာက္ေတာ္မူျခင္းငွာ ရပ္တည္ေတာ္မူ၏။ တာဒိဂုဏ္(ေလာကဓံႏွင့္ ႀကဳံေသာ္လည္း တုန္လူပ္ျခင္းမရွိ သည္းခံႏိုင္ျခင္း)ႏွင့္ ျပည့္စုံေတာ္မူေသာပူေဇာ္အထူးကို ခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား၌ စိတ္ကို ၾကည္လင္ေစေလာ့။

လွ်င္ျမန္စြာ လက္အုပ္ခ်ီ၍ ရွိခိုးလိုက္ေလာ့။သင္၏ အသက္သည္ အလြန္တိုေတာင္းလွ၏ တဲ့။ အရွင္ေမာဂၢလာန္က ဘုရားရွင္ရဲ႕ ၾကည္ညိဳဖြယ္ရာ ဂုဏ္ေတြကိုလည္းေဟာျပပါတယ္။ သူတစ္ခဏအတြင္း ေသရေတာ့မယ္ဆိုတာကိုလည္း တန္ခိုးနဲ႔ ျမင္ေအာင္ ျပလိုက္ပါတယ္။

အဲဒီေတာ့မွ အဘြားအိုဟာ… ဘုရားရွင္ကို ၾကည္ညိဳျမတ္ႏိုးစြာနဲ႔ ဦးခ်ရွိခိုးပါတယ္။ ထိျခင္းငါးပါးနဲ႔ ရွိခိုးၿပီးေတာ့ အဘြားအိုဟာ သူ႔အတြက္ တစ္ပင္တစ္ပန္းႂကြလာတဲ့ ဘုရားရွင္ကို ၾကည္ညိဳျမတ္ႏိုးစြာနဲ႔ လက္အုပ္ခ်ီၿပီးၾကည္ညိဳေနပါတယ္။

ဒီေလာက္ဆိုရင္ နတ္ျပည္ေရာက္ဖို႔လုံေလာက္ၿပီဆိုတာကို သိသြားတဲ့ ဘုရားရွင္ဟာသံဃာမ်ားနဲ႔ အတူရာဇၿဂိဳဟ္ၿမိဳ႕ထဲသို႔ ဆြမ္းခံႂကြသြားေတာ္မူပါတယ္။ဘုရားရွင္ႂကြၿပီး ခဏအတြင္းမွာပဲသားေဇာေၾကာင့္ ေဒါသျဖစ္ေနတဲ့ ႏြားမတစ္ေကာင္အတင္းဝင္ေဝွ႔လို႔ အဘြားအိုဟာ ေသပြဲဝင္ရရွာပါတယ္။

ဒါေပမဲ့… ေသခါနီး ဘုရားရွင္ကို ရွိခိုးတဲ့ ကုသိုလ္ေၾကာင့္ လူရဲ႕ အသက္နဲ႔ဆိုရင္ႏွစ္ေပါင္း သုံးကုေဋနဲ႔ အႏွစ္ေျခာက္သန္အသက္ရွည္တဲ့ တာဝတႎသာနတ္ဘုံကို ေရာက္သြားပါတယ္။

နတ္ဘုံေရာက္ေရာက္ျခင္း ငါ ဘာကုသိုလ္ေၾကာင့္ ေရာက္ရတာလဲဆိုတာျပန္ဆင္ျခင္ၾကည့္လိုက္ေတာ့ ဘုရားရွင္ကို ရွိခိုးတဲ့ ကုသိုလ္ေၾကာင့္ဆိုတာ သူ သိသြားတယ္တဲ့။ သူ ဒီလိုရွိခိုးျဖစ္ေအာင္ တိုက္တြန္းေဟာၾကားေပးတဲ့အရွင္ေမာဂၢလာန္ရွိရာကို သူ႔ဗိမာန္ႀကီးပါ သယ္ေဆာင္ေရာက္လာၿပီးေက်းဇူးတင္စကား ေလွ်ာက္ထားပါတယ္။

ဒီသာဓကကို ေထာက္ၿပီး… ေသခါနီး ဘုရားရွင္ကို တစ္ခဏတာ ၾကည္ညိဳရွိခိုးတဲ့ ကုသိုလ္ေလးေတာင္ ဒီေလာကေကာင္းက်ိဳးေတြ ေပးေသးရင္သူေတာ္ေကာင္းတို႔လို ေန႔စဥ္ ၾကည္ညိဳရွိခိုးေနၾကတဲ့ သူေတြဆိုဘယ္ေလာက္ထိမ်ား ေကာင္းက်ိဳးေတြရလိုက္မလဲေတြးၿပီးေတာ့ရတနာသုံးပါးကို ၾကည္ညိဳကိုးကြယ္ပူေဇာ္ၾကပါလို႔ တိုက္တြန္းရင္း…

