ံ့့့့့Hear

\ကၽြန္ေတာ္တို႔အားလုံးရဲ့ ႏွလုံးသားတစ္စုံကို ခံစားခ်က္ေတြ သြင္းေပးခဲ့တဲ့ ပုံရိပ္

Sharing is caring!

ကၽြန္ေတာ္တို႔အားလုံးရဲ့ ႏွလုံးသားတစ္စုံကို ခံစားခ်က္ေတြ သြင္းေပးခဲ့တဲ့ ပုံရိပ္

သင္မငိုပါနဲ႔ အတူလက္တြဲ ခိုင္းျမဲတဲ့ခ်စ္ျခင္းေတြနဲ႔ အတူတူ ဒီကပ္ဆိုးႀကီးကို ေက်ာ္လႊားၾကမယ္ေနာ္

မအူပင္ၿမိဳ႕မွ အတည္ျပဳလူနာ တစ္ႏွစ္ခုႏွစ္လအရြယ္ ကေလးငယ္၏ ထိေတြ႕Quarantine အေဆာင္ ကြန္ပ်ဴတာတကၠသိုလ္မွ မအူပင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ေျပာင္းေရြ႕ ေနေသာပုံရိပ္

 

ဒါေၾကာင့္ အိမ္မွာဘဲေနပါ လူစုလူေဝး ေရွာင္ပါ အျပင္သြားတိုင္း မတ္တပ္ေပးပါ

ေလးစားပါတယ္ ေဒါက္တာခင္မာစိုး ျပည္သူက်မ္းမာေရးဌာန မအူပင္ၿမိဳ႕။

လူ ကို လူကပဲ ေစာင့္ေရွာက္နိုင္မယ္.. မေရးေတာ့ဘူးလို႔ေနမလို႔ပဲ၊ လူမသိတဲ့ အျဖစ္ပ်က္ေတြက ရင္ထဲျပည့္ေနလို႔..

မနက္ခင္းတိုင္း မွာ +ေတြ႕ရင္ ေခၚၿပီး ေဆး႐ုံပို႔ၾက။ ဂိတ္က Q ဝင္မယ့္သူေခၚၾက။ Q ရက္ျပည့္ ရွိရင္ျပန္ပို႔ၾက ၊ ထမင္းသမားေတြက ထမင္းပို႔၊ ႐ုံးအဖြဲ႕ေတြက ေငြလက္ခံ၊ စာရင္းလုပ္ ဒီလိုပဲ ကိုယ့္တာဝန္ေတြနဲ႔ကိုယ္ ေန႔စဥ္လည္ပတ္ေနၾကတာ ပုံမွန္ျဖစ္စဥ္ထက္မပိုသလိုပဲ သြားေနၾကတယ္..

 

ဒါေပမယ့္ ဒီမနက္ ပို႔ရမယ့္ +က ရင္ခြင္ပိုက္အရြယ္ကေလး။ ကေလးမွာ ေတြ႕လို႔ ပို႔ရတာမ်ိဳးမဟုတ္ ဇတ္လမ္းက အေမမွာေတြ႕ထားလို႔ အေမက ေဆး႐ုံမွာ။ ကေလးက အဘြား နဲ႔ Q ဝင္ေနရင္း + ေတြ႕တာ။ +ျဖစ္လို႔ ကေလးအတြက္ ဝမ္းနည္းရမွာလား အေမနဲ႔ျပန္ဆုံၾကလို႔ဝမ္းသာရမွာလား ေဝခြဲမရခဲ့ဘူး။ ျပသနာက ဒီကေလးကို ေထြးေပြ႕ၿပီး ေဆး႐ုံကို ဘယ္သူပို႔မွာလည္း..?

