Knowledge

ကင္းၿမီးေကာက္ပမာ သားသမီးေတြ မျဖစ္ပါေစနဲ႔

Sharing is caring!

ကင္းၿမီးေကာက္ပမာ သားသမီးေတြ မျဖစ္ပါေစနဲ႔

ကင္းၿမီးေကာက္ မိခင္ေတြရဲ႕ သေဘာ သဘာဝ က ကေလးေပါက္ဖြားၿပီးတဲ့ေနာက္မွာမိမိ ကေလးေတြကို မိမိ ခႏၶာကိုယ္မွာ တက္ခိုင္းထားတာပါပဲ။ကင္းၿမီးေကာက္ အေပါက္ေလးေတြဟာ ကင္းၿမီးေကာက္ မိခင္ႀကီးရဲ႕ ကိုယ္မွာ ​ေနရင္းနဲ႔ ကင္းၿမီးေကာက္မိခင္ရဲ႕ ကိုယ္က အသားေတြကိုပါ တေျဖးေျဖး စားလိုက္ၾကတယ္။

 

သူတို႔ အေမလည္းေသေရာ သူတို႔ေလးေတြ လည္း ႀကီးလာေရာေပါ့ သူတို႔ကိုယ္တိုင္လည္း သြားႏိုင္လာႏိုင္႐ုံမက ရွာေဖြ စားေသာက္ ႏိုင္ေနၿပီေပါ့။ဘယ္ေလာက္ထိ ကင္းၿမီးေကာက္မႀကီးရဲ႕ ကိုယ္က အသားေတြကို စားလည္းဆိုရင္ ကင္းၿမီးေကာက္မႀကီး ေသဆုံးသြားတဲ့ အထိေပါ့။ယေန႔ ကြၽန္ေတာ္တို႔ရဲ႕ အေျခအေနကလည္း အဲ့ကင္းၿမီးေကာက္ေပါက္ေလးေတြလို ျဖစ္ေနတယ္။

 

မိဘျဖစ္သူက ဘဝတေလွ်ာက္လုံး ကိုယ့္ သားေတြ သမီးေတြအတြက္ မိမိဘဝကို ​ေသြး ေခြၽးရင္းၿပီး ျပဳစုပ်ိဳးေထာင္ ၾကတယ္။ဒါေပမယ့္ သားေတြ သမီးေတြ ႀကီးလာတဲ့ အခါ ကိုယ္စီကိုယ္စီ အိမ္ေထာင္ျပဳ လိုက္ၾကတယ္။အဲ့အခ်ိန္ မိဘ‌ေတြက အိုေနၿပီေလ။ထိုအခါ တခ်ိဳ႕ သားသမီးေတြက မိဘေတြကို ​ေျပာၾကေသးတယ္ အေမတို႔ အသုံးမက်လို႔ အေဖတို႔အသုံးမက် လို႔ က်ေနာ္ က်မတို႔ဘဝ ဒီလိုျဖစ္ေနတာတဲ့။

 

သနားစရာ အသက္႐ြယ္ႀကီးလာတဲ့ မိဘေတြ ကို ျပန္လည္မေစာင့္ေရွာက္တဲ့အျပင္ ျပစ္ထားလိုက္ၾကတယ္။အဲ့လို သားသမီးေတြဟာ ကင္းၿမီး‌ေကာက္ေတြ နဲ႔ ပမာတူညီပါတယ္။

Crd ​ေဝဒဂၤ

Unicode

ကင်းမြီးကောက်ပမာ သားသမီးတွေ
မဖြစ်ပါစေနဲ့

ကင်းမြီးကောက် မိခင်တွေရဲ့ သဘော သဘာဝ က ကလေးပေါက်ဖွားပြီးတဲ့နောက်မှာမိမိ ကလေးတွေကို မိမိ ခန္ဓာကိုယ်မှာ တက်ခိုင်းထားတာပါပဲ။ကင်းမြီးကောက် အပေါက်လေးတွေဟာ ကင်းမြီးကောက် မိခင်ကြီးရဲ့ ကိုယ်မှာ နေရင်းနဲ့ ကင်းမြီးကောက်မိခင်ရဲ့ ကိုယ်က အသားတွေကိုပါ တဖြေးဖြေး စားလိုက်ကြတယ်။

သူတို့ အမေလည်းသေရော သူတို့လေးတွေ လည်း ကြီးလာရောပေါ့ သူတို့ကိုယ်တိုင်လည်း သွားနိုင်လာနိုင်ရုံမက ရှာဖွေ စားသောက် နိုင်နေပြီပေါ့။ဘယ်လောက်ထိ ကင်းမြီးကောက်မကြီးရဲ့ ကိုယ်က အသားတွေကို စားလည်းဆိုရင် ကင်းမြီးကောက်မကြီး သေဆုံးသွားတဲ့ အထိပေါ့။ယနေ့ ကျွန်တော်တို့ရဲ့ အခြေအနေကလည်း အဲ့ကင်းမြီးကောက်ပေါက်လေးတွေလို ဖြစ်နေတယ်။

မိဘဖြစ်သူက ဘဝတလျှောက်လုံး ကိုယ့် သားတွေ သမီးတွေအတွက် မိမိဘဝကို သွေး ချွေးရင်းပြီး ပြုစုပျိုးထောင် ကြတယ်။ဒါပေမယ့် သားတွေ သမီးတွေ ကြီးလာတဲ့ အခါ ကိုယ်စီကိုယ်စီ အိမ်ထောင်ပြု လိုက်ကြတယ်။အဲ့အချိန် မိဘ‌တွေက အိုနေပြီလေ။ထိုအခါ တချို့ သားသမီးတွေက မိဘတွေကို ပြောကြသေးတယ် အမေတို့ အသုံးမကျလို့ အဖေတို့အသုံးမကျ လို့ ကျနော် ကျမတို့ဘဝ ဒီလိုဖြစ်နေတာတဲ့။

သနားစရာ အသက်ရွယ်ကြီးလာတဲ့ မိဘတွေ ကို ပြန်လည်မစောင့်ရှောက်တဲ့အပြင် ပြစ်ထားလိုက်ကြတယ်။အဲ့လို သားသမီးတွေဟာ ကင်းမြီး‌ကောက်တွေ နဲ့ ပမာတူညီပါတယ်။

Crd ဝေဒင်္ဂ

Comment here