အရွင္ဇဝန – ေမတၱာရွင္(ေ႐ႊျပည္သာ) သင္လူတစ္ေယာက္ျဖစ္ၿပီလား စာအုပ္မွ – ျမတ္စြာဘုရား ဗုေဒၶါ ေလာေက သမုပၸေႏၷာ ဟိတာယ သဗၺပါဏိနံ ျမတ္စြာဘုရားသည္ ေလာက၌ သတၱဝါအားလုံးတို႔၏ အက်ိဳးစီးပြား အလို႔ငွာ ပြင့္ေတာ္မူ၏။ (ျမတ္ဗုဒၶ) သဗၺဒါနံဓမၼဒါနံဇိနာတိ

Credit/; ေမတၱာျဖင့္… အရွင္ပုည(ဝကုန္း) “တန္ဘိုးရွိလွ တရားျမတ္ ေဆာင္ယူတတ္က တန္ဘိုးမျဖတ္ႏိုင္ဖတ္,ရႈ,မွတ္ထား၊ေဆာင္ ထားပါ” ႏွလုံးသားမွာ ဘုရားတည္ၾကမည္။

( ဝိမာနဝတၳဳပါဠိေတာ္၊ စ႑ာလီဝိမာနဝတၳဳ )

Unicode

ဘုရားရှင်အား တစ်ကြိမ် ဦးချရခြင်း အကျိုး

တစ်ခါတော့… ဘုရားရှင်ဟာ နံနက်မိုးသောက်ထတဲ့ အချိန်မှာ မဟာကရုဏာ သမာပတ်ဝင်စားရင်း စဏ္ဍာလတင်းကုပ်မှာနေတဲ့ သက်တမ်းကုန်နေတဲ့ အဘွားအိုတစ်ယောက်ကို သွားမြင်တော်မူပါတယ်။

သူ့နာမည်က စဏ္ဍာလီတဲ့။ စဏ္ဍာလီ အမည်ရှိတဲ့ အဘွားအိုဟာအခုမနက်ခင်းမှာပဲ သေတော့မယ်။ပြီးတော့ ဘာကုသိုလ်မှလည်း မရှိတဲ့အတွက်ငရဲလည်းကျမယ်တဲ့။ ငရဲမကျစေချင်တဲ့အတွက် ဘုရားရှင်ဟာသံဃာပေါင်းများစွာခြံရံပြီး ရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတော်မူပါတယ်။

အဲဒီအချိန်မှာ အဘွားအိုကလည်း မြို့ပြင်အထွက် လမ်းမှာ ဘုရားရှင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးနေတော့တာပေါ့။ မြတ်စွာဘုရားရှင်ကလည်းအဘွားအို ရှေ့ဆက်သွားမရပဲ ရှိခိုးကန်တော့ဖြစ်သွားအောင်ရှေ့တည့်တည့်ကနေ ပိတ်ရပ်ထားတော်မူပါတယ်။

ဒါ ပေ မဲ့… အ ဘွား အို က ဘု ရား ရှင် ကို ရှိ မ ခိုး ဘူး တဲ့။ ဒီ အ တိုင်း ပဲ ပေ ပြီး ရပ် နေ တယ်။ ဒီ အ ခါ မှာ… အရှင်မော ဂ္ဂ လာန် က ဂါ ထာ နှစ် ဂါ ထာ နဲ့ ဘု ရား ရှင် ကို ရှိ ခိုး ဖို့ အ ဘွား အို ကို တိုက် တွန်း ပါ တယ်။ စ ဏ္ဍာ လီ ဒါ ယိ ကာ မ ကြီး…အ ခြံ အ ရံ အ ကျော် စော ရှိ တော် မူ သော ဂေါ တ မ မြတ် စွာ ဘု ရား ၏ ခြေ တော် ကို ရှိ ခိုး လော့။

အမြတ်ဆုံးဣသိ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သင့်ကိုသာလျှင်ချီးမြှောက်တော်မူခြင်းငှာ ရပ်တည်တော်မူ၏။ တာဒိဂုဏ်(လောကဓံနှင့် ကြုံသော်လည်း တုန်လူပ်ခြင်းမရှိ သည်းခံနိုင်ခြင်း)နှင့် ပြည့်စုံတော်မူသောပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေလော့။