အရင္ +မွန္သမၽွက လူႀကီးေတြဆိုေတာ့ ကားတံခါးဖြင့္ေပး႐ုံ။ အခုက အေမက ေဆး႐ုံမွာ ကေလးကတစ္ေနရာ ဒါနဲ႔ သူ႔အေမကို အရင္ေဆး႐ုံကသြားျပန္ေခၚၿပီး ကေလးကိုခ်ီခိုင္းမယ္ စိတ္ကူးမိေပမယ့္ စည္းကမ္းအရ မရပါတဲ့ ဒီေတာ့ ေနလင္းေအာင္က ခ်ီေပးမယ္ဆိုေသာ္လည္း Q ဝင္ရမယ္ဆိုေတာ့ မျဖစ္ျပန္ ။ ဒါနဲ႔ အစ္မ (ေဒါက္တာခင္မာစိုး) က လာသာလာခဲ့ သူစီစဥ္ထားၿပီးၿပီဆိုလို႔ ကေလးရွိရာ Q ကို ေရာက္သြားတယ္။

 

အျပင္ကေစာင့္ေနရင္း PPE နဲ႔ ကေလးကို တစ္ေယာက္က လက္တစ္ဘက္ကခ်ီ လက္တစ္ဘက္က အထုပ္ဆြဲၿပီးထြက္လာတာျမင္ေတာ့ ကားတံခါးဖြင့္၊ မွတ္တမ္းယူ ဒီအထိ ပုံမွန္ပါပဲ ခံစားခ်က္က။ ကားအေရွ႕ခန္းကေန ေတာင္ၾကည့္လိုက္ေသးတယ္ PPE ဝတ္ထားၿပီးကေလးကို ေပါင္ေပၚတင္ထားရင္း လက္တစ္ဘက္ကေန စကၠဴစေလးနဲ႔ ေခ်ာ့ျမဴေနတာျမင္ရတယ္။ ဒီအထိလည္း တာဝန္ေပးခံရတဲ့ ဆရာမတစ္ေယာက္လို႔ပဲထင္တာ။

ဒါနဲ႔ ကားထြက္လာၿပီဆိုတာ အစ္မ (ေဒါက္တာခင္မာစိုး) ကို သတင္းပို႔ဖို႔ ဖုန္းဆက္ေတာ့ မွ တစ္ဘက္ကဖုန္းကိုင္တဲ့ အသံက အစ္မမဟုတ္ဘူး။ ဒီေတာ့မွ ကားေနာက္ခန္းထဲ ေသခ်ာမွန္ေပါက္ဝါးတားတားကေနၾကည့္ မိေတာ့မွ ရင္ထဲ တစ္မ်ိဳးႀကီးခံစားလိုက္ရတယ္။

ကၽြန္ေတာ္ေတြးေနမိတယ္.. တပည့္ေတြကို လုံးဝအႏၲရာယ္ျဖစ္နိုင္မယ့္နည္းလမ္းကို ေပးမေလ်ာက္တာ ေခါင္းေဆာင္စိတ္ဓါတ္၊ ကေလးကို ၾကဳံတဲ့လူစိမ္းက PPE ႀကီးဝတ္ၿပီး ဝတ္ေက်တန္းေက် ေခၚသြားလို႔ လမ္းမွာကေလးလန႔္သြားမွာ မလိုလားတဲ့ မိခင္စိတ္.. အဲဒိႏွစ္ခုစလုံးကိုျမင္လိုက္ရတယ္။

 

ကၽြန္ေတာ့္အတြက္ ဒီကိုဗစ္ကာလမွာ ဒီေန႔ဟာ ပုံမွန္ျဖစ္စဥ္မ်ိဳးမဟုတ္ဘူး။ လူသားဆန္တဲ့ အျပဳမူကို အနီးကပ္ျမင္လိုက္ရတဲ့ေန႔ပါ။ ဗီဒီယိုဖိုင္ေလး မွာ ကေလးကိုေခ်ာ့ေနတာ၊ကေလးနဲ႔အထုပ္ဆြဲထြက္လာတာ၊ ကားေပၚကဆင္းၿပီး ward ထဲကိုခ်ီၿပီးဝင္သြားတာေတြဟာ ၾကည့္မိတိုင္း ခံစားရပါတယ္။

အားလုံးရဲ့ ေမတၱာေတြေၾကာင့္ +ျဖစ္ေနသူေတြအားလုံး အိမ္အျမန္ျပန္ရၿပီး ကြဲကြာေနတဲ့ မိသားစုတိုင္း ျပန္ဆုံၾကပါေစ..

