weather

ဇူလိုင္လ ( ၃၁ )ရက္ ေန႔ အတြက္ မိုးေလဝသ ခန႔္မွန္းခ်က္ ( မိုးဇလ )

Sharing is caring!

၂၀၂၀ ျပည့္ႏွစ္ ၊ ဇူလိုင္လ ( ၃၁ )ရက္ေန႔ နံနက္( ၇:၀၀ )နာရီ အခ်ိန္ ထုတ္ျပန္ခ်က္

ဘဂၤလားပင္လယ္ေအာ္ အ‌ေျခအေန။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလား ပင္လယ္ေအာ္ တို႔တြင္ မုတ္သုံေလ အားအနည္းငယ္ မွ အားသင့္အတင့္ ရွိေနပါသည္။

 

ယေန႔ညေန အထိ ခန႔္မွန္းခ်က္။ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီးႏွင့္ ကယားျပည္နယ္ တို႔တြင္ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္းႏွင့္ ရွမ္းျပည္နယ္ တို႔တြင္ ေနရာ စိပ္စိပ္ႏွင့္ က်န္တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္ တို႔တြင္ ေနရာ အႏွံ႔အျပား မိုးထစ္ ခ်ဳန္း႐ြာၿပီး၊ စစ္ကိုင္းတိုင္း ေဒသႀကီးအထက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္ ၍ မိုးႀကီးႏိုင္ ပါသည္။ ႐ြာရန္ရာႏႈန္း( ၈၀ ) ျဖစ္ပါသည္။

 

မန္မာ့ပင္လယ္ျပင္။ လႈိင္း အသင့္အတ င့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၈)ေပခန႔္ ရွိႏိုင္ ပါသည္။ ေနာက္(၂)ရက္အတြက္ ခန႔္မွန္းခ်က္ ။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း တို႔တြင္ မုတ္သုံေလ အားေကာင္းမည္။

 

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္ အတြက္ ယေန႔ညေနအထိ ခန႔္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။ ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္ အတြက္ယေန႔ညေနအထိခ န႔္မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။ မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္ အတြက္ယေန႔ညေနအထိ ခန႔္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ ပါသည္။ ႐ြာရန္ရာႏႈန္း(၆၀ ) ျဖစ္ ပါသည္ ။

မိုးဇလ

Unicode

၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ( ၃၁ )ရက်နေ့ နံနက်( ၇:၀၀ )နာရီ အချိန် ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားအနည်းငယ် မှ အားသင့်အတင့် ရှိနေပါသည်။

ယနေ့ညနေ အထိ ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ရှမ်းပြည်နယ် တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာ အနှံ့အပြား မိုးထစ် ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက် ၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်း( ၈၀ ) ဖြစ်ပါသည်။ြ

မန်မာ့ပင်လယ်ပြင်။ လှိုင်း အသင့်အတ င့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင် ပါသည်။ နောက်(၂)ရက်အတွက် ခန့်မှန်းချက် ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက် အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် အတွက်ယနေ့ညနေအထိခ န့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက် အတွက်ယနေ့ညနေအထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း(၆၀ ) ဖြစ် ပါသည် ။

မိုးဇလ

Comment here