လျှင်မြန်စွာ လက်အုပ်ချီ၍ ရှိခိုးလိုက်လော့။သင်၏ အသက်သည် အလွန်တိုတောင်းလှ၏ တဲ့။ အရှင်မောဂ္ဂလာန်က ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ရာ ဂုဏ်တွေကိုလည်းဟောပြပါတယ်။ သူတစ်ခဏအတွင်း သေရတော့မယ်ဆိုတာကိုလည်း တန်ခိုးနဲ့ မြင်အောင် ပြလိုက်ပါတယ်။

အဲဒီတော့မှ အဘွားအိုဟာ… ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ ဦးချရှိခိုးပါတယ်။ ထိခြင်းငါးပါးနဲ့ ရှိခိုးပြီးတော့ အဘွားအိုဟာ သူ့အတွက် တစ်ပင်တစ်ပန်းကြွလာတဲ့ ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ လက်အုပ်ချီပြီးကြည်ညိုနေပါတယ်။

ဒီလောက်ဆိုရင် နတ်ပြည်ရောက်ဖို့လုံလောက်ပြီဆိုတာကို သိသွားတဲ့ ဘုရားရှင်ဟာသံဃာများနဲ့ အတူရာဇဂြိုဟ်မြို့ထဲသို့ ဆွမ်းခံကြွသွားတော်မူပါတယ်။ဘုရားရှင်ကြွပြီး ခဏအတွင်းမှာပဲသားဇောကြောင့် ဒေါသဖြစ်နေတဲ့ နွားမတစ်ကောင်အတင်းဝင်ဝှေ့လို့ အဘွားအိုဟာ သေပွဲဝင်ရရှာပါတယ်။

ဒါပေမဲ့… သေခါနီး ဘုရားရှင်ကို ရှိခိုးတဲ့ ကုသိုလ်ကြောင့် လူရဲ့ အသက်နဲ့ဆိုရင်နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်အသက်ရှည်တဲ့ တာဝတိံသာနတ်ဘုံကို ရောက်သွားပါတယ်။

နတ်ဘုံရောက်ရောက်ခြင်း ငါ ဘာကုသိုလ်ကြောင့် ရောက်ရတာလဲဆိုတာပြန်ဆင်ခြင်ကြည့်လိုက်တော့ ဘုရားရှင်ကို ရှိခိုးတဲ့ ကုသိုလ်ကြောင့်ဆိုတာ သူ သိသွားတယ်တဲ့။ သူ ဒီလိုရှိခိုးဖြစ်အောင် တိုက်တွန်းဟောကြားပေးတဲ့အရှင်မောဂ္ဂလာန်ရှိရာကို သူ့ဗိမာန်ကြီးပါ သယ်ဆောင်ရောက်လာပြီးကျေးဇူးတင်စကား လျှောက်ထားပါတယ်။

ဒီသာဓကကို ထောက်ပြီး… သေခါနီး ဘုရားရှင်ကို တစ်ခဏတာ ကြည်ညိုရှိခိုးတဲ့ ကုသိုလ်လေးတောင် ဒီလောကကောင်းကျိုးတွေ ပေးသေးရင်သူတော်ကောင်းတို့လို နေ့စဉ် ကြည်ညိုရှိခိုးနေကြတဲ့ သူတွေဆိုဘယ်လောက်ထိများ ကောင်းကျိုးတွေရလိုက်မလဲတွေးပြီးတော့ရတနာသုံးပါးကို ကြည်ညိုကိုးကွယ်ပူဇော်ကြပါလို့ တိုက်တွန်းရင်း…

အရှင်ဇဝန – မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်မှ – မြတ်စွာဘုရား ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ မြတ်စွာဘုရားသည် လောက၌ သတ္တဝါအားလုံးတို့၏ အကျိုးစီးပွား အလို့ငှာ ပွင့်တော်မူ၏။ (မြတ်ဗုဒ္ဓ) သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ

Credit/; မေတ္တာဖြင့်… အရှင်ပုည(ဝကုန်း) “တန်ဘိုးရှိလှ တရားမြတ် ဆောင်ယူတတ်က တန်ဘိုးမဖြတ်နိုင်ဖတ်,ရှု,မှတ်ထား၊ဆောင် ထားပါ” နှလုံးသားမှာ ဘုရားတည်ကြမည်။

( ဝိမာနဝတ္ထုပါဠိတော်၊ စဏ္ဍာလီဝိမာနဝတ္ထု )

Add a Comment

Your email address will not be published. Required fields are marked *