Than Htike Aung

unicode

ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားတစ်စုံကို ခံစားချက်တွေ သွင်းပေးခဲ့တဲ့ ပုံရိပ်

သင်မငိုပါနဲ့ အတူလက်တွဲ ခိုင်းမြဲတဲ့ချစ်ခြင်းတွေနဲ့ အတူတူ ဒီကပ်ဆိုးကြီးကို ကျော်လွှားကြမယ်နော်

မအူပင်မြို့မှ အတည်ပြုလူနာ တစ်နှစ်ခုနှစ်လအရွယ် ကလေးငယ်၏ ထိတွေ့Quarantine အဆောင် ကွန်ပျူတာတက္ကသိုလ်မှ မအူပင်မြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့ နေသောပုံရိပ်

 

ဒါကြောင့် အိမ်မှာဘဲနေပါ လူစုလူဝေး ရှောင်ပါ အပြင်သွားတိုင်း မတ်တပ်ပေးပါ

လေးစားပါတယ် ဒေါက်တာခင်မာစိုး ပြည်သူကျမ်းမာရေးဌာန မအူပင်မြို့။

လူ ကို လူကပဲ စောင့်ရှောက်နိုင်မယ်.. မရေးတော့ဘူးလို့နေမလို့ပဲ၊ လူမသိတဲ့ အဖြစ်ပျက်တွေက ရင်ထဲပြည့်နေလို့..

မနက်ခင်းတိုင်း မှာ +တွေ့ရင် ခေါ်ပြီး ဆေးရုံပို့ကြ။ ဂိတ်က Q ဝင်မယ့်သူခေါ်ကြ။ Q ရက်ပြည့် ရှိရင်ပြန်ပို့ကြ ၊ ထမင်းသမားတွေက ထမင်းပို့၊ ရုံးအဖွဲ့တွေက ငွေလက်ခံ၊ စာရင်းလုပ် ဒီလိုပဲ ကိုယ့်တာဝန်တွေနဲ့ကိုယ် နေ့စဉ်လည်ပတ်နေကြတာ ပုံမှန်ဖြစ်စဉ်ထက်မပိုသလိုပဲ သွားနေကြတယ်..

ဒါပေမယ့် ဒီမနက် ပို့ရမယ့် +က ရင်ခွင်ပိုက်အရွယ်ကလေး။ ကလေးမှာ တွေ့လို့ ပို့ရတာမျိုးမဟုတ် ဇတ်လမ်းက အမေမှာတွေ့ထားလို့ အမေက ဆေးရုံမှာ။ ကလေးက အဘွား နဲ့ Q ဝင်နေရင်း + တွေ့တာ။ +ဖြစ်လို့ ကလေးအတွက် ဝမ်းနည်းရမှာလား အမေနဲ့ပြန်ဆုံကြလို့ဝမ်းသာရမှာလား ဝေခွဲမရခဲ့ဘူး။ ပြသနာက ဒီကလေးကို ထွေးပွေ့ပြီး ဆေးရုံကို ဘယ်သူပို့မှာလည်း..?

 

အရင် +မှန်သမျှက လူကြီးတွေဆိုတော့ ကားတံခါးဖွင့်ပေးရုံ။ အခုက အမေက ဆေးရုံမှာ ကလေးကတစ်နေရာ ဒါနဲ့ သူ့အမေကို အရင်ဆေးရုံကသွားပြန်ခေါ်ပြီး ကလေးကိုချီခိုင်းမယ် စိတ်ကူးမိပေမယ့် စည်းကမ်းအရ မရပါတဲ့ ဒီတော့ နေလင်းအောင်က ချီပေးမယ်ဆိုသော်လည်း Q ဝင်ရမယ်ဆိုတော့ မဖြစ်ပြန် ။ ဒါနဲ့ အစ်မ (ဒေါက်တာခင်မာစိုး) က လာသာလာခဲ့ သူစီစဉ်ထားပြီးပြီဆိုလို့ ကလေးရှိရာ Q ကို ရောက်သွားတယ်။

အပြင်ကစောင့်နေရင်း PPE နဲ့ ကလေးကို တစ်ယောက်က လက်တစ်ဘက်ကချီ လက်တစ်ဘက်က အထုပ်ဆွဲပြီးထွက်လာတာမြင်တော့ ကားတံခါးဖွင့်၊ မှတ်တမ်းယူ ဒီအထိ ပုံမှန်ပါပဲ ခံစားချက်က။ ကားအရှေ့ခန်းကနေ တောင်ကြည့်လိုက်သေးတယ် PPE ဝတ်ထားပြီးကလေးကို ပေါင်ပေါ်တင်ထားရင်း လက်တစ်ဘက်ကနေ စက္ကူစလေးနဲ့ ချော့မြူနေတာမြင်ရတယ်။ ဒီအထိလည်း တာဝန်ပေးခံရတဲ့ ဆရာမတစ်ယောက်လို့ပဲထင်တာ။

ဒါနဲ့ ကားထွက်လာပြီဆိုတာ အစ်မ (ဒေါက်တာခင်မာစိုး) ကို သတင်းပို့ဖို့ ဖုန်းဆက်တော့ မှ တစ်ဘက်ကဖုန်းကိုင်တဲ့ အသံက အစ်မမဟုတ်ဘူး။ ဒီတော့မှ ကားနောက်ခန်းထဲ သေချာမှန်ပေါက်ဝါးတားတားကနေကြည့် မိတော့မှ ရင်ထဲ တစ်မျိုးကြီးခံစားလိုက်ရတယ်။

 

ကျွန်တော်တွေးနေမိတယ်.. တပည့်တွေကို လုံးဝအန္တရာယ်ဖြစ်နိုင်မယ့်နည်းလမ်းကို ပေးမလျောက်တာ ခေါင်းဆောင်စိတ်ဓါတ်၊ ကလေးကို ကြုံတဲ့လူစိမ်းက PPE ကြီးဝတ်ပြီး ဝတ်ကျေတန်းကျေ ခေါ်သွားလို့ လမ်းမှာကလေးလန့်သွားမှာ မလိုလားတဲ့ မိခင်စိတ်.. အဲဒိနှစ်ခုစလုံးကိုမြင်လိုက်ရတယ်။

ကျွန်တော့်အတွက် ဒီကိုဗစ်ကာလမှာ ဒီနေ့ဟာ ပုံမှန်ဖြစ်စဉ်မျိုးမဟုတ်ဘူး။ လူသားဆန်တဲ့ အပြုမူကို အနီးကပ်မြင်လိုက်ရတဲ့နေ့ပါ။ ဗီဒီယိုဖိုင်လေး မှာ ကလေးကိုချော့နေတာ၊ကလေးနဲ့အထုပ်ဆွဲထွက်လာတာ၊ ကားပေါ်ကဆင်းပြီး ward ထဲကိုချီပြီးဝင်သွားတာတွေဟာ ကြည့်မိတိုင်း ခံစားရပါတယ်။

အားလုံးရဲ့ မေတ္တာတွေကြောင့် +ဖြစ်နေသူတွေအားလုံး အိမ်အမြန်ပြန်ရပြီး ကွဲကွာနေတဲ့ မိသားစုတိုင်း ပြန်ဆုံကြပါစေ..

 

Than Htike Aung

Comment here